Ep 58 Final

15.4K 198 4
                                        

Ep 58 final

ခွန်းသပြင်ဆင်နေရင်းတံခါးလာခေါက်ကာကျော်ထက်ရောက်ပြီဆိုသောကြောင့်အောက်ဆင်းလာခဲ့သည်။ကားနားရောက်သည်နှင့်ကျော်ထက်ကတံခါးဖွင့်ပေး၍ခွန်းသလည်း

ဝင်ထိုင်လိုက်သည်။ကားလေးကခြံထဲကနေထွက်တာနဲ့ခွန်းသမှာလက်က နာရီအား ကြည့်လိုက်မိသည်။မိုးနည်းနည်းချုပ်နေပြီဖြစ်၍အပြင်မှာလမ်းမီးတိုင်လေးတွေတောင်

တစ်စတစ်စလင်းနေလေပြီ။

ကားမောင်းလာရင်းနာရီဝက်လောက်ကြာသည်ထိမရောက်သေး၍.....

“အကိုကျော်ထက်မရောက်သေးဘူးလား”

“ရောက်တော့မှာပါ ဘာဖြစ်လို့လဲအကိုလေး”

“မေးကြည့်တာပါ ကိုကိုစောင့်ရတာကြာနေမှာစိုးလို့ပါ”

“ရပါတယ်အကိုလေးရဲ့ရောက်တော့မှာပါ”ခွန်းသလည်းကျော်ထက်စကားအားခေါင်းညိတ်အသိမှတ်ပြုလိုက်ပြီးအိမ်မှာထဲက သိချင်နေသောကိစ္စအားမေးလိုက်သည်။

“ဒါနဲ့ကိုကိုနဲ့ဒီမွေးနေ့ရှင်နဲ့ကတော်တော်ရင်းနှီးလားဟင်”

ခွန်းသမှာအရမ်းအရေးကြီးတယ်ဆိုတည်းက သိချင်နေတာပင်။

“အင်း အရမ်းရင်းနှီးတယ် ဒီပွဲကတော်တော်အရေးကြီးတယ်လေ အဲ့ဒါကြောင့်အကိုလေးကိုခေါ်လိုက်တာ”

“ဪ ဟုတ်ကဲ့” ခွန်းသတစ်ယောက်အရမ်းရင်းနှီးတယ်ဆိုသောကြောင့်ဘယ်သူလဲဆိုတာပါပို၍သိချင်မိသွားသည်။

‘အရေးကြီးတဲ့ပွဲတဲ့လား ဒါဆိုကျွန်တော့်အတွက်ဒီနေ့ကရော....’

ခွန်းသလည်းဘာမှမစဥ်းစားတော့ဘဲ အ ပြင်ကိုငေးရင်းသာလိုက်ပါလာခဲ့တော့သည်။

ခဏအကြာကျော်ထက်က ကားရပ်လိုက်ကာနောက်သို့လှည့်လိုက်ပြီး......

“အကိုလေးရောက်ပါပြီ”

“ဟုတ် သွားကြရအောင်” ခွန်းသကပြောပြီးသည်နှင့်ဆင်းဖို့လုပ်ချိန်....

အမုန်း၏နောက်ကွယ်(Complete)Donde viven las historias. Descúbrelo ahora