[Unicode]
"သေပြီ!သေပြီ!သွားပြီ!"
ည၇နာရီအချိန် မာဆဲရိကလမ်းမထက်မှာဘောမ်ဂယူတစ်ယောက် ယောင်လည်လည်နဲ့လျှောက်သွားနေတယ်...
တကယ်က အရမ်းအေးလာလို့အိမ်ပြန်မလို့ပဲ ဒါပေမယ့်အလာတုန်းကဆင်းခဲ့တဲ့ဘတ်စ်ကားဂိတ်ကိုဘယ်လိုပြန်သွားရမလဲမသိတော့သလို တက်စီငှားမယ်လုပ်တော့လဲ ကျွန်တော်ပြောတာနားမလည်သလို သူတို့ပြောတာလဲကျွန်တော်နားမလည်ဘူး..ဖုန်းခေါ်မယ်ဆိုတော့လဲ မနေ့ညကမှရောက်တာမို့ ဟို၃ယောက်ရဲ့ဒီက ဖုန်းနံပါတ်တွေမယူထားမိဘူး..
"အာ~~ဟိုစားပွဲထိုး!"
ဘောမ်ဂယူရုတ်တရက်သတိရလိုက်တာက ပေါင်မုန့်ဆိုင်ကကိုရီးယားလူမျိုးစားပွဲထိုးလေး..သူဆိုရင်တော့ ကူညီနိုင်မယ်ထင်တယ်..
နေ့လည်ကပေါင်မုန့်ဆိုင်ကိုတော့သိပ်မရှာလိုက်ရဘူး..ဆိုင်ရှေ့ရောက်တော့ အထဲမှာမီးတွေလင်းနေတုန်းပေမယ့် တံခါးတော့ပိတ်ထားတယ်..အဲ့ဒါနဲ့ ပန်းအိုးတွေကိုဖယ်ပြီး ပြတင်းပေါက်ကနေချောင်းကြည့်တော့ ကံကောင်းစွာနဲ့ စားပွဲထိုးလေးက ခုံတစ်ခုံမှာစာအုပ်ထိုင်ဖတ်နေတယ်..
"ဒေါက်!ဒေါက်!ဒေါက်"
မှန်တံခါးကိုဘောမ်ဂယူတဒေါက်ဒေါက်ခေါက်လိုက်တော့ စားပွဲထိုးကထွက်လာတယ်..
"ဟင်..နေ့လည်ကတစ်ယောက်မလား..ကျွန်တော်တို့ဆိုင်ပိတ်သွားပြီဗျ"
"ဆိုင်ထဲခဏဝင်လို့ရမလား အရမ်းအေးနေပြီ"
ဘောမ်ဂယူကအဖြေကိုမစောင့်ဘဲ ဆိုင်ထဲပြေးဝင်တယ်..ပြီးတော့ ဦးထုပ်ကိုချွတ် ရိုရိုကျိုးကျိုးပုံစံနဲ့ မတ်တပ်ရပ်လိုက်တယ်..
"ဟိုဟာ...တကယ်က အကူအညီတောင်းစရာရှိလို့.."
"ပြောလေ..ဗိုက်ဆာလို့လား"
ဒီလူကတော့..လူကိုဘာမှတ်နေတာလဲ!..
"အဲ့လိုမဟုတ်ဘူး..တကယ်ကကျွန်တော်မနေ့ကမှဒီကိုရောက်တာ..တနေကုန်လျှောက်လည်နေရင်း အိမ်ဘယ်လိုပြန်ရမလဲမသိတော့လို့"
YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai