Ep 43

8.5K 421 8
                                    

Ep 43

စျာန်တို့ချောင်းသာကပြန်လာပြီးထဲကCompany ရဲ့ ပရောဂျက်အသစ်တစ်ခုကြောင့်အလုပ်ရှူပ်နေလေသည်။ခွန်းသကတော့သင်တန်းပြီးလို့အိမ်မှာဘဲ ကြီးချိုနဲ့ဝိုင်းကူလိုက်သူငယ်ချင်းတွေနဲ့လည်လိုက်နှင့်ပင်အချိန်ကုန်နေသည်။စျာန်ကလည်းခွန်းသအားပင်ပန်းစေမည့်အရာတွေမှန်သမျှဘာမှမလုပ်ခိုင်းဟင်းချက်တာတောင်နေ့တိုင်းမချက်ခိုင်း။စျာန့်မှာ Companyတွင်နိူင်ငံခြားကကိုယ်စားလှယ်နှင့်တွေ့ပြီးပြန်လာ၍ခုံပေါ်တွင်ထိုင်ကာအမောဖြေနေသည်။

နေ့လည်စာစားချိန်ရောက်၍ခွန်းသအားဖုန်းဆက်လိုက်သည်။တီ...တီ..တီ...

“Helloကိုကို”

စျာန့်မှာကြားလိုက်ရတဲ့ဖုန်းထဲကအသံလေးကြောင့်အမောတောင်ပြေသွားမိသည်။

“ကလေးလေး ထမင်းစားပြီးပြီလား”

“မစားရသေးဘူးကိုကို ကိုကိုရော”
“ကိုကိုလည်းမစားရသေးပါဘူးခုမှအပြင်ကပြန်လာတာ”

“ဒါနဲ့ ကလေးကဘာလို့မစားသေးတာလဲ အချိန်တွေလွန်နေလိမ့်မယ်နော် ကလေး”
“ကျွန်တော်တစ်ယောက်တည်း စားရမှာပျင်းလို့ပေါ့ ကလေးကကိုကိုနဲ့အတူတူစားချင်တာ” အချွဲလေးကတော့ဖုန်းထဲကနေတောင်လူကိုချွဲနေလေသည်။

“အချွဲလေး အဲ့ဒါဆိုရင်ကျော်ထက်ကိုခေါ်ခိုင်းလိုက်မယ်ကိုကိုကသိပ်မအားလို့ “
“ရေး........ကျွန်တော်အိမ်ကထမင်းနဲ့ဟင်းယူခဲ့မယ်နော် တာတာ့ကိုကို မွ....” လိုချင်တာရသွားတော့စျာန့်စကားပင်မစောင့်ဖုန်းချ သွားသောကြောင့်စျာန်တစ်ယောက်ဖုန်းကိုတောင်မနာလိုဖြစ်ချင်မိသည်။စျာန်လည်းကျော်ထက်အားဖုန်းဆက်ကာခွန်းသကိုခေါ်ခိုင်းလိုက်ရသည်။

………………………………………………………….

ခွန်းသတို့Companyရှေ့သို့ရောက်တော့ကျော်ထက်ကကားပါကင်ထိုးနေ၍စောင့်နေလိုက်ပြီးအထဲသို့အတူတူဝင်လာခဲ့ကြသည်။ခွန်းသကိုမြင်တော့အကုန်လုံးနှုတ်ဆက်ကြ၍ပြန်နှုတ်ဆက်ကာပြုံးပြလိုက်သည်။ခွန်းသလည်းအကိုကျော်ထက်ကိုအရင်လွှတ်ကာ
Companyကအမတွေနှင့်ခဏစကားပြောနေလေသည်။

ဒေါက်!!!ဒေါက်!!!

“ဝင်ခဲ့”
“Boss အကိုလေးကိုခေါ်လာပါပြီ” ခေါ်လာပြီသာပြောတာခုထိမမြင်ရသေးသောကြောင့်

“ကျော်ထက်ပြောတော့လာပြီဆို ကလေးရော”
“ဟို အကိုလေးကရုံးကသူ့အမတွေနဲ့ခဏစကားပြောနေပါတယ်Boss” စျာန်တစ်ယောက်ကျော်ထက်ရဲ့အပြောကြောင့်စိတ်ထဲတွင်နည်းနည်းတော့မနာလိုဖြစ်မိသွားသည်။ကျော်ထက်က စျာန့်မျက်နှာအားကြည့်နေရင်းမှ

“Boss ကျွန်တော်ပြောစရာရှိပါတယ်”
“ပြော”

“Company ကပိုက်ဆံတွေပျောက်နေတာနေပိုင်ကိုဘယ်သူခိုင်းလဲသိရပါပြီ”
“ဘယ်သူလဲ” စျာန်ကမျက်မှောင်ကြုတ်ကာမေးလိုက်တော့ ကျော်ထက်က မျက်နှာတစ်ချက်ပျက်သွားကာ

“နေပိုင်ကိုနောက်ကွယ်ကခိုင်းနေတဲ့သူကမအေးရိပ်ဖြူပါBoss”
“ဘာ!!!” စျာန့်အသံသည်အနည်းငယ်ကျယ်လောင်သွားသည်။အရှေ့ကစားပွဲခုံကိုလည်းလက်သီးဖြင့်တချက်ထိုးလိုက်ကာ

“သေချာလား”
“သေချာပါတယ် Boss ချောင်းသာမသွားခင်တစ်ရက်အလိုက ကျွန်တော်Bossခိုင်းတဲ့ကိစ္စလုပ်ပြီးတော့စားသောက်ဆိုင်တစ်ဆိုင်မှာနေ့လည်စာဝင်စားတုန်းနေပိုင်နဲ့မအေးရိပ်ဖြူတို့ကိုတွေ့လို့
သူတို့နှစ်ယောက်နောက်ကိုမသင်္ကာတာနဲ့လိုက်ကြည့်တော့မအေးရိပ်ကကျွန်တော်တို့ဆီကအချက်လက်တွေကိုခိုးခိုင်းထားနေတာပါ”

“ပြီးတော့ဆောက်လုပ်ရေးပိုင်းနဲ့ဆိုင်တာတွေကိုရော စာရင်းမှာငွေပမာဏများများသုံးခိုင်းပြီးတော့ပစ္စည်းတွေကိုတော့စျေးပေါတာတွေကိုသုံးခိုင်းပြီးငွေလိမ်ခိုင်းထားထားပါ မအေးရိပ်ဖြူအဲ့လိုလုပ်ရတဲ့အဓိကအကြောင်းရင်းကိုတော့ကျွန်တော်ရှာနေပါတယ်Boss”


စျာန်လည်းကျော်ထက်၏ပြောစကားများကိုနားထောင်လို့အပြီးမှာတော့ဒေါသထွက်လွန်းလို့မျက်နှာတွေတောင်နီရဲနေလေပြီ။လုပ်ငန်းအတူလုပ်နေတာတောင် ဒီလိုကိစ္စမျိုးပြုမူရဲတာ ဘယ်နည်းတဲ့သတ္တိလဲ။

“ဟုတ်ပြီအကြောင်းရင်းကိုသေချာရှာဒီကိစ္စကိုမင်းတာဝန်ယူလိုက်တော့ အပြင်ကိုမပေါက်ကြားစေနဲ့မင်းသွားနားတော့ “
“ဟုတ်ကဲ့ပါ Boss” ကျော်ထက်ထွက်သွားပြီးသိပ်မကြာခင်မှာ ခွန်းသလည်းဝင်လာလေသည်။ခွန်းသ စျာန့်အားမျက်နှာချိုသွေးလိုက်ကာ

“ကိုကို အပြင်မှာအမတွေနဲ့ပြောနေလို့ စောင့်နေတာကြာသွားလားဟင်”
“ရပါတယ် ကိုကိုလည်းဒီမှာအလုပ်လုပ်နေတာပါ” စိတ်ထဲတွင်ဒေါသထွက်နေသော်လည်း အရှေ့ကကလေးရဲ့မျက်နှာကိုမြင်လိုက်ရတော့ မီးကိုရေနဲ့ဖြန်းလိုက်သလို ဒေါသတွေက ငြိမ်ကျသွားသည်။

“လာပါအုန်းကိုကို့ဆီ အလုပ်တွေလုပ်ရတော့မောနေတာ”

စျာန်ခေါ်လိုက်တာနဲ့အနားသို့ရောက်လာသောကောင်လေးအားခါးကနေကိုင်ကာပေါင်ပေါ်ဆွဲတင်လိုက်သည်။ပြီးသည်နှင့်နှုတ်ခမ်းလေးအားနမ်းလိုက်တော့......

“ကိုကိုနော်Companyမှာကို”
“ကိုကိုမခေါ်ရင်ဘယ်သူမှမဝင်လာရဲဘူး မခေါ်ဘဲလာခွင့်ရှိတာဆိုလို့ ဒီက ကလေးတစ်ယောက်ဘဲရှိတယ်” စျာန်က ခွန်းသရဲ့ မေးစေ့လေးကိုကိုင်ကာမျက်လုံးချင်းစုံစေ၍ပြောလိုက်လေသည်။

“ကိုကို ထမင်းစားမယ်လေ”
“အွန်း ကလေးကဆာနေပြီလား” ခွန်းသလည်းစျာန့်အားခေါင်းညိတ်ပြလိုက်ကာသူကိုယ်တိုင်ပင်ထမင်းစားဖို့ပြင်ဆင်ပေးနေသည်။

“ကိုကို ဒါကငါးသလောက်ပေါင်းအရိုးတွေပါစားလို့ရတယ်သိလားအရိုးတွေပါနူးအောင်ချက်ထားတာ”
“ကလေးချက်တာလား”စျာန်က သူ့ရှေ့က ငါးသလောက်ပေါင်းကိုကြည့်ကာမေးလိုက်သည်။

“မဟုတ်ဘူးငါးသလောက်ကကြီးချိုချက်ပေးတာ ကျွန်တော်ငါးသံပုရာပေါင်းလေးလုပ်ပေးထားတယ် စားကြည့်ပါအုန်းကျွန်တော်ချက်ထားတာကို”

ခွန်းသချက်ထားသည်ကိုစျာန်မြည်းလိုက်တော့တကယ်ကိုစာဖိုမှူးအတိုင်းပင်လက်ရာကရှယ်ကျနေသည်။သို့ပေမယ့်ခွန်းသအားစချင်၍မျက်နှာကိုမဲ့လိုက်တော့ခွန်းသမှာမျက်လုံးလေးပြူးကာ......

“ဟင် ကိုကို ဘာ ဘာဖြစ်တာလဲဟင်”
“ကလေး ငါး ငါးသံပုရာပေါင်းက” စျာန်ကဆက်မပြောဘဲရေသောက်လိုက်သောကြောင့်ခွန်းသလည်းပို၍ပင်ပျာယာခတ်သွားကာ

“မ မကောင်းလို့လားဟင် တောင်းပန်ပါတယ်ကိုကိုရယ် ကျွန်တော်ကဒီနေ့မှဒီဟင်းကိုစချက်တာဆိုတော့လေ ဟို ကျွန်တော်ဒီဟင်းကိုဖယ်လိုက်မယ်နော်”

“ဟဲဟဲ လန့်သွားလား အရမ်းကောင်းတယ်လို့ပြောမလို့”

မကောင်းဘူးထင်၍မျက်ရည်တွေဝဲကာပျာပျာသလဲနဲ့ဟင်းခွက်ကိုသိမ်းဖို့လုပ်နေသောခွန်းသရဲ့လက်တို့ရပ်တန့်သွားကာအရှေ့ကစပ်ဖြီးဖြီးမျက်နှာပိုင်ရှင်အားကြည့်၍

“ကိုကိုမကောင်းဘူးဗျာ ကျွန်တော်ကတော့ချက်တာမကောင်းဘူးထင်ပြီးဝမ်းနည်းသွားရတာ ကိုကို့ကိုစိတ်ဆိုးတယ် တော်ပြီမကျွေးတော့ဘူး”

မကျွေးဘူးဆိုကာဟင်းပန်းကန်တွေပြန်သိမ်းနေသောခွန်းသကြောင့်စျာန်အမြန်တားလိုက်ကာ

“ကလေးရယ် ကိုကိုက ကလေးကိုချစ်လို့စတာပါ ပြွတ်”

စျာန်လည်းခွန်းသ နှုတ်ခမ်းလေးအားလှမ်းနမ်းလိုက်ကာ

“စိတ်ဆိုးပြေတော့နော် မပြေရင်အဲ့နှုတ်ခမ်းကိုအသက်ရှူကြပ်တဲ့အထိနမ်းမှာနော် နမ်းရမလား”

နမ်းရမလားဆိုကာမျက်နှာရှေ့သို့ရောက်လာသောကြောင့်ခွန်းသမှာစျာန့်ပါးစပ်အားလက်နဲ့ပိတ်လိုက်ကာ

“မ မဆိုးတော့ဘူး ထမင်းစားကြမယ် ဟွန့် နမ်းချင်ရင်နမ်းချင်တယ်မပြောဘူး လူလည်ကျနေပြန်ပြီ”

ခွန်းသစကားကြောင့်စျာန်ကခွန်းသခေါင်းလေးအားပွတ်ကာရယ်လိုက်သည်။ပြီးနောက်ခွန်းသထည့်ပေးသောဟင်းတွေနှင့်သာစျာန်ကထမင်းဆက်စားနေသည်။




အမုန်း၏နောက်ကွယ်(Complete)Dove le storie prendono vita. Scoprilo ora