Chapter-11

572 117 10
                                    

[Unicode]

သူများ​တွေ​အတွက်​တော့ မုန်တိုင်းပြီးရင်​လေ​ပြေလာမလားမသိ​ပေမယ့် ကျွန်​တော့အတွက်​တော့ မုန်တိုင်းပြီးသွားလဲ အပျက်အစီး​​တွေပဲ ကျန်ခဲ့တယ်...

"ဟျူနင်းခါအီ လာဦး!"

ဆူဘင်းက မီး​ဖိုချောင်ထဲက​နေ ဟျူနင်းကို​ခေါ်တယ်..
အလိုက်သိတဲ့ထယ်ဟွန်းက​တော့ ​ဘောမ်ဂယူကိုလမ်းထိပ်ထွက်​စောင့်မယ်ဆိုပြီးထွက်သွားတယ်..

"​ရော့ ဒီ​ဆေး​သောက်ထားလိုက်"

ဆူဘင်းက ​ဆေးတစ်လုံးနဲ့​ရေတခွက်ကို စားပွဲ​ပေါ်တင်​ပေးပြီး ​အေပရွန်ဝတ်ကာ ဟင်းချက်ဖို့ပြင်တယ်..
အသီးအရွက်​တွေ​ကို​ဘေစင်မှာဆေး​နေတုန်း ခံစားလိုက်ရတာက ခါးတစ်ဝိုက်ကိုသိမ်းကျုံးပြီးဖက်လိုက်တဲ့လက်တစ်စုံ..

"အကို~"

​အဖျားခတ်​နေတဲ့ခေါ်သံက ဆူဘင်းကိုကြက်သည်းထ​စေတယ်..ပုခုံးထက်က ဟျူနင်းရဲ့​ခေါင်းကလဲငြိမ်ငြိမ်မ​နေပဲဘယ်ညာလှုပ်ရမ်း​နေတယ်..အခုချိန်မှာ ​ဘေစင်ကကျတဲ့​ရေထက် ဆူဘင်းရဲ့လက်ဖျား​တွေကပို​အေးစက်​နေပါလိမ့်မယ်..

"ဖယ်!!"

ဆူဘင်း ဟျူနင်းလက်ကိုဖြုတ်ချပြီး တွန်းထုတ်လိုက်တယ်..
ဟျူနင်းက လန့်မသွားဘူး ဒီလိုဖြစ်မယ်ဆိုတာသိ​ပေမယ့်အရဲစွန့်ကြည့်တာ..အရင်အချိန်တုန်းက ဆူဘင်းရင်ခွင်ထဲမြုပ်​​နေတာက သူကိုယ်တိုင်ဆိုပေမယ့် အခု​တော့ဆူဘင်းကိုသူ့ရဲ့ရင်ခွင်ထဲမှာထည့်ထားနိုင်​နေပြီ..ဒါနဲ့တင် တွန်းထုတ်ခံရကျိုးနပ်​​ပြီ..

ဆူဘင်းကဘာမှဆက်မ​ပြော​တော့ပဲ ​​​ခေါင်းငုံ့ကာအသက်ပြင်းပြင်းရှူ​နေတယ်...​လေ​ပြေလာ​တော့မယ့်အတိုင်း..

"ဟျူနင်း..တော်ကြရ​အောင်..
ငါတို့ ညီအကို​တွေလို သူငယ်ချင်း​တွေလိုပဲ​နေရ​အောင်..အဲ့ဒါက ပိုပြီးသင့်​တော်လိမ့်မယ်"

တကယ်​တော့ အပျက်အစီး​တွေပါပဲ..

"မလုပ်ချင်ဘူး! အကိုနဲ့ကျွန်​တော်ကဘာလို့ သူငယ်ချင်းလို​နေရမှာလဲ! အဲ့ဒါဖြစ်နိုင်လို့လား"

다시 《Again》Where stories live. Discover now