[Unicode]
ကိုယ်လက်ဆန့်ဖို့ ဝရံတာကိုထွက်တော့ မျက်နှာကိုနေထိုးတာနဲ့ တံခါးပြန်ပိတ် လိုက်ကာကိုချပြီးအမှောင်ထဲမှာပဲ ပြန်ထိုင်နေလိုက်တယ်..
ထိုင်နေပြန်တော့လဲ ခါးကနာချင်တယ်
အိပ်ယာပေါ်တက်လှဲတော့ ခန္ဓါကိုယ်က ညောင်းချိလာပြန်ရော..
ဗိုက်ဆာတာနဲ့ ကြက်ဥထကြော်တော့ အတွေးလွန်နေတာနဲ့ တူးချိတ်သွားတယ်.."အာ အကျိုးကိုမပေးဘူး!"
တင်္နဂနွေနေ့အလုပ်မသွားရတဲ့နေ့မှာ အိမ်မှာနားနားနေနေ နေမယ်ဆိုတဲ့ ဟျူနင်းရဲ့စိတ်ကူးကို အတွေးတစ်ခုကဆက်တိုက်နှောက်ယှက်နေတယ်..
"အဲ့ဒီစာအုပ်ကဘာလဲ.."
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. မနေ့က တမင်ကြည့်တာမဟုတ်ပေမယ့် ဆူဘင်းရဲ့လွယ်အိတ်ပေါ်မှာ စာအုပ်ပါးပါးလေးတစ်အုပ်ကို ဟျူနင်းတွေ့လိုက်တယ် ဘာမှန်းမသိပေမယ့် အဖုံးမှာ"france"ဆိုပြီးရေးထားတာမို့ ခရီးသွားလက်ကိုင်စာအုပ်လို့ထင်တာပဲ..
အဲ့ဒါကိုဘာလို့ယူထားတာလဲ...
"အာ ငါနဲ့ဘာဆိုင်လို့လဲ"
__၄လကြာပြီးနောက်မှာတော့ အလုပ်ကိစ္စကအပြီးသတ်သွားပြီ..ဆိုင်ခွဲကဖွင့်ဖွင့်ချင်းရက်မှာတင်အောင်မြင်တဲ့အပြင် တာဝန်ခံအင်ဂျင်နီယာကိုလဲ ဒါရိုက်တာတွေကအလုပ်အကိုင် တိကျတယ်လို့ ချီးကျူးကြတယ်..
အရမ်းဂုဏ်ယူတာပဲ...ချွဲဆူဘင်း..ခင်ဗျား တကယ်လုပ်နိုင်ခဲ့ပြီ..
"ချီးယားစ်!!!"
"ဒီလေးလမှာကျွန်တော်တို့စိတ်ရောလူရောအရမ်းပင်ပန်းခဲ့ကြတယ်..ဒါကြောင့် ဒီညတော့အပီကဲကြစို့!!"

YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai