Ep 27
ဝေယံတို့အိမ်ရောက်တော့ လွတ်လွတ်လပ်လပ်နေလို့ရအောင်ဆိုပြီးဝေယံကသူ့အင်္ကျီတွေလဲခိုင်းသဖြင့်ကျွန်တော်လည်းလဲလိုက်သည်။အမှန်ပင်ပုဆိုးနဲ့ဆိုတကယ်မလွတ်လပ်ပါ။ခွန်းသလည်းလက်ကျအင်္ကျီအဝါရောင်လေးနှင့်ဒူးအထက်ဘောင်းဘီအမဲရောင်လေးကိုဝတ်လိုက်သည်။အဝတ်လဲ ပြီးတာနဲ့ဧည့်ခန်းသို့ထွက်လာချိန်ဝေယံတစ်ယောက်ပဲရှိ၍......
“ဝေယံ မင်းအကိုရော”
“အကိုကမီးဖိုချောင်မှာလေ” ဝေယံကခွန်းသအားမကြည့်ဘဲTVကိုဘဲကြည့်ကာပြန်ဖြေနေသည်။ထိုအချိန်မီးဖိုခန်းထဲမှ
“ကဲကိုယ်တော်ချောလေးတို့ထမင်းစားမယ် “
“ဟုတ်ကဲ့လာပြီလာပြီ” ဝေယံကအစားဆိုတာနှင့်ခုနကလူကိုအဖက်မလုပ်တာပင် ဘယ်ရောက်သွားသည်မသိချက်ချင်းကုန်းထသည်။
“ဖြေးဖြေးသွားပါ မင်းဟာတွေလုမစားပါဘူး”
“မင်းအကုန်စားမှာစိုးလို့ဟေ့ “ ဝေယံကပြောပြီးသည်နှင့်မီးဖိုခန်းထဲသို့ဝင်သွား၍ကျွန်တော်ပါလိုက်ဝင်လိုက်သည်။ စားပွဲပေါ်တွင်ဟင်းသီးဟင်းရွက်ပန်းကန်ကပိုများနေကာအခုမှကြော်ထားသည့်ကန်စွန်းရွက်လေးကစိမ်းစိမ်းစိုစိုနှင့်ပူပူလေးပင်။
“ခွန်းလေး ညီထည့်စားနော်အကိုတို့ကအသီးရွက်အဲ့လောက်မစားဘူး ညီ့အတွက်ရှယ်ကြော်ပေးထားတာ”
“ဟုတ်ကဲ့စားမှာပါဟီးဟီး....” အကိုတေဇကစားသောက်ဆိုင်ဖွင့်ထား၍လက်ရာကတော့အထူးပြောစရာမလိုဟင်းတွေကအရသာရှိလှသည်။
“အကိုနော်ကျွန်တော့်အကြိုက်ကျတော့မလုပ်ပေးဘူး ဟွန့်” ဝေယံကပြောတော့
“အယ် ညီကအကုန်ကြိုက်မှန်းအကိုကသိပြီးသား ရော့ညီကြိုက်တဲ့ကြက်ချဉ်စပ် လတ်လတ်ဆတ်ဆတ်လေးဟိုတစ်ပတ်ကမှကျန်တဲ့ဟာ” အကိုတေဇကရယ်ကျဲကျဲနှင့်ပြောတော့ဝေယံက မျက်နှာစူပုပ်၍
“ဟာအကိုကလည်းဗျာလတ်လတ်ဆတ်ဆတ်က ဟိုတစ်ပတ်ကဟာတဲ့လား “
“ဟားဟား....အကိုကစတာပါဗျာ အကိုဘုရားမသွားခင်အစောကြီးထလုပ်ထားတာပါ အခုမှပြန်နွှေးထားတာ ဟုတ်ပြီလား “ ထိုအခါဝေယံကမဲ့ရွဲ့၍
“ဟွန့် အမျိုးမျိုးဘဲ”
ခွန်းသကတော့သူ့ရှေ့ကညီအကိုနှစ်ယောက်ကို
ကြည့်ကာရယ်နေရသည်။အကိုကလည်းညီကိုချစ်လို့စတယ် ညီကလည်းစတာသိရဲ့နဲ့တမင်စိတ်ကောက်ပြတယ် လိုက်လည်းလိုက်ပါတယ်။အမှန်တိုင်းပြောရင်ကျွန်တော်ဒီလိုအခြေနေလေးကိုသဘောကျသည်။
ဒီအချိန်လေးကကျွန်တော့်အတွက်တော့အပူပင်မရှိနာကျင်စရာတွေမရှိပေ။သို့ပေမယ့်အိမ်ပြန်ရောက်ရင်ကိုကိုနဲ့ကအဆင်မပြေအထင်လွဲစွတ်စွဲချက်တွေနဲ့ကျွန်တော်တကယ်မွန်းကြပ်သည်။အေးပေါ့လေ သူကကျွန်တော့်ကိုချစ်လို့ယူတာမှမဟုတ်ဘဲလက်စားချေဖို့ဘဲကိုအ ခုချိန်သာချယ်ရီရှိရင်သိပ်ကောင်းမှာသူ့ကိုလည်းလွမ်းသည်။ဘာလိုလိုနဲ့ချယ်ရီသွားတာတောင်တော်တော်ကြာပြီအခုထိလည်းအဆက်သွယ်မရသေး။
.
.
စျာန့်မှာအလုပ်လုပ်နေချိန် ဖုန်းစိမ်းတစ်ခုမှmessageဝင်လာတာကြောင့်ဖွင့်ကြည့်လိုက်ချိန်မြင်လိုက်ရသောမြင်ကွင်းကြောင့်ဒေါသတို့ထောင်းခနဲထွက်သွားရသည်။ဖုန်းထဲတွင်မြင်နေရသောပုံတွေကခွန်းသနှင့်တေဇတို့နှစ်ယောက်ပုံဖြစ်နေသည်။တေဇကလက်တစ်ဖက်တွင် နှင်းဆီပန်းကိုင်၍နောက်လက်တစ်ဖက်ကခွန်းသလက်အားကိုင်ထားသည့်ပုံ။ပြီးတော့ဘုရားပေါ်တွင်တေဇကခွန်းသပုခုံးအားဖက်ထားသောပုံ။
တောက်!!!
စျာန်တစ်ယောက်ပုံတွေကြည့်ကာတောက်တစ်ချက်ခေါက်လိုက်မိသည်။
‘ခွန်းသ ခွန်းသ မင်းကအလျှော့ပေးလို့မရဘူးဘဲ အဟက်....အပြင်မှာတောင်သူ့အကောင်နဲ့ကြည်နူးနေတာ....ငါ့ကိုကျတော့စကားတောင်ပြောချင်သလိုလိုမပြောချင်သလိုလိုနဲ့သူငယ်ချင်းနဲ့ဆိုပြီးငါ့ကို လှည့်စားတယ်မင်းငါနဲ့တွေ့မယ်ဆက်ခွန်းသ’
စျာန့်မှာ စိတ်ထဲ၌ခွန်းသအားကြိမ်းဝါးနေကာ ဒေါသထွက်နေလေသည်။
ခွန်းသမှာဝေယံတို့နှင့်ရုပ်ရှင်ကြည့်လိုက်စကားပြောလိုက်gameဆော့လိုက်နှင့်အချိန်ကုန်နေသည်ကိုပင်မသိလိုက်။
ခွန်းသလည်းဝေယံအိမ်ကနေပြန်လာချိန်တွင်ညနေစောင်းနေပြီဖြစ်ကာအချိန်အားဖြင့်ငါးနာရီတောင်ခွဲနေလေပြီ။
အကိုတေဇကလိုက်ပို့မယ်ပြောသော်လည်းအလုပ်ရှုပ်နေမှာစိုးလို့Taxiနဲ့သာပြန်လာခဲ့သည်။
ခြံရှေ့သို့ရောက်သည်နှင့်အိမ်ထဲဝင်ကာအပေါ်သို့တက်လာခဲ့သည်။အခန်းထဲရောက်သည်နှင့်ကုတင်ပေါ်တွင်သူ့အားဒေါသများနှင့်စူးစိုက်ကြည့်နေသောလူတစ်ယောက်။စျာန်က ခွန်းသ အနားသို့လာပြီးလက်ကိုခပ်ကြမ်းကြမ်းဆွဲကာ ခွန်းသအားမပြောမဆိုနှင့်ပါးရိုက်ချလိုက်သည်။ခွန်းသ မှာသူ့အားလက်ဆွဲကာပါးရိုက်ချလိုက်သောစျာန်ကြောင့်ရုတ်တရက်ကြောင် အ နေမိသည်။စျာန်ကခွန်းသအား ဒေါသထွက်နေသောအကြည့်တွေနှင့်ကြည့်ကာမေးရိုးများပင်ထောင်နေလေသည်။
“မင်းအကောင်နဲ့ တော်တော်မှပျော်ခဲ့ရဲ့လား ဟမ် ငါ့ကိုကျတော့သူငယ်ချင်းနဲ့ဘုရားသွားမှာဆို”
“ကိုကိုဘာတွေပြောနေတာလဲ ကျွန်တော်လည်းဘုရားသွားတာလေ ပြီးတော့သူငယ်ချင်းအိမ်မှာနေ နေတာ”
ခွန်းသမှာ အရိုက်ခံလိုက်ရသည့်ပါးလေးအားကိုင်ကာပြောနေလေသည်။စျာန်ကသူ့ရဲ့ဖုန်းကိုခွန်းသရှေ့သို့ထိုးပေးကာ
“ဒါဆိုဒါကဘာလဲ ဘုရားပေါ်မှာမင်းလင်ငယ်နဲ့
ပလူးနေတာလေ”
“မဟုတ်....အဲ့ အဲ့ဒါက....” ခွန်းသမှာ ဖုန်းထဲကပုံတွေကိုကြည့်ကာ ကြောင်သွားရသည်။အဆူး ဆူးတုန်းကသူ့
လက်ကိုကိုင်ကာသွေးတိတ်အောင်လုပ်ပေးခဲ့တဲ့ပုံတွေ ဘုရားပေါ်မှာ
ဝေယံကသူ့အကိုနှင့်ကျွန်တော့်ကိုအမှတ်တရဓာတ်ပုံရိုက်ပေးနေတဲ့ပုံတွေ ဒါတွေကသေသေချာချာ အထင်မှားအောင်ရိုက်ထားသည့်ပုံတွေပင်။
“ဘာလဲ မဟုတ်ဘူးလို့ငြင်းမလို့လားဟမ် ဒီအချိန်မှပြန်လာတာကရောမင်းအကောင်နဲ့အိပ်နေတာလားဟမ် ပြောလေ” စျာန်ပြောသည့်စကားကြောင့်ခွန်းသခေါင်းခါလိုက်မိသည်။ကိုကိုကကျွန်တော့်ကိုတောင်မယုံတော့တာလား။မဟုတ်ဘူးအစတည်းကမယုံခဲ့တာ......
“မဟုတ်ပါဘူး ကျွန်တော်တို့ကရိုးရိုးသားသား....”
“ဘာရိုးသားတာလဲ မင်းအကောင်နဲ့အခုချိန်ထိနေနေတာရိုးသားတာလား ဟမ် ပြောလေ” စျာန်တစ်ယောက်ခွန်းသ အင်္ကျီလည်းပင်းအားဆုတ်ကိုင်ကာပြောနေမိသည်။
“အဟက်!!! ငါကမင်းကိုသာယာမှုမပေးတော့မင်းအကောင်ဆီမှာသွားသာယာနေတာလား ဟုတ်လား”
“ကိုကို ကျွန်တော့်ကိုအဲ့လိုမစွတ်စွဲနဲ့နော်”
ခွန်းသမှာ ခက်ထန်သောစကားလုံးတွေနှင့်စွတ်စွဲပြောဆိုနေသော စျာန်ကြောင့်ဒေါသထွက်လွန်းလို့ အသားတွေတောင်တုန်လာခဲ့သည်။
“ဘာကိုစွတ်စွဲရမှာလဲအမှန်တွေပြောနေတာလေ အဲ့တော့ငါကလည်းမင်းကိုသာယာမှုပေးရတာပေါ့”
“ဟင့်အင်း မလုပ်ပါနဲ့ အွတ်......” စျာန်က ပြောလည်းပြော ခွန်းသအားလက်တစ်ဖက်ကခေါင်းကိုကိုင်ထားတာတစ်ဖက်ကပုခုံးကိုကိုင်၍ခွန်းသနှုတ်ခမ်းအားနမ်းနေလေသည်။ခွန်းသမှာ ရုန်းနေသော်လည်းအားချင်းမမျှသောကြောင့် ဘာမှအဖက်မတင်.....
“ဘာလို့ရုန်းနေတာလဲမင်းအကောင်မဟုတ်လို့လား ဟမ် ငါကမင်းကိုစာရွက်ပေါ်မှာဘဲပိုင်တာမဟုတ်ဘူး မင်းကိုအခုတရားဝင်ပိုင်တယ်ဆိုတာသိအောင်ပြမယ် မင်းကငါ့လူဘဲ ဆက်ခွန်းသ”
“မဟုတ် အွင့် ကိုကို လွှတ် အွန့်....” စျာန်ပြောလည်းပြောခွန်းသအားနမ်းကာ လက်ကခွန်းသအင်္ကျီအားဆွဲဖြဲနေသည်။
“ကိုကို မလုပ်ပါနဲ့ တောင်းပန်ပါတယ်” ခွန်းသတောင်းပန်နေသော်လည်းစျာန်ကတော့ဂရုမစိုက် နမ်းမြဲတိုင်းနမ်းနေကာ လက်ကလည်းခွန်းသကျောအားပွတ်သတ်နေပြီး ခွန်းသကို ကုတင်ပေါ်သို့လှဲချလိုက်ကာ ခွန်းသအဝတ်စားများကိုချွတ်ကာဗလာကျင်းနေသောနေရာတွေအား အတင်းနမ်း နေလေသည်။ ပြီးသည်နှင့်စျာန်တစ်ယောက်ခွန်းသရဲ့ပထမဆုံးကိုအတင်းအကြပ်ရယူလိုက်သည်။စျာန်ရဲ့ ကြမ်းတမ်းမှုတွေအဆုံးမှာခွန်းသ ကတော့မောပန်းကာအိပ်ပျော်သွားလေသည်။ ထိုညတွင်ခွန်းသ၏ပထမဆုံးသည် အလိုမတူဘဲမျက်ရည်များ၊နာကျင်စရာများနှင့်သာအဆုံးသတ်ခဲ့သည်။စျာန်လည်းအိပ်ပျော်နေသောကောင်လေး၏ဘေးတွင်ဝင်လှဲကာသူ့ရင်ခွင်ထဲသို့ခွန်းသအားထည့်လိုက်ကာ
“Good Night baby ကိုယ်ကမင်းနဲ့ပတ်သတ်ရင်အတ္တကြီးတယ် ကိုယ့်ကိုထားသွားခွင့်မပြုနိူင်ဘူး”
YOU ARE READING
အမုန်း၏နောက်ကွယ်(Complete)
Romanceနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်