[Unicode]
ကြယ်မရှိတော့တဲ့ညကောင်းကင်ဆိုတာမျိုးက အရမ်းကိုမျှော်လင့်ချက်မဲ့စေတယ်မလား..
"အကို.."
အိမ်ရှေ့လင်းရုံလောက်သာထွန်းထားတဲ့ မီးလုံးမှိန်မှိန်ကြောင့် သဲသဲကွဲကွဲမမြင်ရပေမယ့် အသံကြောင့် ခံစားချက်ကြောင့် ဘယ်သူဆိုတာကိုဆူဘင်းတပ်အပ်သိတယ်.."ဟျူနင်းခါအီ"..
"ကျွန်တော်..ဝင်လို့ရလား.."
ဆူဘင်းဆီကအဖြေကိုစောင့်မနေဘဲ ဟျူနင်းကအခန်းထဲအတင်းဝင်လာခဲ့တယ်..အရင်တိုင်းပဲ ဆူဘင်းရှိနေတဲ့နေရာတိုင်းမှာ လာဗင်ဒါနံ့သင်းနေတုန်း..
"မင်း!"
စိတ်တိုသွားပုံရတဲ့ဆူဘင်းရဲ့ ဆံပင်ကို ဟျူနင်းကဖွဖွလေး ထိတယ်..နှုတ်ခမ်းထောင့်စွန်းလေးတွေကွေးရုံလောက်သာပြုံးရင်း ဆူဘင်းနားကို တလှမ်းချင်းတလှမ်းချင်း ကပ်လာတဲ့ ဟျူနင်းက အရင်နှစ်တွေမှာနည်းနည်းပိုသေးခဲ့ပေမယ့် အခုတော့ ဆူဘင်းထက်အရပ်ရော ခန္ဓါကိုယ်ရောပိုထွားနေပြီ..ဟျူနင်းရဲ့ဝင်သက်ထွက်သက်က ဆူဘင်းရဲ့ မျက်နှာတဝိုက်မှာရစ်ဝဲနေတာ အရမ်းကို မွန်းကျပ်စရာကောင်းလွန်းတယ်..တွန်းထုတ်ပစ်လိုက်ချင်ပေမယ့်လဲ လက်တွေကချုပ်ခံထားရသလိုလှုပ်လို့မရဘူး..
"ခရမ်းရောင်နဲ့လိုက်သားပဲ"
ဆူဘင်းကနောက်ကိုခြေတလှမ်းဆုတ်တယ်..
"ကျွန်တော်တို့ ပြီးခဲ့တဲ့နေရာကနေ ပြန်စရအောင်..နောက်တစ်ခါ ပြန်ချစ်ရအောင်"
"..."
ဟျူနင်းကိုကြည့်မနေတဲ့မျက်လုံးတွေက အရောင်ပြောင်းသွားတယ်ဆိုတာကို ဟျူနင်းမြင်ဖြစ်အောင် မြင်လိုက်တယ်..
"ထွက်သွား"
ဆူဘင်းရဲ့ပထမဆုံးစကားက နားထောင်လို့သိပ်မကောင်းသလို ချိုသာမှုလဲမရှိဘူး..
"အကိုကျွန်တော့ကိုချစ်နေသေးတာကိုသိတာမို့လို့ ဟန်ဆောင်မနေလဲရတယ်..မချစ်တော့ဘူးဆိုလဲကိစ္စမရှိဘုး အကိုအရင်ကလိုပြန်ဖြစ်လာအောင်ကြိုးစားနိုင်တယ်.."

YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai