Chapter-24🎂

569 101 10
                                    

[Unicode]

"အစ်ကို ကျွန်​တော်ဖုန်းဆက်လိုက်မယ်..​နော်!"

ဆူဘင်းအိမ်ထဲဝင်မလို့တံခါး​ရှေ့မှာရပ်​နေတာ ဆယ်မိနစ်​လောက်ရှိပြီ အခုထိမဝင်ရ​သေးဘူး..ဘာလို့ဆိုဟျူနင်းကအိမ်ထဲခဏဝင်ဆို​တော့လဲမဝင်ဘူး ပြန်ဆို​တော့လဲ မပြန်ချင်ဘူးဆိုကာ လက်ကိုဆွဲထား​​သေးတယ်..

"အင်း ဆက်လိုက်..အခု​တော့ ပြန်​တော့"

​လှေကားထစ်တဆင့်​နိမ့်​တဲ့​နေရာမှာရပ်​နေတဲ့ဟျူနင်းရဲ့ မျက်နှာကို ဆူဘင်းဆွဲယူလိုက်ပြီး နဖူးကိုခပ်ဖွဖွနမ်းလိုက်တယ်..

"လိမ္မာတယ် ပြန်​တော့​နော် မနက်ကျ​တွေ့ ..မဟုတ်ဘူး ညကျစကား​ပြောကြမယ်"

"အင်းပါ အဲ့ဒါဆိုလဲပြန်​တော့မယ်"

မြင်ကွင်းက​နေ ​နောက်တလှည့်လှည့်ကြည့်​နေတဲ့ ဟျူနင်း​​ပျောက်သွားမှ ဆူဘင်းအထဲဝင်တယ်..

"အစ်ကိုဆူဘင်း ပြန်လာပြီလား"

"အင်း ​ဘောမ်ဂယူ ဘာ​တွေ​ရေး​နေတာလဲ"

ဆူဘင်းက ဆိုဖာကိုမှီပြီး လက်ပ်​တော့နဲ့စာရေး​နေတဲ့​ဘောမ်ဂယူကို​မေးလိုက်တယ်..

"ကျွန်​တော်​နောက်ဝတ္ထုတစ်ပုဒ်စ​ရေး​တော့မလို့ အခုဇာတ်လမ်းအကျဥ်းကိုစဥ်းစား​နေတာ"

"​အော်..ဟုတ်ပါပြီ ကြိုးစားထား! ငါ​ရေချိုးလိုက်ဦးမယ် ပြီးရင်ထမင်းပြင်​ပေးမယ်​ ဗိုက်မဆာ​သေးဘူးမလား"

"အင်း ရတယ်ရတယ် မဆာ​သေးဘူး"

ဆူဘင်းက​သူ့ကိုယ်ပိုင်အခန်းထဲဝင်သွားပြီး ​ဘောမ်ဂယူက​တော့စာဆက်​​ရေး​နေပါတယ်..
_______
​"တီတီတီ"

ဆူဘင်းစာအုပ်ဖတ်​နေတုန်း ကုတင်​ဘေးမှာတင်ထားတဲ့ဖုန်းကအသံမြည်လာတယ်..ဒီအချိန်ဖုန်းဆက်တာဆို ​သေချာ​ပေါက် ဟျူနင်း​ပေါ့..တကယ်​ ဘောမ်ဂယူ​ပြောသလိုအခုမှချစ်စကြိုက်စလဲမဟုတ်ပဲနဲ့ ဘာလို့ဖုန်း​ခေါ်တာ​လေးနဲ့တင် ရင်ခုန်​​နေရလဲဆိုတာ ဆူဘင်းကိုယ့်ကိုကိုယ်နားမလည်နိုင်​တော့ဘူး..

"ဟယ်လို..အစ်ကိုဆူဘင်း"

ဖုန်းကိုင်လိုက်တာနဲ့ ကြားရတဲ့အသံခပ်တိုးတိုးက ရင်ဘတ်ထဲအထိနွေး​ထွေး​စေတယ်..

다시 《Again》Where stories live. Discover now