Chapter-12

547 107 4
                                    

[Unicode]ဟျူနင်းမာဆဲရိကို​ရောက်​နေတာ သုံးပတ်​​လောက်ရှိပြီ..အလုပ်လုပ်တုန်းက စု​ဆောင်းထားမိတဲ့ပိုက်ဆံ​တွေကို ယူလာ​ပေမယ့် ဒီကြားထဲသုံးစွဲတာနဲ့ တဖြည်းဖြည်း​​လျော့​နေပြီ..ဒီ​နေရာမှာအလုပ်​လေးဘာ​လေးရှာရင်း ​ကောင်းမလား​တွေးမိ​ပေမယ့် ကိုယ်နဲ့သင့်​တော်တဲ့အလုပ်ကလဲရှိဦးမှကို..

"ထားပါ..အခုငါ့အတွက်အ​ရေးကြီးတာက အကိုဆူဘင်းရဲ့စိတ်ကိုပြန်လည်လာ​အောင်လုပ်ဖို့ပဲ"

​ဒီ​နေ့​တော့ဟျူနင်းမနက်အ​စောကြီးကိုနိုး​နေတာ နာရီကိုကြည့်လိုက်​တော့ ၄နာရီ..ပြတင်း​ပေါက်လိုက်ကာကိုသာသာဖယ်ကြည့်​တော့ အပြင်မှာ​မှောင်​​ရော့​ရော့ဖြစ်​နေတုန်းပဲ..​ဘေးကုတင်မှာ ညက​နောက်ကျတဲ့အထိအလုပ်လုပ်​တဲ့ ထယ်ဟွန်းအိပ်​နေတုန်းမို့ ​​ဖြေး​ဖြေး​လေးအခန်းတံခါးဖွင့်ရင်း ဧည့်ခန်းကိုထွက်လာခဲ့တယ်..

အ​ညောင်းအညာဆန့်ပြီး​ရေမချိုးချင်​သေးတာနဲ့ ဆိုဖာ​ပေါ်ထိုင်ပြီး intagramကိုအ​ပေါ်​အောက်ပွတ်ကြည့်​တော့ bbeom13🧸 ရဲ့ပိုစ့်ကို​တွေ့တယ်..
"တစ်မိုး​အောက်တစ်​ယောက်​ဘောမ်မီးရဲ့ ၂ ၂နှစ်ပြည့်​​မွေး​နေ့ကိုမာဆဲရိမှာ ဖြတ်သန်းရ​မှာလား"ဆိုတဲ့ကပ်ပရှင်နဲ့အတူ ဆယ်ဖီပုံတစ်ပုံ..

ဟျူနင်းကိုအာရုံစိုက်စေတာက ​ဘောမ်ဂယူရဲ့ပိုစ့်မဟုတ်ပဲ ဓါတ်ပုံထဲမှာ ​ဘောမ်ဂယူ​နောက်မှာ​သေး​သေး​လေး​တွေ့​နေရတဲ့ ဒီဇိုင်းဆွဲ​နေပုံရတဲ့ဆူဘင်းပါ..

"ဒီ​နေ့အတွက် ရှင်သန်ရမယ့်အ​ကြောင်းအရင်း​ပေါ့ အဲ့လိုလား အကိုဆူဘင်း"

အ​မှောင်ထဲမှာ ဖုန်းပိုက်ပြီး တစ်​ယောက်ထဲပြုံး​နေမိတဲ့ဟျူနင်းက သူ့ကိုယ်သူရူး​နေပြီလို့​တောင်ထင်မိတယ်..
သွက်သွက်ခါ​အောင်ရူးသွားရင်​​တောင် အဲ့ဒီအ​ကြောင်းပြချက်က အကိုဆူဘင်းပဲဖြစ်ရမယ်..
___
"​အော်..ထယ်ဟွန်းနိုးပြီလား"

လက်တစ်ဖက်က မပွင့်တပွင့်မျက်လုံးကိုပွတ် ​နောက်လက်တဖက်ကငှက်သိုက်အနီ​ရောင်လိုရှုပ်ပွ​နေတဲ့​ခေါင်းကိုကုတ်ပြီး အခန်းထဲကထွက်လာတဲ့ထယ်ဟွန်းက မီးဖို​ချောင်မှာအရမ်းကိုတက်ကြွ​နေတဲ့ဟျူနင်းကိုမြင်​တော့ ပြန်အိပ်ချင်စိတ်​ပေါက်သွားတယ်..အိပ်မက်များမက်​နေသလားလို့ပါ..

다시 《Again》Where stories live. Discover now