[Unicode]
《In the Maze》
《ကျွန်တော် ဝင်္ကပါထဲမှာပိတ်မိနေသလိုပဲ..ဘယ်လောက်ပဲကြိုးစားကြိုးစား အကိုမရှိတဲ့ဒီနေရာကိုပဲပြန်ပြန် ရောက်လာတယ်》
___________
ဘောမ်ဂယူပြန်လာတော့ အဝေးကနေ ဆူဘင်းတို့အိမ်ရှေ့ကလှေကားထစ်မှာလူတစ်ယောက်ထိုင်နေတာတွေ့တယ်..တဖြည်းဖြည်းနီးလာတော့မှ ဒူးတုတ်ထိုင်ပြီး ခေါင်းကိုဒူးပေါ်မှောက်ချထားတဲ့ထိုလူက ဆူဘင်းဆိုတာကိုသိတော့တယ်.."အကို..ဆူဘင်းလား"
ဘောမ်ဂယူအသံကြားတော့ ဆူဘင်းကခေါင်းမော့တယ်..
"အကို! တစ်ခုခုဖြစ်ခဲ့လို့လား..ငိုထားတာလား"
မော့ကြည့်လာတဲ့ဆူဘင်းရဲ့မျက်လုံးတွေကနီရဲပြီးဖောင်းအစ်နေတာ ငိုထားတာကလွဲတစ်ခြားမဖြစ်နိုင်ဘူး အဲ့ဒီအပြင် ပါးတလျှောက်မှာမျက်ရည်စီးကြောင်းနှစ်ကြောင်းကအထင်းသား..
ဘောမ်ဂယူစိုးရိမ်တကြီးမေးပြီး ဆူဘင်းဘေးကပ်ထိုင်လိုက်တယ်..အပြင်မှာအေးနေပေမယ့် ဘာကိစ္စဖြစ်ထားမှန်းမသိတဲ့အကိုဆူဘင်းကိုစိတ်သက်သာရာရအောင်လုပ်ပေးဖို့က ပိုအရေးကြီးတယ်..
"ဘောမ်မီး ငါဘယ်လိုလုပ်ရမလဲ..ဟျူနင်းခါအီ ဒီလိုတွေလုပ်နေတာ ငါ့အတွက်အရမ်းပင်ပန်းတယ်..ပင်ပန်းလို့ တွန်းထုတ်ပစ်လိုက်ချင်ပေမယ့်လဲ...ငါတကယ်ဘာဖြစ်ချင်နေတာလဲ.."
ဒီကိစ္စကိုတော့ ဘောမ်ဂယူမဖြေရှင်းပေးတတ်ဘူး..အဲ့ဒီအစားဆူဘင်းကိုပဲဖက်ပေးထားလိုက်တယ်..
"အကို..အကိုဘာလုပ်ချင်တယ်ဆိုတာကိုသေချာစဥ်းစား အကို ဟျူနင်းအပေါ်ထားတဲ့စိတ်ကိုသေချာပြန်စမ်းစစ်..ကျွန်တော်အဲ့လောက်ပဲပြောပေးနိုင်တယ်.."
ဘောမ်ဂယူပုခုံးကိုမှီထားတဲ့ဆူဘင်းကမငိုပါဘူး..ဒါပေမယ့် သူ့ရဲ့နှလုံးသားကတော့ လေဟာပြင်ထဲမှာကြိုးနဲ့ချိတ်ဆွဲခံထားရသလိုပဲ ..
_______
အိမ်ပြန်ရောက်တော့ မီးတွေဖွင့်ထားပုံရရင် ထယ်ဟွန်းပြန်ရောက်နေတဲ့ပုံပဲ..တဆစ်ဆစ်နာနေတဲ့ လက်ကိုကြည့်မိတော့ အကိုဆူဘင်းစည်းပေးလိုက်တဲ့ပတ်တီးဖြူဖြူက လက်တလျှောက်အဖွေးသား...
YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai