Ep 41
ခွန်းသလည်းတံခါးပိတ်ပြီးကုတင်ပေါ်သို့ပြန်တက်လာခဲ့ကာ မနိူးသေးသောချစ်ရသူ၏ရင်ခွင်ထဲကိုပြန်ဝင်ကာသူပါလှဲနေလိုက်သည်။နာရီဝက်လောက်အကြာမနက်စာလည်းစားရအုံးမှာဖြစ်၍စျာန့်အား နှိုးလိုက်သည်။
“ကိုကို ကိုကို ထတော့လေ”
“............” ခွန်းသက ကုတင်ပေါ်တွင်တုတ်တုတ်တောင်မလှုပ်သောချစ်ရသူကြောင့်ပြုံးလိုက်ကာ
“ကိုကို morning kissမယူဘူးလား အဲ့ဒါဆိုရင်လည်းကျွန်တော်ရေချိုးတော့မယ်နော် “morning kissဆိုသောအသံကြောင့်စျာန်မျက်လုံးပွင့်လာကာ
“ကိုကိုက စတာပါ ကလေးကုတင်ပေါ်တက်လာပြီးရင်ခွင်ထဲဝင်နေထဲကနိူးနေတာ ဒါနဲ့ဘယ်သွားတာလဲ”
“ဘယ်မှမသွားပါဘူးကိုကိုရဲ့ ကျွန်တော်ချယ်ရီဆီကဖုန်းလာလို့သွားပြောတာ” စျာန်လည်းခွန်းသအားဟုတ်မှာပါဆိုပြီးဆက်မမေးတော့ချေ ။
“အခုကိုယ်ထပြီနော်”
“အွန်း ထလေ လာ ရေချိုးရမယ်” ပြောပြီးသည်
နှင့်ကုတင်ပေါ်မှဆင်းဖို့လုပ်နေသောအကောင်ပေါက်လေးအား......
“ကလေးလေး ကိုယ့်ကိုလူလည်ကျ တယ်ပေါ့”
“ဘာကိုလဲ” နားမလည်သလိုပြန်ကြည့်နေသောခွန်းသကြောင့်......
“Morning kissဆို”
“ပြောမိလို့လား ဘယ်တုန်းကလဲ” စျာန်က ရူးချင်ယောင်ဆောင်နေသောအကောက်ပေါက်လေးကိုခါးကနေဆွဲယူကာရင်ဘက်ပေါ်တင်လိုက်ပြီး
“အဲ့ဒါဆိုသတိရအောင်လုပ်ပေးမယ်”
“မလုပ် အွန့် ကိုကို အွန့်” မျက်လုံးလေးပြူးကာထဖို့လုပ်နေသောကောင်လေးရဲ့နှုတ်ခမ်းလေးကို စျာန်လည်း အလျင်အမြန်ငုံထွေးလိုက်သည်။ချိုမြိန်သည်။ဆွဲဆောင်မှုရှိသည်။ထပ်ခါထပ်ခါစားသုံးချင်လာအောင်ပြုစားနိူင်သည်။အနမ်းတို့တာရှည်နေသောကြောင့်ခွန်းသမှာအသက်ရှူကြပ်လာကာစျာန့်ရင်ဘက်ကိုတွန်းမှ စျာန်က မလွှတ်ချင်လွှတ်ချင်နှင့်လွှတ်ပေးလိုက်သည်။အခုမှခွန်းသလည်းအသက်ကိုမနားတမ်းရှူနေကာ
“တော် တော်ပြီ ရေချိုးတော့မယ်”
“အတူတူချိုးမယ်လေ”
“ဟင် မရ အာ့ ကိုကိုလွှတ်ပေး မချိုးဘူး ကိုကို” ပြောပြီးသည်နှင့်စျာန်ကရေချိုးခန်းထဲသို့ပွေ့ချီကာခေါ်သွားသောကြောင့်ခွန်းသတစ်ယောက်အကြောက်ကကန်ငြင်းနေလေသည်။သို့ပေမယ့် ဘယ်လောက်ပဲငြင်းငြင်းအဖက်မတင်ဘဲ ရေချိုးခန်းထဲသို့ပါသွားရသည်။
.....................................
မနက်စာစားအပြီး ကမ်းခြေသို့ဆင်းလာကြကာ အဖွဲ့သားတွေလည်းရေကူးသည့်ဘောကွင်းတွေယူကာ ရေကူးသူကကူးနေသည်။တစ်ချို့ကလည်း ကမ်းခြေတွင်ဓာတ်ပုံရိုက်နေလေသည်။ခွန်းသနှင့်စျာန်ကတော့သူတို့နှင့်ဝေးရာတစ်နေရာသို့သွား၍သဲ ပြင်ပေါ်တွင်နှစ်ယောက်သားထိုင်လိုက်ကာကမ်းခြေကိုမျက်နှာမူပြီးခွန်းသကစျာန်ရဲ့ပခုံးလေးပေါ်တွင်ခေါင်းတင်ထားသည်။ခွန်းသနှင့်စျာန်က ရှပ်အဖြူကိုဆင်တူဝတ်ထားကာ ခွန်းသကအသားရောင်ဒူးလောက်ရှိသောဘောင်းဘီကိုဝတ်ထားပြီးစျာန်ကတော့ ခွန်းသလိုပင်ဒူးလောက်ရှိသောဘောင်းဘီအနက်ရောင်ကိုဝတ်ဆင်ထားသည်။
“ကိုကို “
“ပြောပါခင်ဗျ” စျာန်ကခွန်းသရဲ့ပခုံးလေးအားဖက်ကာထူးလိုက်လေသည်။
“ကိုကို ရေမဆော့ဘူးလား”
“ကလေးကဆော့ချင်လို့လား”
“ကိုကိုဆော့ရင်ဆော့မှာပေါ့”
“ကိုကိုကတော့ ကလေးသဘောပါဗျာ”ထိုအပြော
ကြောင့်ခွန်းသမှာပြုံးလိုက်မိသည်။
“ဒါဆိုလည်း ဒီလိုလေးဘဲထိုင်နေမလားလို့ပါ ကမ်းခြေကလှတယ်နော် ပြီးတော့မိုက်တယ်”
“ကိုကိုလား”
“မဟုတ်ပါဘူးလှိုင်းလေးတွေကိုပြောတာ”
“ကလေးစုတ်” ပြောပြီးသည်နှင့်စျာန်ကခွန်းသရဲ့ခေါင်းလေးကိုဖြည်းဖြည်းလေးထုလိုက်ပြီး
တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်မိသည်။ပြုံးနေရင်း ခွန်းသက မျက်နှာလေးနည်းနည်းတည်သွားကာ......
“ကိုကို ကလေးလိုချင်လားဟင်” ရုတ်တရက်ထပြောလာသောခွန်းသ၏စကားကြောင့်စျာန်လည်းမျက်မှောင်ကြုတ်မိသွားကာ......
“ဘာလို့လဲ ကလေးကလိုချင်လို့လား”
“မဟုတ်ပါဘူး ဒါပေမယ့်အိမ်ထောင်တစ်ခုမှာကလေးရှိမှပြည့်စုံမှာမလား ကျွန်တော်ကကိုကို့အတွက်
ကလေးမှမမွေးပေးနိူင်တာ အဲ့တော့....”
“ဒီမှာ ကိုယ်သာ ကလေးလိုချင်ရင်မိန်းမယူမှာပေါ့ ကိုယ့်အတွက် ကလေးရှိမှပြည့်စုံတဲ့အိမ်ထောင်ရေးထက် သစ္စာရှိပြီးကိုကို့ကိုထာဝရချစ်နေပေးတဲ့ဆက်ခွန်းသဆိုတဲ့ဒီလူသားလေးဘဲလိုအပ်တယ် သိရဲ့လား”
စျာန့်အပြောကြောင့်အေးရိပ်ပြောခဲ့သည့်စကားလုံးတွေကိုခွန်းသ သိပ်တော့မစိုးရိပ်တော့ပါ။သို့ပေမယ့် ဝမ်းနည်းမှုကြောင့်ခွန်းသမှာ ရုတ်တရက်မျက်ရည်ဝဲလာကာစျာန့်ကိုဖက်လိုက်ပြီး......
“ကျေးဇူးပါ ကိုကို ကျွန်တော့်ကို ကိုကို့ဘဝထဲဝင်ခွင့်ပေးလို့”
ထိုအခါစျာန်ကခေါင်းခါလိုက်ပြီး
“ဟင့်အင်းကိုကိုကသာကျေးဇူးတင်ရမှာ ကလေးလေးကိုပိုင်ဆိုင်ခွင့်ရလို့ ကိုကိုအရင်ကမကောင်းခဲ့တာတောင်မှ ကလေးက ကိုကို့ကိုဘဲရွေးချယ်ပေးခဲ့လို့ ကိုယ်ကကျေးဇူးတင်တယ်နော် ချစ်တယ်ကလေးလေး”
“ကျွန်တော်လည်းချစ်တယ်ကိုကို”
ရေပြင်ကျယ်ကြီးရှေ့တွင်မျက်ရည်တွေကျကာတစ်ယောက်ကိုတစ်ယောက်ဖက်၍ချစ်ခြင်းတည်နေသောလူသားနှစ်ယောက်သည်လှပသောပန်းချီကားတစ်ချက်လိုပင်။
စျာန်နှင့်ခွန်းသတို့ဓာတ်ပုံတွေရိုက်လိုက်ရေဆော့လိုက်နှင့်ပျော်နေချိန်အနားသို့အေးရိပ်ရောက်လာသည်။ရေကူးဝတ်စုံမပေါ်ရုံတမယ်ဝတ်ထားသောအေးရိပ်သည် ကမ်းခြေကပုရိသအပေါင်းကိုဆွဲဆောင်နိူင်သော်လည်းစျာန့်ကိုတော့မဆွဲဆောင်နိူင်သေးပါ။အေးရိပ်က စျာန်တို့အနားကိုရောက်သည်နှင့်
“စျာန် ရိပ်နဲ့ရေဆော့မယ်လေ”
“ဪ ကျွန်တော်မဆော့တော့ဘူးဗျ ခုနထဲကဆော့နေတာ ကလေးလည်းချမ်းနေပြီ” စျာန့်အပြောကြောင့်အေးရိပ်ကခွန်းသဘက်သို့လှည့်ကြည့်လိုက်ပြီး မျက်နှာရှုံ့လိုက်သည်။ပြီးတာနဲ့အေးရိပ်လည်းစျာန့်ကို ပြန်ပြုံးပြကာ
“ဒါဆို ညကျရင်မီးပုံပွဲလုပ်ပြီးတော့ ဂိမ်းကစားကြမယ်တဲ့ စျာန်လာမှာလားဟင်”
“ကလေးလာချင်ရင် လာခဲ့ပါ့မယ် အခုတော့သွားခွင့်ပြုပါအုန်း”
ဟုပြောကာခွန်းသအားလက်ဆွဲကာထွက်သွားသောစျာန်ကိုကြည့်ပြီးအေးရိပ်တစ်ယောက်မဲ့ပြုံးပြုံးလိုက်သည်။
‘တစ်နေ့တော့ရှင်ကျမလက်ထဲကိုရောက်လာအုန်းမှာပါ’
ညရောက်တော့ကမ်းခြေနားတွင်မီးပုံပွဲလုပ်ကာဝိုင်းထိုင်လိုက်ပြီး ဂိမ်းဆော့ဖို့အတွက်ပြင်ဆင်နေကြသည်။လက်ထဲတွင်လည်းအသားကင်များကိုင်ကာဝိုင်ပုလင်းတွေနှင့်သာယာနေကြသည်။
အေးရိပ်ကတော့ရောက်နေပြီဖြစ်ကာ ခဏကြာမှစျာန်နှင့်ခွန်းသတို့ရောက်လာကြ၍အကုန်လုံးနှုက်ဆက်ကြသည်။
“ခွန်းလေး အမတို့နဲ့အသားကင်လာစားလေ ဒီမှာကင်ထားတာတွေရှိတယ် “
“ဟုတ် ကျေးဇူးပါအမ”
ခွန်းသက ခေါင်းလေးညိတ်ကာ ပြုံးလိုက်သောကြောင့်
“မောင်လေး ဟိုတစ်မျိုးမထင်ပါနဲ့နော် အမတို့ကမောင်လေးကိုကိုယ့်မောင်လေးလိုဘဲသဘောထားတာပါ”
သူ့ရှေ့တွင် အားနာသလိုပြောနေသော အမတွေကြောင့်ခွန်းသမှာ ကြောင်တောင်တောင်လေးဖြင့်
“ဟုတ် ဘာဖြစ်လို့လဲ အမ”
“ပါးလေးဆွဲလို့ရမလားဟင် မောင်လေးကအရမ်းချစ်ဖို့ကောင်းနေလို့ပါ”
“အာ....ရပါတယ်အမ ကျွန်တော်ဘယ်လိုမှမထင်ပါဘူး”
ပြောပြီးသည်နှင့်ချစ်စရာလေးလို့ပြောကာပါးဆွဲသူကဆွဲ အအေးတိုက်သူကတိုက်အကင်ကျွေးသူကကျွေးနှင့်ခွန်းသတစ်ယောက် ကုမ္ပဏီက မမတွေနားမှာသာယာနေသည်။
မသာယာနိူင်သူကတော့စျာန်ပင်။ကောင်မလေးတွေကြားတွင်ပျော်နေသောခွန်းသကိုကြည့်ကာစျာန်တစ်ယောက်ဂျယ်လီနင်နေပြီဖြစ်သည်။ခဏအကြာ ခွန်းသအား သွားခေါ်ကာဘေးနားတွင်ထားထားလိုက်သည်။သူကတော့ဘာမှမသိ စျာန်ကတော့ပစ်ထားခံရ၍စိတ်မကြည်တော့ပေ။
ВЫ ЧИТАЕТЕ
အမုန်း၏နောက်ကွယ်(Complete)
Любовные романыနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်