Ep 52
စျာန်နှင့်ကျော်ထက်တို့အလုပ်ကိစ္စနှင့်ဘန်ကောက်သို့ရောက်နေကြပြီဖြစ်သည်။ခင်နန်းစံကတော့သူ့ကားနှင့်သူလာပြီး အစည်းဝေးကျမှဆုံမည်ဟုပြောသည်။
ဒီနေ့တစ်ရက်တော့စျာန်တို့အလုပ်ကိစ္စမရှိသေးပါ။ အလုပ်ကိစ္စကမနက်ဖြန်မှချိန်းထားသောကြောင့်ဒီနေတော့ကျော်ထက်နှင့်စျာန်တို့မနက်ဖြန်အစည်းဝေးမှာရှင်းပြရမဲ့စာချုပ်စာတမ်းတွေကိုပြင်ဆင်နေကာဟိုတယ်မှာဘဲ နားနေလိုက်ကြသည်။ပြီးသည်နှင့်နေ့လယ်စာအတွက်hotelကဘဲ မှာကာစားလိုက်ကြသည်။ခုံပေါ်တွင်ထိုင်နေသောကျော်ထက်အားစျာန်က
“ကျော်ထက်မင်းနားချင်နားလေ ညနေအပြင်သွားရအောင်ဟိုနားဒီနားပေါ့”
“ဟုတ်ကဲ့ပါBossလည်းနေ့ခင်းနေ့လယ်တစ်ရေးတစ်မောလောက်အိပ်လိုက်ပါလားမနက်ဖြန်လည်းပင်ပန်းအုန်းမှာလေ ညနေမှကျွန်တော်တို့လမ်းလျှောက်ထွက်ကြတာပေါ့”
ခွန်းသမရှိတော့တည်းကကျော်ထက်ကဘဲစျာန့်ကိုသူ့အကိုတစ်ယောက်လိုပင်ဂရုစိုက်နေရသည်။စျာန်ကသူ့အား တစ်တွတ်တွတ်နှင့်မှာတမ်းခြွေနေသောကျော်ထက်ကြောင့်ပြုံးလိုက်ကာ
“အေးပါကွာ မင်းကငါ့ကိုဂရုစိုက်လိုက်တာမိန်းမကြီးကျနေတာဘဲ”
“ဟာ Bossကလည်းမိန်းမကြီးတဲ့ပြောရက်လိုက်တာ ကျွန်တော်သွားတော့မယ်Bossလည်းကောင်းကောင်းနားပါ”
ကျော်ထက်ကမျက်မှာဆူပုပ်ကာ ပြောပြီးတော့ထွက်သွားမှစျာန်လည်းကုတင်ပေါ်ကနေဆင်း၍ဝရန်တာသို့ထွက်လာခဲ့သည်။တစ်ဝေ့ဝေ့တိုက်ခတ်နေသောလေညှင်းတွေကြားတွင် ဘောင်းဘီအိတ်ကပ်လေးထဲကဗူးလေးကိုထုတ်လိုက်မိတော့စျာန် မျက်ရည်ကျမိလိုက်သည်။ပြီးတာနဲ့ ဗူးလေးထဲကအရာလေးကိုထုတ်ကြည့်ကာ
“Happy Birthdayပါခွန်းလေး ကလေးမွေးနေ့တောင်ရောက်တော့မယ်နော်”
စျာန်လည်းပါးပြင်ပေါ်သို့ကျရောက်လာသောမျက်ရည်တွေကိုသုတ်လိုက်ကာ
“ဒီနှစ်တွေအတွင်းမှာကလေးမွေးနေ့ကိုဘယ်သူနဲ့ဖြတ်သန်းနေလဲဟင် တစ်ယောက်တည်းလား ဒါမှမဟုတ်......ဟင့်အင်း!!! တစ်ယောက်တည်းဘဲဖြစ်ပါစေ ကလေးရယ်”
“ကလေးနဲ့ကိုယ်ပြန်တွေ့ရင်ကိုယ်ကလေးကိုရှင်းပြစရာတွေအများကြီးဘဲရှိတယ်ကလေးရယ် ကိုယ့်ဆီကိုပြန်လာပါတော့” စျာန်တစ်ယောက်လက်ထဲကဗူးလေးကိုကိုင်ကာမျက်ရည်တွေကျနေမိရင်း ဗူးလေးကိုရင်ဘက်နားမှာကပ်လိုက်ကာအဲ့နေရာမှာတင်ထိုင်ချမိလိုက်သည်။
………………..
ညနေခင်းရောက်သော်ကျော်ထက်တစ်ယောက်စျာန့်အခန်းထဲသို့ဝင်လာခဲ့သည်။
ထိုအချိန်.... အခန်းတံခါးဖွင့်ကာရေချိုးခန်းထဲမှထွက်လာသောစျာန့်ကိုကျော်ထက်က
“Boss ဘယ်သွားချင်လဲ “
“ငါ အဝတ်စားလေးနည်းနည်းဝယ်ချင်လို့” ကျော်ထက်ကစျာန့်အားခေါင်းညိတ်ပြကာ
“ဟုတ်ကဲ့ကျွန်တော်ကားအဆင်သင့်လုပ်ပေးထားပါမယ် Bossပြီးရင်ဆင်းလာပါ ကျွန်တော်ကားထဲကနေဘဲစောင့်နေလိုက်ပါ့မယ်”
“အင်း ငါပြီးရင်လာခဲ့မယ်”
စျာန်လည်းအဝတ်အစားဝတ်ကာ လက်တွင်အနက်ရောင်နာရီလေးအားပတ်လိုက်သည်။ပြီးသည်နှင့် ဖုန်းနှင့်ပိုက်ဆံအိတ်ကိုယူကာအောက်သို့ဆင်းခဲ့လိုက်သည်။
ကားနားရောက်၍အထဲဝင်ကာထိုင်လိုက်ချိန်ဖုန်းလာလို့ကြည့်လိုက်တော့ခင်နန်းစံဆီကဖြစ်၍ကိုင်လိုက်ကာ
“Hello စျာန် အမတို့ညစာသွားစားကြရအောင်”
မစားတော့ဘူးလို့ပြောချင်ပေမယ့်
စျာန်လည်းငြင်းလို့မရတဲ့သူတွေမို့လို့......
“ဟုတ်ကဲ့ပါဘယ်ကိုလာခဲ့ရမလဲ”
“အမလိပ်စာပို့လိုက်မယ်အဲ့စားသောက်ဆိုင်ကိုလာခဲ့လေ အမအဲ့ကစောင့်နေမယ်အဲ့နားမှာမို့လို့”
“ဟုတ်ကဲ့ပါ “
စျာန်ပြောပြီးသည်နှင့်ဖုန်းချ လိုက်ကာအဝတ်စားမဝယ်တော့ဘဲခင်နန်းစံပြောသောစားသောက်ဆိုင်သို့ကျော်ထက်ကိုမောင်းခိုင်းလိုက်သည်။
ခင်နန်းစံချိန်းထားသောနေရာသို့စျာန်တို့ရောက်လာကြကာရှာလိုက်တော့သိပ်မရှာလိုက်ရပါ။ ထောင့်စွန်းဝိုင်းလေးမှာခင်နန်းစံအားတွေ့လိုက်ရသည်။
စျာန်တို့ရောက်တော့ခင်နန်းစံက အရင်ပြုံးပြလိုက်ကာ
“စျာန် မှာနော် အားမနာနဲ့ကျော်ထက်ရောဘဲမှာနော်”
“ဟုတ်ကဲ့ဗျ” ကျော်ထက်နှင့်စျာန်တို့ အစားအသောက်များမှာပြီးချိန်တွင်ခင်နန်းစံက
“ဒီဆိုင်ကလက်ရာကောင်းတယ်တဲ့လိုင်းပေါ်မှာတောင်နာမည်ကြီးနေလို့အမခေါ်လိုက်တာ”
စျာန်ကခေါင်းညိတ်ရင်း ဆိုင်လေးကိုကြည့်လိုက်ကာ
“အင်း အပြင်အဆင်လေးလည်းမဆိုးဘူးနော်”
“ဟုတ်တယ် အမတောင်မြန်မာနိူင်ငံမှာစားသောက်ဆိုင်ဖွင့်ဖို့စဉ်းစားတော့မယ် ဒီဆိုင်လေးကိုကြည့်ရင်းနဲ့”
ထိုအခါကျော်ထက်က......
“ဟား..ဟား..အမတို့ကတော့စီးပွားရေးတွေသောင်းကျန်းနေပြီဘဲ”
“ဒါပေါ့ ဒါပေါ့” စျာန်တို့စကားပြောနေချိန်စားစရာများလာချသောကြောင့်စကားရပ်သွားသည်။ကျော်ထက်ကစျာန့်အရှေ့အား
“Bossဒါက Bossကြိုက်တဲ့ငါးသံပုရာပေါင်းလေး ကျွန်တော်မှာထားပေးတာ”
“အင်း” စျာန်ကတော့ငါးသံပုရာပေါင်းကိုကြည့်ရင်းတစ်စုံတစ်ယောက်ကိုသတိရမိသွားပြန်သည်။
ခွန်းလေးမရှိတော့ထဲကအမြဲဂရုစိုက်ပေးတတ်တဲ့ကျော်ထက်ကိုဘဲကျေးဇူးတင်ရမလား ငါးသံပုရာပေါင်းကိုမြင်တိုင်းတစ်စုံတစ်ယောက်ကိုအမြဲသတိရတတ်တဲ့ကိုယ့်ကိုယ်ကိုဘဲ အပြစ်တင်ရမလားမသဲကွဲတော့ချေ။
ကျော်ထက်နှင့်ခင်နန်းစံတို့ကသာတစ်မျိုးပြီးတစ်မျိုးစားကာချီးကျူးနေတာ စျာန်ကတော့အခုထိငါးသံပုရာပေါင်းကိုမတို့ထိရသေးပေ။စျာန်နောက်ဆုံးတော့ငါးသံပုရာပေါင်းကိုယူလိုက်ကာမြည်းကြည့်လိုက်ချိန်မျက်ရည်ပင်ဝဲကာပိုတောင်သတိရမိသွားသည်။
စျာန်စားလိုက်သောငါးသံပုရာပေါင်းကခွန်းသချက်ကျွေးသောလက်ရာနှင့်တူနေ၍စျာန်ပါးပြင်ပေါ်သို့မျက်ရည်ကျမိသွားသည်။စားနေရင်းစျာန်မျက်ရည်ကျနေသည်ကိုခင်နန်းစံကမြင်တော့
“ဟယ် စျာန် ဘာ ဘာဖြစ်တာလဲ”
“ဟင် Bossဘာဖြစ်တာလဲ “
“ဘာလို့ငိုနေတာလဲ စျာန် ဟင်းကဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး ကျွန်တော်...” ထိုအချိန်စျာန်တို့ဝိုင်းနားသို့လူတစ်ယောက်ရောက်လာကာ
“ဒီကဧည့်သည်ဘာဖြစ်လို့လဲ ကျွန်တော်ဘာလုပ်ပေးရမလဲ”တေဇတစ်ယောက်ဆိုင်ကကောင်လေးတစ်ယောက်နှင့်စကားပြောနေချိန်အနောက်ဝိုင်းမှဘာဖြစ်တာလဲလို့မေးနေတာကြားလိုက်၍မြန်မာလူမျိုးဆိုတာသိလိုက်ကာအခြေအနေအား သွားမေးလိုက်သည်။
အနားသို့ရောက်လာသောလူအား စျာန်ကလက်ကာပြကာ
“ရပါတယ်အကို ဒါနဲ့အကိုလည်းမြန်မာပဲထင်တယ်”စျာန်က မြန်မာစကားအားပီပီသသထွက်လာပြောသူ့ရှေ့ကအသားဖြူဖြူနဲ့လူကိုကြည့်ကာပြောလိုက်တော့….
“ဟုတ်ပါတယ် ကျွန်တော်လည်းမြန်မာလူမျိုးပါဒီမှာစားသောက်ဆိုင်ဖွင့်ထားတာပါ” ထိုအခါမှကျော်ထက်က
“ဪအကိုကပိုင်ရှင်ကိုး...Sorryပါဗျာ ရုတ်တရက်ဆိုတော့လန့်သွားရင်တောင်းပန်ပါတယ်”
ကျော်ထက်ကတောင်းပန်တော့တေဇကပြုံးပြလိုက်ကာ
“ရပါတယ်ဗျာ ဒါနဲ့ဘာဖြစ်သွားသေလဲဗျ ဟင်းကတစ်ခုခုမှားနေလို့လားဟင်” တေဇအပြောကိုစျာန်က
“မဟုတ်ပါဘူးဒီဟင်းကကျွန်တော့်ချစ်ရသူလက်ရာနဲ့တူနေလို့သူ့ကိုသတိရမိသွားလို့ပါ သူကအခုကျွန်တော့်နားမှာမရှိတော့လို့လေ” စျာန့်အပြောကိုတေဇက
“စိတ်မကောင်းပါဘူးဗျာ ဒါကကျွန်တော့်ညီလေးချက်ထားတာလေ သူကဟင်းချက်သိပ်ကောင်းတာဗျ”
“ဟုတ်လားကျွန်တော်တောင်တွေ့ချင်လာပြီ” စျာန်ပြောလိုက်တော့တေဇက….
“စိတ်မကောင်းစရာပဲ ခုနလေးတင် သူနည်းနည်း နေမကောင်းလို့စောစောပြန်သွားတယ်ဗျ”ထိုအခါခင်နန်းစံက
“မနက်ဖြန်နန်းတို့အစည်းဝေးပွဲပီးရင်ဒီမှာလာစားကြအုန်းမယ်လေ အဲ့ခါကျမှမိတ်ဆက်ကြတာပေါ့ “
“ဟုတ်ကဲ့အဲ့ခါကျရင်ကျွန်တော်မိတ်ဆက်ပေးပါ့မယ်ကျွန်တော့်ကိုတေဇလို့ခေါ်လို့ရပါတယ်”
“ဟုတ်ကဲ့ပါ ကျွန်တော်က စျာန်ထက်ပိုင်ပါ ဒါကကျွန်တော့်အတွင်းရေမှူးကျော်ထက်ပါ ဒါကတော့ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဘက် ခင်နန်းစံပါ “
အကုန်လုံးကပြုံးပြကာမိတ်ဆက်ပြီး၍တေဇလည်းစျာန်တို့အား ခေါင်းညိတ်ပြလိုက်ကာ
“ကောင်းကောင်းသုံးဆောင်ကြပါ အလုပ်လေးရှိသေးလို့ခွင့်ပြုပါအုန်း”
“ဟုတ်ကဲ့ပါ” တေဇလည်းလုပ်စရာရှိသေး၍နှုက်ဆက်၍ထွက်လာခဲ့သည်။စျာန်ကတော့ငါးသံပုရာပေါင်းရဲ့လက်ရာရှင်လေးကိုတွေ့ချင်နေပြီဖြစ်သည်။
ВЫ ЧИТАЕТЕ
အမုန်း၏နောက်ကွယ်(Complete)
Любовные романыနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်
