Ep 40

9.4K 450 12
                                    

Ep 40

ထမင်းဝိုင်းတွင်ကျော်ထက်,အေးရိပ်
နှင့်Companyကဝန်ထမ်းတွေအကုန်လုံးစုံနေပြီဖြစ်သည်။မရှိသည်ကစျာန်နှင့်ခွန်းသပင်ဖြစ်ကာ Companyကလူတွေလည်းစျာန်တို့ကိုစောင့်နေကြသည်။ခဏအကြာကျော်ထက်ဆီmessageရောက်လာ၍ကျော်ထက်လည်း
ဖုန်းဖွင့်ကြည့်လိုက်တော့စျာန့်ဆီကပင်

“ကဲ Bossတို့ကမလာတော့ဘူးတဲ့ မင်းတို့လည်းစားလို့ရပြီ” ကျော်ထက်အပြောကြောင့်ဝန်ထမ်းတစ်ယောက်က
“ဟယ် အဲ့ဒါဆိုဆရာတို့ကဆာနေမှာပေါ့ မောင်လေးခွန်းသကိုငါတို့နဲ့များမပတ်သတ်စေချင်လို့လားမသိဘူးနော် အတူတူလာမစားတာ” ထိုအခါကျော်ထက်က
“မဟုတ်ပါဘူး Bossကအကိုလေးမနိူးသေးလို့တဲ့ ငါတို့နဲ့မပတ်သတ်စေချင်ရင်ကားတစ်စီးတည်းတောင် အတူတူစီးမလားသူ့ဘာသာသပ်သပ်ကားတစ်စီးနဲ့လာမှာပေါ့”

ထိုအခါမှ အကုန်လုံးပြုံးသွားကာအဲ့ဒါတော့ဟုတ်တယ်ဆိုကာအသံထွက်လာလေသည်။မပြုံးနိူင်သူကတော့အေးရိပ်ပင်ဖြစ်သည်။ထမင်းဝိုင်းတွင်စျာန်လာမည်ထင်၍စောင့်ခဲ့သမျှ အကုန်အလကားဖြစ်နေသောကြောင့်ဖြစ်သည်။အေးရိပ်မှာ တည်ငြိမ်စွာ ထမင်းထိုင်စားနေသော်လည်းရင်ထဲကဒေါသတွေကတော့မပြေသေးပါ။

ကုတင်ပေါ်တွင်ထိုင်နေသောခွန်းသရဲ့ မျက်နှာကမှုန်ကုပ်နေလေသည်။တံခါးဖွင့်သံကြောင့်ကြည့်လိုက်တော့စျာန်ဖြစ်နေ၍ထလိုက်ကာဝရန်တာဘက်သို့သွားလိုက်သည်။စျာန်အခန်းထဲဝင်လာတော့စိတ်ဆိုးပြီးထသွားသောသူ့ကလေးလေးကြောင့်ပြုံးလိုက်ကာသူ့ကလေးလေးရှိရာသို့လျှောက်သွားလိုက်သည်။ပြီးသည်နှင့်အနောက်ကနေခါးလေးကိုဖက်ကာလည်ဂုတ်လေးအားနမ်းလိုက်တော့ခွန်းသခန္ဓာကိုယ်လေးနည်းနည်းတွန့်သွားသည်။

“ကလေးလေး ကိုယ့်ကိုဘာတွေစိတ်ဆိုးနေတာလဲဟင်”
“ဘာကိုစိတ်ဆိုးရမှာလဲ ဖယ် လာမဖက်နဲ့မနေတတ်ဘူး” ခွန်းသက စျာန့်လက်တွေအားဖယ်နေသောကြောင့်စျာန်ကပို၍ပင်တိုးဖက်လိုက်ကာ

“ဟုတ်လို့လား မနေတတ်ဘူးဆိုတာသေချာလို့လား”
“.........” စျာန့်အမေးကိုဘာမှပြန်မဖြေသောအကောင်ပေါက်လေးကြောင့်စျာန်ပြုံးလိုက်ကာ

“ကလေး ကိုယ်အခုထိဘာမှမစားရသေးဘူးနော် ဗိုက်ဆာနေပြီ” အသံကိုနွမ်းပြပြလေးလုပ်ကာပြောနေသောကြောင့်ခွန်းသလည်းစျာန့်ဘက်အားလှည့်လိုက်ကာ

“အပိုတွေမပြောနဲ့ခင်ဗျား တခြားသူတွေနဲ့စားမှာဆို သွားစားလေ”
စျာန့်မှာခွန်းသ၏’ခင်ဗျား’ဆိုသောအသုံးနှုန်းကြောင့်ရင်ဘက်ပင်အောင့်သွားရသည်။သို့သော်ကိုယ်တိုင်ပြောခဲ့သောစကားကြောင့်

“ကိုယ်ကစလိုက်တာပါ ကလေးမပါဘဲဘယ်လိုလုပ်သွားစားမှာလဲ”
“တကယ်လား” သူ့အပြောအားမယုံသလိုကြည့်လာသောခွန်းသကြောင့်စျာန်လည်းခွန်းသနှာခေါင်းလေးအားဆွဲလိုက်ကာ

“ဒါပေါ့ ကိုယ်ကလိမ်ပါ့မလား ပြီးတော့ကိုကိုလို့ဘဲခေါ်ပါ နော် ခင်ဗျားလို့မခေါ်ပါနဲ့ ကိုကိုမခံစားနိူင်ဘူး” ထိုအခါခွန်းသ ကပိုတယ်ဆိုသောအကြည့်
ဖြင့်ကြည့်လာလေသည်။

“ကလေးကထမင်းမစားချင်ဘူးပြောလို့ကိုယ်ကပင်လယ်စာမှာလာတာ ကလေးစားမယ်မလား”

ပင်လယ်စာဆိုသောကြောင့်ခွန်းသမျက်လုံးလေးအရောင်လတ်လာကာ

“ဟီးဟီး စားမယ် ဒါကြောင့်ကိုကို့ကိုချစ်နေရတာ”

ဟုဆိုကာစျာန့်နံဖူးလေးအားခွန်းသ နမ်းလိုက်သည်။စျာန်နှင့်ခွန်းသတို့နှစ်ယောက်ညစာစားပြီးတော့အပြင်ထွက်ကာကမ်းခြေတွင်လမ်းလျှောက်ထွက်ကြသည်။လေအေးနုနုလေးတွေကတိုက်ခတ်နေသောကြောင့်ခွန်းသဆံပင်ပျော့ပျော့လေးတွေကလွင့်ချင်တိုင်းလွင့်နေလေသည်။စျာန့်မှာလမ်းလျှောက်ရင်းသူ့ဘေးနားကအကောင်ပေါက်ကိုကြည့်၍အချစ်ပိုနေရသည်။လမ်းလျှောက်နေရင်းခွန်းသက

“ကိုကို ကျွန်တော့်ကိုဘယ်တုန်းကစချစ်သွားတာလဲဟင်”

ခွန်းသအမေးကိုစျာန်ကခဏစဥ်းစားကာ

“အမှန်တိုင်းပြောရရင်မြင်မြင်ချင်းထဲကဘဲ
ကလေးကအရမ်းချစ်ဖို့ကောင်းတယ်”

စျာန့်အပြောကြောင့်ခွန်းသပြုံးလိုက်မိသည်။စျာန်ကခွန်းသလက်လေးအားဆုတ်ကိုင်လိုက်ကာ

“ကလေးကိုကို့ကိုထားမသွားဘူးမလားဟင်”
“ကျွန်တော်ကဘာလို့ထားသွားရမှာလဲကိုကိုရဲ့ ကျွန်တော်ကိုကို့ကိုဒီလောက်ချစ်တာကို” ခွန်းသလည်းပြုံးလိုက်၍စျာန့်ရှေ့မှာရပ်လိုက်ကာ

“ကိုကိုသိလား”
“………..”

“ကိုကိုကပင်လယ်ကြီးဆို
ကျွန်တော်က
ကိုကိုရိုက်ခတ်မဲ့ကျောက်ဆောင်ကမ်းပါးလေးဘဲကိုကို”

ခွန်းသအပြောကြောင့်စျာန်က ခေါင်းမော့ရယ်လိုက်ကာ

“ဟားဟား စကားတတ်လိုက်တာကိုကို့ကလေးလေးရယ် လာပါအုန်းကိုကို့ဆီ”

ဟုပြောကာခွန်းသအားရင်ခွင်ထဲထည့်ထားလိုက်သည်။ခွန်းသနှင့်စျာန်တို့ကမ်းခြေတွင်လမ်းလျှောက်ပြီးနောက်အခန်းသို့ပြန်လာကာအိပ်ရန်ပြင်လိုက်ကြသည်။ချစ်ရသူရဲ့ရင်ခွင်ထဲကိုခေါင်းလေးတိုးဝင်ကာအိပ်နေသောကောင်လေးရယ် အဲ့ကောင်လေးကိုဖက်ထားသောကောင်လေးရယ်ကြောင့်ညအချိန်လေးကလှပနေသည်။



မနက်ခင်းအချိန်အခါလေးကသာယာလှကာလှိုင်းသံလေးတွေပင်လယ်ရေအော်သံလေးတွေနဲ့ပြည့်စုံလို့နေသည်။ကုတင်ပေါ်ကလူသားနှစ်ယောက်ကတော့ဖက်အိပ်လျတ်မထကြသေးပေ။

ဒေါက်!!! ဒေါက်!!!

အပြင်ကတံခါးခေါက်သံကြောင့်ခွန်းသလည်းနိူးလာသည်။ဘေးနားကချစ်ရသူ၏မျက်နှာကြောင့်ကိုယ်တိုင်တောင်မသိပါဘဲပြုံး ကြည့်နေမိသည်။ခွန်းသလည်းချစ်ရသူ၏နံဖူးပြေပြေလေးကိုငုံ့နမ်းကာတံခါးဘက်ဆီသို့သွားလိုက်သည်။တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသောမျက်နှာကြောင့်လှပသည့်မနက်ခင်းအချိန်ခါလေးတောင်မှေးမှိန်သွားသလိုပင်။

“ဘာလို့လဲအမ”
“စျာန်နိူးပြီလား” အေးရိပ်ကလက်ပိုက်ကာခွန်းသအားကျော်၍အခန်းထဲသို့ဝှေ့ကြည့်နေသည်။

“မနိူးသေးဘူးအမ ဘာကိစ္စလဲ အိမ်ထောင်သည်တွေအခန်းကိုမလာသင့်ဘူးနော်”
“အဲ့ဒါငါ့ကိစ္စပါ စျာန်နဲ့အတူတူရေဆော့မလို့လာခေါ်တာ”

“ကိုကိုက ကျွန်တော့်ခင်ပွန်းပါ သိပ်မကပ်နဲ့”ပြောပြီးသည်နှင့်အခန်းတံခါးကိုပိတ်ချလိုက်သည်။အပြင်တွင်ကျန်ခဲ့သောအေးရိပ်ဖြူ ကတော့နှုတ်ခမ်းကိုက်ကာဒေါသထွက်နေသည်။အေးရိပ်လည်းအခန်းရှေ့မှလှည့်ပြန်ခဲ့ချိန် ဖုန်းတစ်ကောဝင်လာသောကြောင့်…..

“အေး ပြော”
“.............” တစ်ဖက်ကအပြောကြောင့်အေးရိပ်တစ်ယောက်မဲ့ပြုံးပြုံးလိုက်သည်။

‘အဟက် ခွန်းသ ခွန်းသ နင့်ကိုယ်နင်အထင်ကြီးနေတာဘဲ စျာန်ကနင့်ကိုလက်စားချေဖို့ယူခဲ့တာပေါ့’



အမုန်း၏နောက်ကွယ်(Complete)Donde viven las historias. Descúbrelo ahora