Ep 2
ကလင်....ကလင်....ကလင်......
နာရီနိူးစက်သံနဲ့အတူစျာန်တစ်ယောက်နိူးထလာခဲ့သည်။
အွန်း......သူ့ချစ်ရသူလေးကတော့အိပ်လို့ကောင်းတုန်း......
စျာန်ကခွန်းကိုခဏလှမ်းကြည့်ကာရေချိုးခန်းထဲဝင်သွားလေသည်။
ခဏအကြာ.......
ကျွီ.........တံခါးဖွင့်သံနှင့်အတူစျာန်လည်းရေချိုးခန်းထဲကနေ တဘက်တစ်ထည်သာပတ်၍ထွက်လာခဲ့သည်။ထိုအချိန်......
‘ဟင် ခုထိမထသေးဘူးလားအရမ်းအိပ်ရင်ခေါင်းတွေကိုက်နေတော့မှာဘဲသွားနှိုးအုန်းမှ’စျာန်ရေချိုးခန်းထဲက ထွက်လာစဉ်
ခွန်းအားလှမ်းအကြည့်ကြမ်းပြင်တွင်ကွေးကွေးအိပ်နေတာတွေ့၍စိုးရိမ်သွားသည်။
“ဟိတ် မင်းခုချိန်ထိမထသေးဘူးလား ဟိတ်”ခွန်းသအားခါးထောက်၍စျာန်က နှိုးနေလေသည်။
“အွန်း........ဟင့်....”ခွန်းသတစ်ယောက်မနိူးတဲ့အပြင်လူးလှိမ့်၍ပြန်အိပ်နေလေသည်။
‘ဟက်......ကလေးလေးအတိုင်းဘဲခွန်းရာ’
စျာန်က ခွန်းသပြန်အိပ်သွားသည်ကိုကြည့်ကာသဘောကျ၍ပြုံးနေလေသည်။
‘ဒီတိုင်းဆိုရင်တော့နိူးမဲ့ပုံမပေါ်ဘူး’ဟုတွေးကာအဝတ်စားဝတ်ပြီးအောက်ဆင်း၍ကုမ္ပဏီသွားဖို့ပြင်ရသည်။စျာန်အောက်ဆင်းလာတော့ မီးဖိုချောင်ထဲတွင် မနက်စာပြင်နေသောကြီးချိုက
“သားစျာန်ရောက်လာပြီလားမနက်စာအဆင်သင့်ဖြစ်ပြီနော်”
“ဟုတ်ကဲ့ ကြီးချို “စျာန်ကကြီးချို အားပြုံးပြ၍ခုံတွင်ဝင်ထိုင်ကာပြောလိုက်လေ
သည်။
ဒေါ်ချိုဆိုတာစျာန်တို့မောင်နှမနှစ်ယောက်ရဲ့မိဘတွေရှိစဉ်ထဲက အိမ်ရဲ့တာဝန်ကိုကျေပွန်အောင်လုပ်ကိုင်ပေးသူဖြစ်သည်။ စျာန်တို့သည်လည်းငယ်ငယ်လေးထဲကဒေါ်ချိုလက်ပေါ်တွင်ကြီးပြင်းလာခဲ့သူဖြစ်၍သားသမီးလိုမျိုးတောင်ဖြစ်နေလေသည်။အခုစျာန့်မိဘတွေမရှိတော့လည်းဒေါ်ချိုသာအိမ်မှုကိစ္စတွေတာဝန်ယူ၍စျာန်နှင့်အတူတူနေလာခဲ့တာနှစ်ပေါင်းကြာနေပြီပင်ဖြစ်သည်။
“ကြီးချို ပြီးရင်ကလေးကိုသွားနှိုးလိုက်ပါအုန်းကျွန်တော်နှိုးတာမထသေးလို့”
“ဪအေးအေး သားစျာန် ကြီးချိုသွားနှိုးပေးမယ်နော်”ကြီးချိုးကပင်မဆုံးသေး အပေါ်ထပ်မှ အသံနှင့်အတူခွန်းသ ဆင်းလာလေသည်။
“ကိုကို”
“..........”စျာန်က ခွန်းသအားတစ်ချက်သာကြည့်၍မနက်စာပြန်စားနေလေသည်။
“ဪကြီးချိုတောင်ပြီးရင်သားခွန်းကိုလာနှိုးတော့မလို့”
“ဟုတ်ကဲ့တောင်းပန်ပါတယ်ထတာနည်းနည်းနောက်ကျသွားတယ်”ခွန်းသ လည်းကြီးချိုအားအပြုံးလေးနှင့်ပြောလိုက်လေသည်။
“ဒါဆိုကြီးချိုစျေးသွားတော့မယ်သားစျာန်”စျာန်တစ်ယောက် ကြီးချိုအားခေါင်းသာညိတ်ပြလိုက်သည်။
ပြီးတာနဲ့ ခွန်းသဘက်သို့လှည့်ကာ
“မင်းနောက်တစ်ခါအိပ်ယာစောစောထအိပ်ယာထနောက်ကျတာငါမကြိုက်ဘူး”
ခွန်းသအားစျာန်မျက်နှာတည်တည်နဲ့ပင်ပြောလိုက်သည်။
“ဟုတ်ကဲ့ကိုကို နောက်တစ်ခါမဖြစ်စေရပါဘူး”
အမှန်တော့စျာန်တစ်ယောက်ခွန်းသအားတမင်ပြောလိုက်ခြင်းဖြစ်သည်။သို့ပေမယ့်မျက်နှာမကောင်းသော ကောင်လေးလည်းရှိနေခဲ့သည်။
‘ငါမင်းကိုမုန်းရမယ်ခွန်းသ’
ခွန်းသ မနက်စာစားနေရင်းနဲ့စျာန့်ကိုကြည့်ကာ
“ကိုကိုအလုပ်သွားတော့မလို့လားဟင်”
“ဟုတ်တယ်ဘာလို့လဲ”
“ဟိုဘာမှမဟုတ်ပါဘူးမေးကြည့်တာပါ”
“ပြီးရောကောင်းကောင်းနေခဲ့”
“ဟုတ်ကိုကို”စျာန်လည်း မနက်စာစားပြီးတာနဲ့ကုမ္ပဏီသို့ထွက်လာခဲ့သည်။
အိမ်ထဲတွင်ခွန်းသတစ်ယောက်ဘယ်သူမှမရှိတော့၍ပျင်းနေလေသည်။
“ဟူး.......ဘာလုပ်ရမလဲ”ခွန်းသမှာ ပျင်းလွန်းလို့ဆိုဖာတွင်ထိုင်၍ဖုန်းသာသုံးနေတော့သည်။
At company… ….
Companyတွင်စျာန့်မှာ အလုပ်တွေနှင့်ရှုပ်ယှက်ခက်နေ သော်လည်းတစ်ချက်တစ်ချက်သူ့ကလေးလေးကိုသတိရနေသေးသည်။
‘မင်းကသိပ်ပြုစားနိူင်လွန်းတယ်ကလေးရယ် ကိုယ်မင်းကိုမုန်းနိူင်ပါ့မလားတောင်မသိဘူး’
ဒေါက် ဒေါက်
“ဝင်ခဲ့”
“Bossဒါကမနေ့ကBossပြောထားတဲ့စာရင်းတွေပါ”
အတွင်းရေးမှူးကျော်ထက်က စျာန့်အားဖိုင်တွဲများပေးလိုက်သည်။စျာန်က ဖိုင်တွဲကိုယူရင်းနဲ့….
“ဒီနေ့အစည်းဝေးရှိတယ်မလား”
“ဟုတ်ကဲ့ရှိပါတယ် Boss အဆင်သင့်ပြင်ထားပါ့မယ်”
“ကောင်းပြီ”စျာန်ပြောပြီးသည်နှင့်ကျော်ထက်ကခေါင်းငုံ့၍ထွက်သွားလေသည်။
ညနေအစည်းဝေးပြီးသည်နှင့်စျာန်လည်း အိမ်ကိုသာတန်းပြန်လာခဲ့သည်။
ကားသံကြားသည်နှင့်ခွန်းသမှာ စျာန့်အနားသို့ရောက်လာကာ
“ကိုကိုကျွန်တော့်ကိုအိတ်ပေး”စျာန်က ခွန်းသအားအိတ်ပေး၍ပင်ပန်းလွန်းလို့ဧည့်ခန်း၌ထိုင်နေလိုက်သည်။
“ကိုကိုသံပုရာရည်လေးသောက်ပါအုန်းကျွန်တော်ကိုယ်တိုင်ဖျော်လာတာကိုကိုခေါင်းကြည်သွားအောင်လို့”အပြုံးလေးနှင့်အနားသို့ရောက်လာသောခွန်းသအားကြည့်ကာ လက်ထဲကခွက်ကိုယူပြီးသည်နှင့်သေချာကြည့်ကာ
“မင်းငါ့ကိုအဆိပ်တော့မခပ်ထားပါဘူးနော်”စျာန်ခပ်ရွဲ့ရွဲ့မေးလိုက်တော့ခွန်သ မှာမျက်ရည်လေးဝိုင်းကာခေါင်းငုံ့၍
“ကိုကို ကျွန်တော့်ကိုမယုံဘူးလားဗျာကျွန်တော့်ကကိုကို့ကိုအဲ့လိုလုပ်စရာလား”
“ပြီးတာဘဲ”စျာန်တစ်ယောက်ဘာရယ်မဟုတ်မေးလိုက်ပေမဲ့သူရှေ့မှာခေါင်းငုံ့၍မျက်ရည်ဝိုင်းလေးနှင့်ပြောနေသောကလေးလေးကိုကြည့်၍စိတ်မကောင်းဖြစ်ရပြန်သည်။
သံပုရာရည်သောက်ပြီးသည်နှင့်စျာန်က အပေါ်သို့တက်သွားလေသည်။ဧည့်ခန်းထဲတွင်တော့သူ့အားမယုံတော့သောကိုကိုကြောင့်ခွန်းသစိတ်မကောင်း၍မျက်ရည်ကျနေမိသည်။
‘ကိုကိုကကျွန်တော့်ကိုတောင်မယုံတော့ဘူးလားကိုကိုကျွန်တော့်ကိုမချစ်တော့ဘူးပေါ့နော်’ခွန်းသမှာတွေးနေရင်းပင်မျက်ရည်တွေသာကျနေမိသည်။
ကျွီ.......စျာန်လည်း ရေချိုး၍ပြန်အထွက်ကုတင်ပေါ်တွင်ထိုင်နေသောခွန်းသအားတွေ့လိုက်ရသည်။
‘ကျစ် ဘယ်လောက်တောင်ငိုထားလို့မျက်လုံးတွေဖောင်းအစ်နေရတာလဲ ငါကလည်းဘာလို့ပြောမိပါလိမ့်’’စျာန့်မှာ သူ့ကလေးလေးအားကြည့်ကာသူ့ကိုယ်သူပင်အပြစ်တင်နေမိသည်။
ခွန်းသငိုပြီးခဏအကြာအပေါ်သို့တက်ခဲ့ချိန်အပေါ်၌သူ့ကိုကိုမရှိ၍ရေချိုးနေမှန်းသိလိုက်လေသည်။
သူလည်းတွေးရင်းနှင့်သာကုတင်၌ငိုင်နေမိတာဘယ်လောက်တောင်တွေးနေမှန်းမသိ ကိုကိုဝင်လာပြီးအဝတ်စားတောင်လဲပြီးပြီသူ့မှာအခုချိန်ထိစိတ်နှင့်လူမကပ်သေး
“မင်းအခုလိုဘဲထိုင်နေတော့မှာလား”စျာန်က ခွန်းသရှေ့မတ်တပ်ရပ်ပြီးပြောလိုက်မှခွန်းသကိုယ်လေးတစ်ချက်တုန်သွားကာသတိဝင်လာတော့သည်။
“ဗျာ အာ မဟုတ်ပါဘူးဟိုထမင်းစားဖို့လာခေါ်တာပါ”
“ဘာတွေအဲ့လောက်တောင်တွေးနေတာလဲငါရှိတာတောင်မသိရလောက်အောင်မင်းဘယ်သူ့အကြောင်းတွေးနေတာလဲဟမ်”
“ကျွန်တော်ဘယ်သူ့အကြောင်းမှမတွေးပါဘူးကိုကို ဟို ဒီတိုင်းဘဲ.....”
“ထားလိုက်တော့ထမင်းစားဖို့လာခေါ်တာမလားသွားမယ်”စျာန်တစ်ယောက်ခွန်းသအားလက်ဆွဲ၍ဆင်းလာခဲ့လိုက်သည်။ခွန်းသကတော့သူ့လက်အားကိုင်ထားသောသူ့ကိုကိုကြောင့်ပြုံးနေမိသည်။
“ကိုကို ကျွန်တော်ထည့်ပေးမယ်နော်”ခွန်းသခွင့်တောင်း၍စျာန့်အားဟင်းများထည့်ပေးလိုက်သည်။
“မင်းကငါ့ကိုဘဲထည့်ပေးနေတာမင်းရောမစားတော့ဘူးလား”သူ့ဆီကို တစ်မျိုးပြီးတစ်မျိုးဟင်းထည့်ပေးနေသောသူ့ကလေးလေးကြောင့်စိတ်ထဲကျေနပ်နေမိသည်။
သို့သော်လည်းသူ့ကိုပဲ ထည့်ပေးပြီးကိုယ်တိုင်ကျတစ်လုတ်မှတောင်မစားရသေးသောကြောင့်မေးလိုက်မိသည်။
“ဗျာ ဟို စားမှာပါကိုကိုရဲ့ကိုကိုလည်းစားလေ”
“အွန်း......”
ထမင်းစားအပြီးဘေစင်သို့ လျှောက်သွားသော ခွန်းသကြောင့်……
“မင်းဘာလုပ်မလို့လဲ”
“ဟို….ကျွန်တော်ပန်းကန်ဆေးမလို့ပါ”
“ထားလိုက်တော့ မနက်ဒေါ်ချို ဆေးလိုက်မယ်”
“ရပါတယ်ကျွန်တော်ဘဲဆေး......”
“ငါမင်းကိုမဆေးနဲ့လို့ပြောနေတယ်လေ”ခွန်းသစကားမဆုံးမှီမျက်မှောင်ကြုတ် ၍ပြောနေသောသူ့ကိုကိုကြောင့်…..
“ဟုတ်မဆေးတော့ပါဘူးကိုကို”ခွန်းသလည်းပန်းကန်တွေကိုထားခဲ့ကာမီးဖိုချောင်မှထွက်လာခဲ့တော့သည်။
‘ဟူး.....တကယ်ဘဲ ကိုယ်ကသူ့လက်တွေထိမိမှာစိုးလို့ပြောတာကိုသူကနားမလည်ဘူးမာန်လိုက်မှဘဲရတော့တယ်’စျာန်တစ်ယောက်သေးသေးကွေးကွေးနှင့်ကောင်လေးကိုကြည့်ကာသက်ပြင်းတွေချနေမိသည်။
At 11pm…….
စျာန့်မှာဧည့်ခန်းထဲတွင်စာရင်းများလုပ်ပြီး၍အိပ်ခန်းသို့ပြန်လာခဲ့ချိန် တံခါးဖွင့်လိုက်သည်နှင့်ညအိပ်ဝတ်စုံအပြာရောင်လေးနှင့်ကြမ်းပြင်၌ကွေးကွေးလေးအိပ်နေသောသူ့၏ချစ်ရသူအားမြင်လိုက်ရသည်။
စျာန်လည်းကုတင်ပေါ်တက်၍အိပ်ရန်ပြင်လိုက်လေသည်။
သူ့ချစ်ရသူကလေးလေးဘက်သို့လှည့်ရင်းပေါ့……
သူ့ကိုတကယ်မချစ်ဘူးလို့ထင်၍ဝမ်းနည်းခြင်းတွေနဲ့အိပ်နေသောကောင်လေးကိုကုတင်ပေါ်၌သူ၏အသက်ထက်မကချစ်ရသောကောင်လေးကကြည့်နေသည်ကိုတော့
အိပ်ပျော်နေသောကောင်လေးတစ်ယောက်တော့သိမယ်မထင်.......
BẠN ĐANG ĐỌC
အမုန်း၏နောက်ကွယ်(Complete)
Lãng mạnနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်
