Ep 5

19.4K 872 3
                                        

Ep 5
“စျာန်”အသံနှင့်အတူရောက်လာသောမိန်းကလေးတစ်ဦး ပြီးတော့ဂါ၀န် အကြပ်ကိုမှပေါင်ထိရောက်အောင်တိုကပ်နေသောပုံစံနှင့်နှုတ်ခမ်းနီရဲရဲဆိုးထားကာ ဆေးဆိုးပန်းရိုက်မျက်နှာနှင့် စျာန်တို့ထိုင်နေသောဝိုင်းအား တည့်တည့်လျှောက်လာသောမိန်းကလေး…..

“စျာန် ထိုင်မယ်နော် ဒါနဲ့ဘယ်လာတာလဲကော်ဖီလာသောက်တာလားဟင်”
“ဟုတ်ကဲ့ ကျွန်တော် စျေးဝယ်ရင်းကော်ဖီလာသောက်တာပါ”ထိုအချိန် အေးရိပ်ဖြူက သူ့ဘေးကခွန်းသအားကြည့်လိုက်ကာ……

“ဒါနဲ့သူက စျာန့်ညီလေးလား ချစ်စရာလေးဘဲ အမနာမည်က အေးရိပ်ဖြူ ပါ”
“ဟုတ်ကဲ့ ကျွန်တော်က ဆက်ခွန်းသ ပါ”

“စျာန့်ညီလေးကအချောလေးနော် စျာန့်အတိုင်းဘဲ”
“ဒါက ကျွန့်တော်ညီလေးမဟုတ်ပါဘူးကျွန်တော်လက်ထပ်ထားတဲ့ကျွန်တော့်ခင်ပွန်းလောင်းလေးပါ”စျာန့်အပြောကြောင့်အေးရိပ်ဖြူက မျက်နှာတစ်ချက်ပျက်သွားလေသည်။သို့သော် ချက်ချင်းပြန်ပြုံးလိုက်ကာ

“ ဪ sorryနော်အမကမသိလို့ပါ “
“ရပါတယ်အမ မသိလို့ဘဲကို”

“စျာန်က မောင်လေးကိုတော်တော်ချစ်မဲ့ပုံဘဲနော်”
“အင်း ဒါကျွန်တော့်
ဘဝရဲ့အလင်းတန်းလေးလေဟုတ်တယ်နော်baby”
စျာန်လည်းခွန်းသအားbabyလို့ခေါ်လာ၍ ခွန်းသမှာကြောင်အနေစဥ်
“Babyနှုတ်ခမ်းမှာချောကလက်တွေပေနေပြီ လာကိုကိုသုတ်ပေးမယ်စားတာကလည်းကွာ ကလေးလေးကျနေတာဘဲ”ပြောပြီးသည်နှင့်ခွန်းသအားလက်မလေးနှင့်အသာယာသုတ်ပေးလိုက်ကာ လက်မတွင်ပေသွားသောချောကလက်တွေကိုစျာန် ကသူ့နှုတ်ခမ်းလေးနှင့်စုတ်ယူလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်နေရင်းပင် အေးရိပ်ဖြူမှာစိတ်ထဲတွင်လည်းသူ့ကိုအဖက်ပင်မလုပ်ဘဲ ကျီစယ်နေသောနှစ်ယောက်အားဒေါသထွက်နေမိသည်။
‘ဘာလဲငါကဒီကောင်လေးလောက်တောင်အရေးမပါဘူးလား ငါ့လိုအများကငေးကြည့်နေရအောင်လှတဲ့သူကလေဒီလိုဘာမဟုတ်တဲ့ကောင်လေးနဲ့မှ တောက်!!!’အေးရိပ်ဖြူကစိတ်ထဲတွင် ဒေါသထွက်နေသော်လည်း စျာန့်အရှေ့မှာမို့ဒေါသတို့အားဖြေသိမ့်ကာ ဟန်ဆောင်ပြုံးနေရသည်။

“Babyနှုတ်ခမ်းကချောကလက်မို့လို့လားဘဲ
အရသာရှိလိုက်တာချိုနေတာဘဲ”စျာန်ကတော့ပြုံးရင်သာပြောနေသော်လည်း ခွန်းသမှာတော့ သူ့ရှေ့မှာသူစိမ်းတစ်ယောက်ရှိနေ၍ မျက်နှာတို့နီရဲနေလေပြီ။

“စျာန်ကလဲကွာမစပါနဲ့တော့ ဟိုမှာ မောင်လေးက မျက်နှာတွေနီနေပြီ “
တကယ်တော့သူမက ထိုမြင်ကွင်းအားမမြင်ချင်တော့၍ ပြောလိုက်ခြင်းဖြစ်သည်။ခဏအကြာ အေးရိပ်မှာဆက်မကြည့်နိူင်တော့၍…….

“ဒါဆို ရိပ် သွားတော့မယ်နော် သွားစရာလေးလည်းရှိသေးလို့ခွင့်ပြုပါအုန်း မောင်လေးရောဘဲ”
“ဟုတ်အမ” အေးရိပ်ထွက်သွားပြီးနောက်ခွန်းသက စျာန့်ကိုကြည့်ကာ…….

“ကိုကို ကျွန်တော့်ကိုမုန်းနေသေးလားဟင်”
“ဘာလို့မေးတာလဲ”
“ဘာမှမဟုတ်ပါဘူးဒီတိုင်းဘဲမေးကြည့်တာပါ”
“မမေးနဲ့ ပြီးရင်ထတော့အိမ်ပြန်မယ်”အသံတွေအမူရာတွေကအစခုနကနှင့်မတူတော့သောစျာန်ကြောင့်ခွန်းသလည်းဆက်မမေးတော့ဘဲ ငြိမ်ငြိမ်လေးဘဲနေနေလိုက်သည်။

ကားထဲတွင်လည်းကိုကိုက မျက်နှာအားတည်တင်းနေလေသည်။

‘ကိုကိုရယ်ကျွန်တော့်ကိုမမုန်းလိုက်ပါနဲ့နော်
ကျွန်တော်အကြောက်ဆုံးက ကိုကို ကျွန်တော့်ကိုမုန်းသွားမှာကိုဘဲ”

ခွန်းသမှာစိတ်ထဲ၌ရေရွတ်နေရင်းမျက်ရည်များကလည်းကျနေမိသည်။

ကျွန်တော်ဆိုင်ထဲထွက်လာလိုက်ပြီးကားကိုသာအာရုံစိုက်မောင်းနေလိုက်သည်။ သူမေးသည့်မေးခွန်းကိုကျွန်တော်မဖြေနိူင်ပါ။ သူ့ကိုမုန်းလားဆိုတော့လည်း ဘယ်လိုမှမမုန်းနိူင်ပါ။ဒါပေမယ့်ကျွန်တော့်
ညီမလေးအကြောင်းပြန်တွေးမိတိုင်းနာကျင်ရသည်။ အဲ့အချိန်ဆိုကျွန်တော်သူ့ကိုမုန်းသည်။
သူ့ကြောင့်….ကျွန်တော့်ညီမလေးသေရတာ။
သူသာညီမလေးကိုအသည်းမခွဲခဲ့ရင်ညီမလေးကကိုယ့်ကိုယ်ကိုယ်သတ်သေမှာမဟုတ်ဘူး။သို့သော်တဖက်က ကျွန်တော့်
ရဲ့အသက်ထက်မက ချစ်တဲ့ချစ်ရသူ ….
တစ်ဖက်က ကျွန်တော့်ရဲ့အရေးပါဆုံး
သောလူသား……။
မျက်ဝန်းထောင့်မှခွန်းဘက်သို့အကြည့်ရောက်မိချိန် ကားမှန်ဘက်ခြမ်းသို့လှည့်နေသည့်ချစ်ရသူအားမျက်ရည်များဖြင့်တွေ့နေရသည်။သုတ်ပေးချင်မိသည်။ သို့သော်မျက်ရည်ကျသင့်သည်မလားကျွန်တော်ကညီမတစ်ယောက်လုံးဆုံးရှုံးသွားတာ ဒီလောက်တော့ပြန်ပေးဆပ်သင့်တာပေါ့။
တဖြေးဖြေးနှင့်မောင်းလာသောကားသည်အိမ်သို့ရောက်လာခဲ့ပြီ။ဂိုဒေါင်ထဲတွင်ကားကိုထားကာနှစ်ယောက်သားအပေါ်ထပ်အိပ်ခန်းသို့တက်ခဲ့ကြသည်။

“ကိုကို ရေချိုးတော့မလား ကျွန်တော်ရေစပ်ပေးမယ်လေ”
“ရတယ်ငါနားအုံးမယ်မင်းအရင်ချိုးနှင့်မင်းပြီးမှငါချိုးတော့မယ်”

“ဟုတ်ကိုကို”ခွန်းသရေချိုးခန်းထဲဝင်သွားတော့စျာန်လည်းပင်ပန်းနေ၍အိပ်ယာပေါ်သို့လှဲချလိုက်ကာနံဖူးပေါ်လက်တင်၍လွန်ခဲ့တဲ့အချိန်တွေကိုပြန်တွေးနေမိသည်။

လွန်ခဲ့သော အချိန်ကာလတစ်ခုခန့်က………
“ကိုကို ကလည်းညီမလေးကိုတောင်မစောင့်ဘူးစားနေပြီလား ဟွန့်”စူပုပ်ပုပ်လေးနှင့်ပြောနေသောသူ၏တစ်ဦးတည်းသောချစ်ရတဲ့ညီမလေး
ငွေနှင်းစျာန်…….
“မဟုတ်ပါဘူးညီမလေးရယ်ကိုကိုကအခုမှထိုင်တာပါညီမလေးကစောစောမှမထတာ”
“ကိုကိုကလည်းမထချင်ပါဘူး အခုလည်းနောက်မကျသေးပါဘူးနော် ကိုကိုကကျောင်းလိုက်ပို့ရမှာနော်”
“ဟုတ်ပါပြီဗျာ လိုက်ပို့ပါ့မယ် အခုတော့မနက်စာ စားလိုက်အုန်း ဟုတ်ပြီလား”

“ဟုတ်ကိုကို ဒါနဲ့
ကျောင်းရောက်ရင်ညီမလေးသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်နော်ကိုကို့ကို”
“အေးပါကွာ တော်ကြာညီမလေးသူငယ်ချင်းတွေက ကိုကို့ကိုကြွေနေမယ်နော်”

“အမယ် ကိုကိုက ကိုယ့်ဘာသာမြှောက်နေပြန်ပြီ သူတို့တွေကရည်းစားတွေနဲ့နော်ကိုကို့ကိုကြိုက်မှာတောင်မဟုတ်ဘူး ဟွန့်”
“ဟားဟား ဟုတ်ပါပြီကွာ ဒါနဲ့သူတို့ကရည်းစားနဲ့ဆိုတော့ ကိုကို့ညီမလေးကရောမရှိသေးဘူးလား”
“ညီမလေးကမရှိပါဘူးနော်” “ဟုတ်လို့လားကွာကိုကို့ညီမလေးကဒီလောက်ချစ်စရာကောင်းတာကို”
“ဟုတ်ပါတယ်ဆို ကဲစားလို့ပြီးပြီ ကိုကိုသွားမယ်”
“အမိန့်တော်အတိုင်းပါဗျာ”



အမုန်း၏နောက်ကွယ်(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ