Ep 19

12.5K 668 19
                                    

Ep 19

ခွန်းသလည်း စျာန်ပြောတဲ့အတိုင်းကုတင်ပေါ်တွင်သာ ငြိမ်ငြိမ်လေးနေနေလိုက်သည်။ခဏအကြာ....
ဆန်ပြုတ်ပန်းကန်ကိုင်ပြီးဝင်လာသောစျာန်....
စျာန်တစ်ယောက်ပန်းကန်ကိုင်ကာခွန်းသလှဲနေသောကုတင်ပေါ်သို့ကိုယ်တစ်ခြမ်းစောင်းပြီးဝင်ထိုင်လိုက်သည်။ပူနေသောဆန်ပြုတ်ကိုတဖူးဖူးမှုတ်၍
“ပါးစပ်ဟ ဆန်ပြုတ်သောက်မယ်”
“ဟို ကျွန်တော့်ဘာသာသောက်........”
“မရဘူး ငါတိုက်မယ်ဖျားနေတာကိုဘာလုပ်ချင်နေသေးတာလဲ ငြိမ်ငြိမ်မနေဘူး”
စျာန်နည်းနည်းအသံမာမာနှင့်ပြောလိုက်တော့ခွန်းသကိုယ်လေးတုန်သွားကာပါးစပ်ဟလိုက်သည်။စျာန်လည်းပြုံးလိုက်၍ဆန်ပြုတ်ခွံ့ကျွေးလိုက်သည်။

“ဒီလိုမှပေါ့ လိမ္မာတယ်” လိမ္မာတယ်ပြောကာဆံပင်လေးကိုလာပွတ်နေသောစျာန်ကြောင့်ခွန်းသမှာပြူးကြောင်ကြောင်လေးမော့ကြည့်နေသည်။
ခွန်းသလည်းဘာမှမပြာတော့ဘဲဒီအတိုင်းသာ ငြိမ်ငြိမ်လေးနေနေလိုက်သည်။ရုတ်တရက်ဆန်ပြုတ်သောက်နေရင်းခွန်းသမှာသတိရ၍စျာန့်အား...

“ဟိုသင်တန်းကိုလေ ခွင့်....”
“ကိုယ်ခွင့်တိုင်ပေးပြီးသွားပြီ”ခွန်းသ စကားပင်မဆုံးသေးအရင်ပြောလိုက်တဲ့စျာန်ကြောင့်ခွန်းသမှာပါးစပ်လေးပိတ်ကာငြိမ်နေလိုက်ရသည်။
ခွင့်တိုင်ထားပြီးပြီဆိုမှ စိုးရိမ်နေတဲ့ခွန်းသမျက်နှာလေးကကြည်လင်လာသည်။

ဘယ်လိုဘဲ လူသိတွေပြောပြော သင်တန်းတတ်တာမှမကြာသေးဘူးပျက်တယ်ဆိုတာတော့မကောင်းဘူးမလား။လူသိတွေပေမယ့်ဆရာနဲ့တပည့်ဘဲလေ။သူ့စည်းကမ်းနဲ့သူပေါ့။စျာန်လည်းခွန်းသအားဆန်ပြုတ်ခွံ့ကျွေးနေရင်း.....

“ဘာလို့လဲ ဆက်စားလေ”
“ကျွန်တော် မစားနိူင်တော့ဘူးဝပြီ” စျာန်လည်းဒီတော့မှဆန်ပြုတ်ပန်းကန်ကိုင်ကာ......

“ပန်းကန်သွားထားလိုက်အုန်းမယ်”
“ဟုတ်ကဲ့” ခွန်းသပြုံးမိသည်။ ကိုကို့ဆီကသာ
ဒီလိုဂရုစိုက်မှုတွေရမယ်ဆိုရင်နေ့တိုင်းလည်းနေမကောင်းဖြစ်နိူင်ပါတယ်။ပန်းကန်သွားထားပြီးတော့စျာန်လည်းအပေါ်ပြန်တက်လာပြီး.....

“ဆရာဝန်ကဆေးပေးသွားတယ်”
“ဆရာဝန်ခေါ်လိုက်တာလား........”
“ဟုတ်တယ်လေ ဒီတိုင်းဆိုဘယ်သက်သာမလဲ”
“ဟုတ်”စျာန်က ဆေးနှင့်ရေခွက်ကိုင်ကာခွန်းသအားကြည့်၍
“ဆေးသောက်မယ်နော်”
“ဟိုဆေး ဆေးကခါးတယ်မလား”
“ဆေးဆိုမှတော့ခါးမှာပေါ့ ပျောက်အောင်လို့တော့သောက်ရမယ်” ဆေးဆိုတဲ့အသံကြားတာနဲ့ခွန်းသမျက်နှာလေးရှုံ့ မဲ့သွားတာကိုမြင်သောစျာန်က

“အခုဆေးသောက်ရင်သောက်နော် မသောက်ရင်အသက်ရှူမဝတဲ့အထိမင်းနှုတ်ခမ်းတွေကိုနမ်းပစ်မှာ”
စျာန်ပြောလိုက်တော့ခွန်းသမှာလန့်သွားကာ
“ သောက်ပါ့မယ်”ဟုဆိုကာပန်းကန်ပြားလေးထဲက
ဆေးနှင့်ရေခွက်အားအမြန်ယူကာသောက်လိုက်သည်။မျက်နှာလေးလည်းမဲ့၍ပေါ့။ကိုကို့အပြောကြောင့်ကျွန်တော်လန့်သွားမိသည်။ဘာလို့ဆိုကိုကိုနှင့်ကျွန်တော်ရဲ့ချစ်သူသက်တမ်းတစ်လျှောက်လုံးမှာနံဖူးကလွဲလို့ကျန်တဲ့နေရာဘယ်နေရာကိုမှမနမ်းခဲ့ဘူးပါ။ကိုကိုကကျွန်တော့်အားဘယ်တော့မှလည်းအနိူင်မယူခဲ့ပါ။အဲ့ဒါကြောင့်လည်းအခုချိန်ထိတန်ဖိုးထားသည်ဟုခံစားမိသည်။
စျာန်တစ်ယောက်သူ့ရှေ့ကအကောင်ပေါက်လေးအားကြည့်ကာရယ်နေမိသည်။လန့်သွားတာလေးကချစ်စရာလေး။အခုတောင်ကျွန်တော့်အပြောကြောင့်ဒီလောက်လန့်နေရင်ကျွန်တော်သာတကယ်နမ်းရင် မေ့ပါမေ့သွားမလားမသိဘူး.......
“ဒါနဲ့လေ ကိုကိုဒီနေ့ရုံးမသွားဘူးလားဟင်” မျက်လုံးလေးကလယ်ကလယ်နဲ့မေးနေသောအကောင်ပေါက်လေးအားကြည့်၍ ဖက်နမ်းချင်နေမိသည်။ “မင်းကဒီလိုဖြစ်နေတာကိုငါကရုံးသွားရမှာလား”
“ဒါပေမယ့်ကိုကို့အလုပ်တွေကခွန်းသ ထက်ပိုအရေးကြီးပါတယ်”

“တော်ပြီမင်းထက်အရေးကြီးတာဘာမှမရှိဘူး” စျာန့်အပြောကြောင့် ခွန်းသတစ်ယောက်ကြိတ်ပျော်နေရသည်။

“ကဲ ဆေးသောက်ပြီးပြီဆိုတော့ခဏအိပ်တော့”
“ဟုတ်ကိုကို” ခွန်းသလည်းကုတင်ပေါ်တွင်လှဲကာမှိန်းနေလိုက်သည်။
“အိပ်ပျော်အောင်အိပ်နော် ငါအလုပ်လုပ်အုန်းမယ်”
စျာန်လည်းပြောပြီးတာနဲ့ အခန်းထဲမှာပင် ထိုင်ကာCompanyက အလုပ်တွေကိုလုပ်နေလေသည်။
…………………..

နေအလင်းရောင်လျော့၍နေဝင်သည့်အချိန်သို့ရောက်နေလေပြီ။
မကြာခင် ညနေချိန်ကိုကျော်လွန်၍ညအချိန်သို့ရောက်လာတော့မည်။တကျီကျီအော်မြည်နေကြသည်ငှက်လေးတွေပင်အိမ်တန်းတက်၍ညနေခင်းလေပြည်လေပြင်းလေးတွေတောင်တိုးဝှေ့နေကြပြီဖြစ်သည်။

“အင်း.......”
သံစွဲရှည်တစ်ခုနှင့်အတူ လေးပင်စွာပွင့်လာသောမျက်လုံးတစ်စုံ။မျက်လုံးကိုချက်ချင်းမဖွင့်သေးဘဲ ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။နေ့လယ်ထဲကညနေအထိအိပ်ခဲ့၍ထင် အဖျားရှိန်ကနဲနဲနွေးကာကျန်နေသေးသည်။ညနေထိအိပ်ရင်ဖျားနိူင်သည်ကိုပင်မေ့လျော့ခဲ့လေသည်။ခွန်းသမှာခေါင်းနည်းနည်းကိုက်နေ၍နားထင်ကိုလက်နှင့်ဖိထားလိုက်ကာထထိုင်လိုက်သည်။

ကျွီ......တံခါးဖွင့်ကာ ရေချိုးခန်းထဲမှထွက်လာသောစျာန် ခေါင်းလျှော်ထား၍ရေစိုနေသောဆံပင်များကိုတဘက်တစ်ထည်နှင့် ခေါင်းတွင်တင်၍သုတ်နေလေသည်။ခါးတွင်လည်းတဘက်တစ်ထည်သာရှိသောကြောင့်အပေါ်ပိုင်းတွင်ဟာလာဟင်းလင်းဖြစ်နေသည်။အားကစားလုပ်သောစျာန်ကရင်အုပ်ကျယ်ကျယ်နှင့် ဗိုက်နားတွင်လည်း Six_pack များကိုပိုင်ဆိုင်ထားကာ လက်မောင်းတွင်ရှိနေသောကြွက်သားများမှာလည်းသူ့နေရာနှင့်သူ။

ချပ်ရပ်နေကာတောင့်တင်းနေသောခန္ဓာကိုယ်ကတော်တော်ကိုကြည့်ကောင်းနေသည်။
မိန်းကလေးများအတွက်အားကိုးချင်စရာကောင်းသောယောင်္ကျားလေးများတွင်ပါဝင်နေလေသည်။

“ကြည့်နေတာမဝသေးဘူးလား”
“ဟင် မ.. မ မကြည့်ပါဘူး” ခွန်းသမှာ စျာန့်အားကြည့်နေတာ ဘယ်လောက်ပင်ကြာသွားသည်မသိစျာန်ပြောမှသတိဝင်လာ၍အကြောက်အကန်ငြင်းနေသည်မှာ စကားတောင်ထစ် နေလေသည်။

“ဪ မကြည့်ဘူး”
“အင်း......” စျာန်ကသူ့ဘာသာခေါင်းလေးတညိတ်ညိတ်နှင့်ပင်တွေးဆ ဆနှင့်ပြောကာ
ဗီရိုနားသွားပြီးအင်္ကျီလဲနေရင်းပင် အပြုံးကြီးပြုံး၍

“အင်း.....ကြည့်ချင်လည်းရပါတယ် ကိုယ်ကမင်းအပိုင်ပါဘဲ
မင်းခင်ပွန်းလေ ကြည့်လဲရပါတယ် ဟင်းဟင်း.....”

“ကြည့်ချင်လို့မဟုတ်ပါဘူး ကျွန်တော်လည်းယောင်္ကျားလေးပေမယ့်ကိုကို့လိုBodyမရှိလို့
ဟို မနာလိုလို့ကြည့်မိတာ ကြည့်ချင်လို့မဟုတ်ဘူး” ခွန်းသအပြောအားစျာန်ကခေါင်းပြန်သုတ်ရင်းပင်.....

“မင်းလေးကကိုယ့်လို Bodyတွေရှိနေဖို့မလိုဘူးချစ်ဖို့ကောင်းနေဖို့ဘဲလိုတာ မှတ်ထား” ပြောရင်းပင်ကုတင်နားသို့လာကာ ခွန်းသ၏နံဖူးပြင်အားစမ်းလိုက်သည်။

“အင်း....ကိုယ်ကနည်းနည်းလေးနွေးနေသေးတာပဲ ညနေထိအိပ်နေလို့နေမှာ ရေပတ်တိုက်ပေးမယ် ထ”

“ရ ရပါတယ် ကျွန်တော့်ဘာသာလုပ်နိူင်ပါတယ် နေကောင်းနေပါပြီ”
“မရဘူးငါကိုယ်တိုင်လုပ်ပေးမယ်မင်းလုပ်လို့တစ်ခုခုဖြစ်နေမယ် မင်းနေမကောင်းပြန်ဖြစ်ရင်ငါအလုပ်ပျက်တယ်”
ပြောပြီးသည်နှင့်စျာန်ကရေချိုးခန်းထဲဝင်သွားလေသည်။

‘စိုးရိမ်မဟုတ်ဘူးပေါ့သူအလုပ်ပျက်မှာစိုးလို့လား’



အမုန်း၏နောက်ကွယ်(Complete)Onde histórias criam vida. Descubra agora