Ep 17
စျာန်အပေါ်သို့တက်လာပြီး ခဏနားကာရေချိုးခန်းထဲသို့ဝင်လိုက်သည်။ ကိုယ့်ဘာသာရေပူရေအေးစပ်ကာပြင်ဆင်လိုက်သည်။မိုးတွင်းရောက်လာ၍ရာသီဥတုကအေးလာပြီဖြစ်၍ရေမြန်မြန်ချိုးကာအပြင်သို့ပြန်ထွက်ချိန်ထိခွန်းသ ကအခန်းထဲတွင်မရှိသေးပါ။
ခွန်းသလည်းဗိုက်ဆာနေ၍အစာအိမ်ထိခိုက်မည်ဆိုးကာ တစ်ယောက်တည်းသာထမင်းစားလိုက်သည်။သို့ပေမယ့်တစ်ယောက်တည်းစားရတဲ့ထမင်းကတော့တစ်ခုခုလိုနေသလိုပင် အရင်ကနှစ်ယောက်အတူတူစားတဲ့ဝိုင်းမှာ ခုတော့ကိုယ်တစ်ယောက်တည်းရှိနေ၍ ဝမ်းနည်းလာကာမျက်ရည်များပင်ဝေ့သီလာသည်။သို့ပေမယ့်ဝမ်းနည်းနေရင်းအတင်းစားလို့နင်နေသည့်ထမင်းကိုရေနဲ့မျှောချ၍သာ ထမင်းစားခြင်းကိုအဆုံးသတ်လိုက်သည်။ပြီးသည်နှင့်ပန်းကန်ဆေးကာ အစာကြေဆေးသောက်လိုက်၍အပေါ်သို့တက်လာခဲ့သည်။
အခန်းထဲက စားကြည့်စားပွဲပေါ်တွင်ထိုင်ကာစျာန်တစ်ယောက်အလုပ်လုပ်နေသည်။မိုးရာသီဖြစ်ကာအေးလာ၍အပေါ်မှအနွေးထည်ဝတ်ထားလိုက်သည်။အရေးကြီးသည့်အလုပ်ဖြစ်၍ ကွန်ပြူတာ ပေါ်တွင်သာအာရုံစိုက်ထားလိုက်သည်။
ခွန်းသအပေါ်တက်၍တံခါးဖွင့်လိုက်သည်နှင့်စားပွဲပေါ်တွင်ကွန်ပြူတာတစ်လုံးနှင့်အလုပ်ရှုပ်နေသောကိုကို့ကိုတွေ့လိုက်ရသည်။အာရုံပျက်မှာစိုး၍ ခြေသံဖွဖွနင်းကာဝင်လာခဲ့ပြီး အသံမကြားစေရန်ဖျာကိုအသာခင်းကာခေါင်းအုံးယူ၍လှဲအိပ်လိုက်သည်။အေးနေသော်လည်းအနွေးထည်ထမယူချင်တော့၍ကွေးကွေးလေးသာအိပ်နေလိုက်သည်။
စျာန်တစ်ယောက်အချိန်ဘယ်လောက်ကြာသွားသည်မသိဇက်ကြောတွေတောင်ညောင်းလာပြီဖြစ်၍အလုပ်ကိုလက်စသတ်ကာအကြောဆန့်ပြီးထိုင်ခုံမှအထကြမ်းပြင်တွင်ကွေးကွေးလေးအိပ်နေသောခွန်းသအားမြင်လိုက်ရ၍စိတ်ပူသွားသည်။
“ကျစ်!!! မိုးအေးအေးနဲ့အနွေးထည်လဲမဝတ်ထားဘူးပြီးတော့လည်း ကြမ်းပြင်ကြီးမှာ စောင်ကလည်းမပါဘူး” စျာန်တစ်ယောက်ခွန်းသအားကြည့်ကာတစ်ခုချင်းစီလိုက်ပြောနေသည်။
CZYTASZ
အမုန်း၏နောက်ကွယ်(Complete)
Romansနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်