Ep 9

12.5K 653 2
                                    

Ep 9

အပေါ်ထပ်က ရေချိုးခန်းထဲမှာ ငွေနှင်းတစ်ယောက်ရေချိုးနေသည်။
ရေချိုးခန်းထဲကငွေနှင်းအားကုတင်ပေါ်တွင်ထိုင်စောင့်နေသောချယ်ရီမှာပျင်းနေလေပြီ။ပါးစပ်ကလည်းရေချိုးတာကြာနေသောသူငယ်ချင်းမလေးအားမေတ္တာတွေပို့သနေသည်။

“ဟူး..... ငွေနှင်းမ မထွက်လာသေးဘူးရေချိုးတာ ဘာလို့အဲ့လောက်ကြာနေရတာလဲဟယ် ဘာလုပ်ရမလဲ”

“ဒါမှန်းသိ ငါ့ဘာသာအောက်မှာခွန်းသတို့နဲ့နေခဲ့ပါတယ် ကြာလိုက်တာ ဘယ်နှနှစ် ဘယ်ကာလက ဂျီးတွေချွတ်နေလဲမသိဘူး”

ချယ်ရီလည်းပြောရင်းဆိုရင်းနဲ့ အမှတ်မထင််ဟိုဖွင့်ဒီဖွင့်နှင့်အံဆွဲထဲသို့
လက်ရောက်မိသွားသည်။အဲ့အချိန် စာအုပ်တစ်အုပ် အနက်ရောင်အဖုံးလေးနှင့်ဘေးတွင်ဘောပင်ထည့်ရန်ပါသောအပေါက်လေးနှင့်စာအုပ်တစ်အုပ်။
“ဘာတွေရေးထားလဲဖွင့်ကြည့်ရမယ်”ချယ်ရီလည်းငွေနှင်းရဲ့စာအုပ်အားစပ်စုပြီးဖွင့်ကြည့်လိုက်ချိန်
“ဟင် သူ သူက တကယ်ကြီးလား”စာမျက်နှာအပြည့် ရေးထားသောစာလုံးများ ရင်ခုန်သံစကားများ........
ကျွီ........
“ဟယ် ချယ်ရီမ နင်ရောက်နေတာလား sorry ဟာငါကခေါင်းလျှော်နေတာနဲ့နည်းနည်းကြာသွားတယ်”ငွေနှင်းရေချိုးခန်းထဲကထွက်လာချိန်တွင်မှန်တင်ခုံရှေ့၌ထိုင်နေသောချယ်ရီက
လက်ထဲမှာလည်းတစ်ခုခုကို ကိုင်ကာမင်သေသေ နေနေသည်။
ငွေနှင်းလည်းချယ်ရီအနားသို့အရောက်
ချယ်ရီက လက်ထဲက စာအုပ်အားမြှောက်ပြကာ
“ငွေနှင်းမ နင် ဒါက....”
“ဟင်!!! နင်တွေ့သွားတာလား ဟိုငါ.....”
“နင်တကယ်ဘဲခွန်းသကိုကြိုက်နေတာလားငွေနှင်း...”
“ဟုတ်တယ် နင်ငါနဲ့ခွန်းသကိုစပြီးမိတ်ဆက်ပေးထဲကငါသူ့ကိုသဘောကျခဲ့တာ.....”သူ့သူငယ်ချင်းငွေနှင်းကခွန်းသကိုကြိုက်နေတာတဲ့လား။ဒါပေမယ့် မဖြစ်နိူင် ခွန်းသကငယ်ငယ်လေးထဲ ဘယ်မိန်းကလေးကိုမှစိတ်ဝင်စားခဲ့တာမဟုတ်ဘူး။
အဲ့လိုပြောလို့လည်းယောင်္ကျားလေးတွေကိုဘဲသဘောကျတာလားဆိုတော့လည်းမဟုတ်ပြန်။
သူကမိန်းကလေးတွေကို ရင်မခုန်တတ်သူ... ငယ်ငယ်ထဲကပေါင်းလာသောကြောင့်ခွန်းသအကြောင်းကိုသူသိသည်။
“ငွေနှင်း ငါနဲ့ခွန်းသက ငယ်ငယ်လေးထဲကပေါင်းလာတာပြီးတော့သူကမိန်းကလေးတွေကိုမကြိုက်ဘူးဟ ရင်မခုန်တတ်တာလို့ပြောရင်ပိုမှန်မယ်။ သိတယ်မလားနင်အဲ့လိုပုံစံတွေတွေ့ဖူးတယ်မလားငွေနှင်းနင်သူ့ကိုလက်လျော့လိုက်ပါဟာနင်ခံစားရမယ်ဟ”ချယ်ရီရဲ့အပြောကိုငွေနှင်းကခေါင်းခါလိုက်ကာ.......
“ဘာဘဲဖြစ်ဖြစ်ဟာငါလည်းသူ့ကိုချစ်နေတဲ့သူတစ်ယောက်ဘဲ ငါလည်းသူ့ကိုရင်ခုန်ပိုင်ခွင့်ရှိတယ်။ ကိုယ်ချစ်တဲ့သူကိုရယူပိုင်ခွင့်ရှိတယ်။ ငါအချစ်စစ်မှန်ရင် သူငါ့ကိုပြန်ကြိုက်လာနိူင်တာဘဲလေ “ချယ်ရီတစ်ယောက် သက်ပြင်းတွေသာချမိတော့သည်။
“နင်ထင်သလောက်မလွယ်ဘူးဟ”
“ဘာဘဲဖြစ်ဖြစ်ငါကြိုးစားမယ်ဟာ”ဟုတ်တယ် ငါနင့်ကိုချစ်တယ် ခွန်းသ ငါ့အချစ်မှန်ရင်နင်ငါ့ကိုပြန်ချစ်မှာမလား။ငါရင်ခုန်ဖူးတဲ့လူကနင်ကပထမဆုံးပဲမို့ငါ့ပထမဆုံးအချစ်မှာတော့မရှုံးချင်ဘူးဟာ ငါနင်ပြန်ချစ်လာအောင်ကြိုးစားမယ်။
………………………………………………………….
နောက်တစ်နေ့မနက်ပိုင်းတွင်
“ကသစ် ရောက်လာပြီလား”
“အေးနင်တို့ကိုပြောစရာရှိတယ်
ငါနောက်ရက် ငါ့အဘွားရှိတဲ့နိူင်ငံခြားကိုသွားတော့မယ်အဲ့မှာဘဲကျောင်းတတ်ရတော့မယ်ဟ”ကသစ်ရဲ့အပြောကြောင့် ချယ်ရီနှင့်ငွေနှင်းကမျက်လုံးပြူးသွားကာ.......

“ဟင်ချက်ချင်းကြီး”
“အေးဟုတ်တယ်အဘွားကလည်းနေမကောင်းလို့အဲ့မှာဘဲနေပြီးပြုစုရင်းကျောင်းတတ်မလို့ဟ “

“အဲ့တော့လာနှုတ်ဆက်တာပေါ့”
“အေးအဲ့လိုဘဲပေါ့ဟာ......”သူငယ်ချင်းတွေလည်းမျက်နှာတော့မကောင်းကြပေ။ ကသစ်နဲ့ကငယ်ပေါင်းတွေမဟုတ်ပေမဲ့ တော်တော်ခင်တဲ့သူငယ်ချင်းတွေလေ။
“မျက်နှာတွေစူပုပ်မနေကြနဲ့တော့ ငါဒီနေ့အတန်းမတတ်တော့ဘူး လိုအပ်တာတွေ ပြင်ရအုန်းမှာ သွားပြီခွန်းသကိုလည်းနှုတ်ဆက်တယ်လို့ပြောပေးအုန်း”
“အင်းကောင်းကောင်းသွားနော်”ကသစ် ဆိုင်ထဲကထွက်သွားတာနဲ့ ငွေနှင်းက ချယ်ရီကိုကြည့်ကာ…..
“ဟဲ့ခွန်းသရော မလာသေးဘူးလားချယ်ရီ”
“လာမှာပေါ့ဟ နင်လဲနော်မပြောချင်ဘူး မျှော်နေတာလည်ပင်းရှည်တော့မယ် ဟောဟိုမှာပြောရင်းဆိုရင်းလာနေပြီ”ခွန်းသလည်းဆိုင်ထဲကချယ်ရီတို့ဝိုင်းထဲဝင်အထိုင်....
“ဟဲ့ခွန်းသနင်ကလည်းကြာလိုက်တာ ကသစ်ကနိူင်ငံခြားမှာကျောင်းသွားတတ်တော့မယ်တဲ့”
“ဟုတ်လား”
“အေးအဲ့ဒါငါတို့ကိုလာနှုက်ဆက်သွားတယ်”
ချယ်ရီသာပြောနေတာ ငွေနှင်းကတော့ခွန်းသကိုသာထိုင်ကြည့်နေလေသည်။
“အဟမ်း....ငွေနှင်း နင်မုန့်စားအုံးလေ “
ချယ်ရီတစ်ယောက် ခွန်းသအား ဘလင်းဘလင်းဖြစ်နေသောမျက်လုံးများဖြင့်ကြည့်နေသောငွေနှင်းအား လုပ်ချောင်းဆိုးကာသတိပေးနေရသည်။
“အေးပါဟယ်နင်ကလဲ”
ခွန်းသကတော့သူ့ကိုကြည့်နေသည်ကိုပင်မသိ ဖုန်းသာထိုင်ဆော့နေသည်။

အိမ်ပြန်ချိန်တွင်.......
“ ချယ်ရီငါ ဒီနေ့သွားစရာရှိသေးလို့နင်ဘာသာပြန်တော့နော်အတူတူမပြန်တော့ဘူ”
“အေးအဲ့ဆိုလည်းပြီးရောငါကစာအုပ်သွားဝယ်အုန်းမှာ”
“ ဒါဆိုငွေနှင်းနဲ့အတူသွားတော့နော်”
“အေးအေး”ခွန်းသ သွားပြီးသိပ်မကြာငွေနှင်းရောက်လာကာ......

“ချယ်ရီခွန်းသရော”
“ဪ သူကသွားစရာရှိသေးလို့တဲ့ငါတို့က
စာအုပ်သွားဝယ်မှာမလား လာသွားမယ်”
ချယ်ရီနဲ့ငွေနှင်းစကားပြောရင်း နှစ်ယောက်သားကားမှတ်တိုင်သို့လမ်းလျှောက်လာခဲ့ကြသည်။
ကိုကို့ကိုလည်းလာမကြိုခိုင်းတော့ပဲသွားစရာရှိသေးလို့ဟုသာပြောထားသည်။စာအုပ်ဝယ်ပြီးအပြန်တွင်ဆိုင်တစ်ဆိုင်ထိုင်ဖြစ်ကြကာ......

“ချယ်ရီငါလေ ဟို...”
“ပြောလေ ဘာဖြစ်နေတာလဲနင်က”ငွေနှင်းတစ်ယောက်ပြောစရာစကားရှိသော်လည်းတွန့်ဆုတ်နေလေသည်။

“ငါ ငါလေ ခွန်းသကိုဖွင့်ပြောလိုက်တော့မယ်”
“ဟမ် နင်က.... သူကလက်ခံပါ့မလားဟာ နင်စဉ်းစားပါအုန်း”
ဟူး......ခက်တယ် ငွေနှင်းရယ်

“ဟင့်အင်း ငါပြောမှသူကပြန်ချစ်နိူင်မှာပေါ့ သူကငါ့ကိုလာမှမပြောတာဟ မဟုတ်ဘူး ငါချစ်မှန်းတောင်သိရဲ့လားမသိဘူး အဲ့ဒါကြောင့်ငါဖွင့်ပြောမလို့”
ဟုတ်တယ် ဒီတိုင်းနေတာထက်စာရင် ဖွင့်ပြောသင့်တယ်။

“အင်းနင့်သဘောလေ ငါကတော့နင့်ဘက်မှာအမြဲရှိပါတယ်”နင်သာခံနိူင်ရှည်ရှိပါစေ သူကမိန်းကလေးတွေစိတ်မဝင်စားဘူးဆိုတာသိရဲ့နဲ့ဟာ.....

“အင်းပါဟ ငါ့အချစ်စစ်မှန်ရင်တော့သူပြန်ချစ်မှာပေါ့”

“ငါဆုတောင်းပေးပါတယ်နင်အဆင်ပြေပါစေ”
ပြီးတာနဲ့စကားပြောပြီးနောက်ကိုယ်စီအိမ်ပြန်ခဲ့ကြသည်။
❤တဖတ်သတ်ချစ်ခြင်းတွေမှာ အရှုံးဆိုတာရှိစမြဲဘဲ❤



အမုန်း၏နောက်ကွယ်(Complete)Onde histórias criam vida. Descubra agora