[Unicode]
《I'm ready to let you go》
အကို့အရှေ့မှာရပ်နေချိန် အကို့မျက်လုံးထဲမှာ ကျွန်တော့ပုံရိပ်တွေမြင်နေရလဲ အကို့နှလုံးသားထဲမှာတော့
ကျွန်တော်ဆိုတာမရှိတော့ဘူး...
____________
"အကိုအကို!!ကျွန်တော်တစ်ရုပ်ရပြန်ပြီ""အာ..ကိုယ့်ကောင်လေးကအရမ်းတော်တာပဲ"
"ဒါလေးကို ဟျူနင်းဖို့ယူသွားပေးရမယ်"
"ဟျူနင်း?? သူငယ်ချင်းလား"
ပထမဆုံးဒိတ်အနေနဲ့ ဘောမ်ဂယူသွားချင်တဲ့ game cityကို ယောန်ဂျွန်းကခေါ်လာပေးတယ်..
အရမ်းကိုပျော်ပျော်ရွှင်ရွှင်ဆော့နေတဲ့ ဘောမ်ဂယူက
ကလေးလေးလိုပဲ..ယောန်ဂျွန်းက တခြားဂိမ်းတွေကိုအတူတူဆော့ပေးပေမယ့် အရုပ်တော့မကောက်တတ်ဘူး.."အင်း..ညီလေးလိုသူငယ်ချင်း..ဒီနေ့သူတို့နဲ့သွားတွေ့ရမှာနော်"
ဘောမ်ဂယူလက်ထဲက ယုန်ရုပ်ကိုယောန်ဂျွန်းဆီအပ်ထားရင်းပြောတယ်..
"အင်း..သိပါတယ်"
အရုပ်ကောက်ပြီးတော့ ခဏနားတဲ့အနေနဲ့ အအေးသောက်နေတုန်း ဘောမ်ဂယူကမေးတယ်..
"အကို..စိတ်ညစ်စရာတစ်ခုခုရှိနေတာလား"
အဝေးတစ်နေရာကိုစိုက်ကြည့်နေတဲ့ယောန်ဂျွန်းကနှုတ်ခမ်းကိုသတ်တယ်..
"တကယ်တော့ တွေးစရာတစ်ခုရှိနေလို့ ဘောမ်ဂယူ.."
"ဘာလဲ ပြောကြည့်"
"တကယ်တော့ အကိုအရင်က..စိတ်မဆိုးရဘူးနော်..နောက်ဆုံး တွဲခဲ့တဲ့မိန်းကလေးတစ်ယောက်က အကိုအလုပ်လုပ်နေတဲ့ပေါင်မုန့်ဆိုင်ရဲ့ ပိုင်ရှင်..အခုမင်းနဲ့တွဲနေတယ်ဆိုတာကို သူကသိသွားပြီး..အကို့ကိုအလုပ်မလာနဲ့တော့တဲ့..ပြီးတော့ အကိုကြိုထုတ်ထားတဲ့လစာတွေလဲ..
အာ..ငါဘာတွေလျှောက်ပြောမိနေတာလဲ..တောင်းပန်ပါတယ် ဘောမ်ဂယူ အကိုပြောတာမကြားချင်ယောင်ဆောင်နေလိုက်"စိတ်ရှုပ်နေပုံရတဲ့ယောန်ဂျွန်းကို ဖေးမဖို့ဘောမ်ဂယူက စကားတွေစီနေပြီ..

YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai