Chapter-18

491 97 8
                                    

[Unicode]

"ဘာလို့!!ဘာလို့!!အကို​ယောန်ဂျွန်းက ငါ့ကိုကြိုက်​နေရတာလဲ!! ​ဖြေစမ်း မင်းတို့နှစ်​ယောက်​ဖြေစမ်း"

ယိုင်တိုင်တိုင်မတ်တပ်ရပ်​နေတဲ့​ဘောမ်ဂယူက ရှေ့ကထယ်ဟွန်းနဲ့ဟျူနင်းကိုလက်ညှိုးထိုးပြီး​အော်​မေးလိုက်တယ်...ဆူဘင်းတို့က​တော့ အံ့သြလွန်းလို့ ​ပြောစရာစကားမရှိ​တော့ဘူး..

"ချွဲ​ဘောမ်ဂယူ! ဘာ​တွေ​လျှောက်​ပြော​နေတာလဲ!ထိုင်စမ်း!"

ဆူဘင်း ​ဘောမ်ဂယူကိုလက်ကနဲ့ဆွဲချပြီးထိုင်ခိုင်းလိုက်တယ်..

"ငါ့ကို​ပြောစမ်း! ဘယ်သူကမင်းကိုကြိုက်​နေတယ်"

"ချွဲ​ယောန်ဂျွန်းပါဆို..ဟဲဟဲ..အရမ်း​ချောတဲ့​ပေါင်မုန့်ဆိုင်ကအကိုကြီး​လေ..သူဟို​တ​နေ့ကကျွန်​တော့ကို ​သဘောကျတယ်ဆိုပြီးဝန်ခံ.."

"ချွဲ​ဘောမ်ဂယူ..ချွဲ​ဘောမ်..အာ..ဒီ​ကောင်က​​တော့!"

​​ပြောရင်းနဲ့ဒုတ်ကနဲ စားပွဲ​ပေါ်​ခေါင်းငိုက်စိုက်ကျသွားတဲ့ဘောမ်ဂယူကို ဆူဘင်းရိုက်ထုချင်လာတယ်..
ဒီ​ကောင်​ လွှတ်ထားမိတာနဲ့ ဘာ​တွေပြသာနာရှာ​ခဲ့ပြန်တာလဲ..

"မင်းတို့​ပြောကြည့်ဦး အခုဘာ​တွေဖြစ်​နေတာလဲ"

"အကိုဆူဘင်း ကျွန်​တော် သူ့ရဲ့အကို​ယောန်ဂျွန်းကိုတစ်ခါ​တွေ့ဖူးတယ်..​ချောချက်က​တော့​နော် ကျွန်​တော်​မွေးကတည်းကမြင်ဖူးတဲ့လူ​တွေထဲမှာ ဟျူနင်းခါအီကချစ်ဖို့အ​ကောင်းဆုံးဆို အဲ့ဒီအကိုကအ​ချောဆုံးပဲလို့​တောင်ထင်ရတယ်.."

ထယ်ဟွန်းစကားမှာ ဟျူနင်းကရယ်တယ်..

"သိတယ် ဟဲ့​ကောင်.."

ဆူဘင်းကလဲပြုံး​တော့​နေပါတယ်..ဒါ​ပေမယ့် ​ဘောမ်ဂယူအတွက်စိုးရိမ်တုန်းပဲ..

"​​ချောတာမ​ချောတာက ပြသာနာမဟုတ်ဘူး​လေ..ဘယ်လိုလူမှန်း ဘယ်ကလူမှန်းမှငါတို့မသိတာ..​ဘောမ်ဂယူကိုမ​ပေးလိုက်နိုင်ပါဘူး"

ထယ်ဟွန်း​ရော ဟျူနင်း​ရော​ခေါင်းညိမ့်မိကြတယ်..​ဘောမ်ဂယူကို ဆူဘင်းဘယ်​လောက်ချစ်တယ်ဂရုစိုက်တယ်ဆိုတာ သူတို့အသိဆုံး..
ငယ်စဥ် ဘောမ်ဂယူရဲ့မိဘ​တွေမရှိ​တော့ကတည်းက ဆူဘင်းတို့အိမ်က ​ဘောမ်ဂယူကို တူလိုသားလို​စောင့်​ရှောက်ခဲ့တာမို့ ဆူဘင်းအတွက်​တော့​ဘောမ်ဂယူက ညီအရင်းလိုပဲ..

다시 《Again》Where stories live. Discover now