Ep 32
အေးရိပ်ဖြူတစ်ယောက်ဟိုနေ့ကစျာန့်ရုံးခန်းထဲမှာဖြစ်သွားသောကိစ္စကြောင့်ကျေနပ်နေမိသည်။အခုလည်းCoffeeဆိုင်တစ်ဆိုင်တွင်ထိုင်ကာလူတစ်ယောက်နှင့်ဖုန်းပြောနေသည်။
ဟင် ငါအဲ့ဒါကိုသေချာမှာထားတာလေ ဘယ်လိုဖြစ်ရပြန်တာလဲအေးရိပ်ဖြူအပြောကို တဖက်က
ဒီမှာငါတို့လည်းကြပ်တည်းနေတာကွ ခုလည်းရဲတွေက နေရာတိုင်းမှာရှိနေတာခြေရာခံမိသွားလို့မဖြစ်ဘူး မင်းနားလည်လား အေးရိပ်ဖြူတစ်ယောက်တဖက်ကစကားကြောင့်ချက်ချင်းပင်မျက်နှာကခက်ထန်လာကာ
အဲ့ဒါဆိုငါမှာထားတာကမရနိူင်ဘူးပေါ့ဟုတ်လား ငါကဒီမှာအဆင်မပြေဘူးငါဆေးလိုနေတာ
အေးရိပ်ဖြူက Coffeeဆိုင်ထဲမှာမို့စကားကိုခပ်တိတ်တိတ်ပြောနေလေသည်။
ငါတို့လည်းဆေးမရှိဘူးငါတို့တောင်အနိူင်နိူင် တော်ပြီဒါဘဲ
တီ!
ပြောပြီးသည်နှင့်တစ်ဖက်ကဖုန်းချသွားသောကြောင့်
တောက်စ်....လူးပါးဝလိုက်တာ အဲ့ဒါဆိုငါကဘာလုပ်ရမှာလဲဆေးလိုနေပါတယ်ဆိုမှထိုအချိန်
Babyအေးရိပ်ဖြူလည်းဒေါသကြောင့်အံကိုကြိတ်ထားရကာ အနောက်ဘက်မှခေါ်သံကြောင့်လှည့်ကြည့်လိုက်မိသည်။
Babyနေကောင်းတယ်နော်အေးရိပ်ဖြူမှာသူ့ဆီလာနေသောလူတစ်ယောက်ကြောင့်မျက်လုံးပြူးသွားကာ
နင် နင်သီဟမလားငါ့ဆီဘာလာလုပ်တာလဲ
ဘာဖြစ်တာလဲ အရင်ကလည်းပတ်သတ်ဖူးတာကိုဘာတွေကြောက်နေတာလဲ
ငါကဘာလို့ကြောက်ရမှာလဲ
ဟုတ်လား ဒါနဲ့ငါဒီအတောတွင်းစုံစမ်းနေတာ နင်ကသူဌေးတစ်ယောက်ကို အပိုင်ကြံနေတယ်ဆိုဟုတ်လား
နင် နင်ဘယ်လိုသိတာလဲ နင့်ကိုဘယ်သူပြောတာလဲ
ဒါကငါ့အလုပ်ပါ ပြီးတော့နင်ဆေးလိုနေတာမလား သီဟက အေးရိပ်ဖြူရဲ့နားနားသို့ကပ်ကာခပ်တိုတိုးဖြင့်ပြောလိုက်တော့.
ဟုတ်တယ် အဲ့ဒါငါ့ကိစ္စနင်နဲ့မဆိုင်ဘူး
အေးရိပ်ဖြူရဲ့အပြောကိုသီဟကတစ်ချက်ရယ်လိုက်ကာ
ငါကနင်လိုနေတဲ့ဆေးပေးမယ်ဆိုရင်ရော
နင် နင်တကယ်ပြောတာလားသူလိုနေသောဆေးအား သီဟကဆေးပေးမယ်ဆိုသောကြောင့်အေးရိပ်ဖြူ မျက်လုံးတို့အရောင်လတ်သွားလေသည်။သို့ပေမယ့်သီက ကမဲ့ပြုံးတစ်ချက်ပြုံးကာ
အလကားတော့မရဘူး
ငါလိုချင်တာပြန်ပေးရမယ်
နင်ကဘာလိုချင်တာလဲ
အဲ့ဒါကိုနောက်မှပြောကြတာပေါ့ ဖုန်းဆက်လိုက်မယ်
Okလေကောင်းပြီ
သီဟနဲ့အေးရိပ်ဖြူ က နိူင်ငံခြားမှာတည်းကပတ်သတ်ခဲ့ဖူးကြသည်။ထို့အပြင်ရည်းစားဟောင်းတွေဆိုပိုမှန်
လိမ့်မည်။အေးရိပ်ဖြူ ကငွေမက်သောကြောင့်နောက်ဆုံး အထည်ကြီးပျက်ဖြစ်နေသောသီဟကိုထားခဲ့ကာမြန်မာနိူင်ငံသို့ပြန်လာခဲ့သည်။အခုတော့ကံတရားကသူတို့နှစ်ယောက်ကိုနောက်တစ်ကြိမ်တွေ့ဆုံစေပြန်သည်။
ကောင်းပြီ ဒါဆိုငါပြန်ပြီ သီဟကပြောရင်းပင်အောင်နိူင်သူအပြုံးပြုံးကာထွက်သွားလေသည်။
.
ဟိုနေ့ကစျာန်နှင့်ခွန်းသစကားများပြီးထဲကတစ်ယောက်နှင့်တစ်ယောက်စကားမပြောဘဲတိတ်ဆိတ်နေကြသည်။မနက်ပိုင်းဆိုရင်ခွန်းသကစျာန့်ကားထဲတွင်ထိုင်စောင့်နေပြီးစျာန်ကလည်းခွန်းသအားသင်တန်းသို့ပို့ပေးလေသည်။ဘာလိုလိုနှင့်ခွန်းသသင်တန်းတတ်နေတာ၃လလောက်ရှိနေပြီ။တော်တော်လေးလည်းချက်တတ်နေပြီဖြစ်သည်။သို့သော်အိမ်မှာတော့တစ်ခါမှမချက်သေး။သင်တန်းရှေ့သို့ရောက်၍စျာန်တစ်ယောက်ကားရပ်လိုက်သည်။ခွန်းသလည်းဘာမှမပြောဘဲနှင့်ဆင်းသွားလေသည်။စျာန်က ကားကွေ့ကာCompanyသို့မောင်းထွက်သွားသည်။သင်တန်းရှေ့တွင်ဝေယံနှင့်တွေ့ကာဝေယံက
ခွန်းသသူကဘယ်သူလဲ
သူကငါ့ခင်ပွန်းပါခွန်းသစကားကြောင့်ဝေယံက
ဟင်အဲ့ဒါဆိုရင်မင်းကအိမ်ထောင်ရှိတယ်ပေါ့"
အေးဟုတ်တယ်ဘာလဲ ငါကယောင်္ကျားချင်းယူထားလို့ မင်းငါ့ကိုရွံသွားပြီလား
ငါကလား ဘယ်ကသာကွာအချစ်မှာသတ်မှတ်ချက်တွေမလိုပါဘူးငါနားလည်ပါတယ်ဘာဘဲဖြစ်ဖြစ်မင်းကငါ့သူငယ်ချင်းဘဲလေ
အင်း ငါ့ကိုနားလည်ပေးလို့ကျေးဇူးပါကွာ ခွန်းသမှာ ဝေယံစကားကြောင့်ပြုံးသွားရသည်။ဘယ်လိုဘဲသူစိမ်းပြောပြောဝေယံကတော့ကျွန်တော့်အပေါ်တော့တကယ်ကိုသူငယ်ချင်းကောင်းဘဲ။
At Company
ဒါဘယ်လိုဖြစ်တာလဲကျော်ထက်
စျာန့်မှာCompanyတွင်စာရင်းတွေကွာဟနေလို့စိတ်တိုနေလေသည်။စျာန်ကမျက်မှောက်ကြုတ်လိုက်ကာဖိုင်တွဲအားကျော်ထက်ဆီပြန်ပေးရင်း.
ဒီကိစ္စကိုစုံစမ်းထားကျော်ထက်
ဟုတ်ကဲ့Boss ကျော်ထက်တစ်ယောက်ခေါင်း
ညိတ်၍သာအခန်းထဲမှထွက်လာခဲ့သည်။စျာန်လည်းစုံလယ်ထိုင်ခုံတွင်ထိုင်ကာခေါင်းကိုမော့ထားသည်။Companyမှာလည်းအဆင်မပြေသလိုအိမ်မှာလည်းခွန်းသနှင့်အဆင်မပြေသောကြောင့်သက်ပြင်းတွေသာချနေရသည်။ဟိုနေ့ကခွန်းသကိုပြောတာတော်တော်လွန်မှန်းကိုယ့်ကိုယ်ကိုယ်သိသည်။ဒေါသထွက်လို့သာပြောလိုက်တာစိတ်ထဲကမပါ။အခုလည်းCompanyကငှတှေကေိုအလှှဲသုံးစားလုပျနသေောသူကိုစုစမျးရအုံးမညျ။အခြိနျကား
ကြည့်လိုက်တော့၄နာရီဖြစ်နေ၍အကောင်ပေါက်လေးအားသင်တန်းသို့သွားကြိုရန်ထွက်ခဲ့သည်။
ခွန်းသတစ်ယောက်စျာန့်အားသင်တန်းရှေ့တွင်စောင့်နေလေသည်။ဝေယံတို့ကဒီနေ့သွားစရာရှိလို့ဆိုကာခွန်းသအားမစောင့်ပေးတော့ဘဲထွက်သွား၍ခွန်းသမှာတစ်ယောက်တည်း ဖြစ်နေလေသည်။မကြာခင်သင်တန်းရှေ့သို့ကားရပ်လိုက်တော့အိမ်က ကာားဖွဈနေ၍ခှနျးသလညျးကားပေါျသို့တတျခဲ့လိုကျသညျ။
ဘာစားအုံးမလဲ
ကျွန်တော်မစားတော့ပါဘူး ခွန်းသကမစားဘူးပြောလိုက်ပေမယ့် စျာန်ကတော့ဆိုင်တစ်ဆိုင်ရှေ့တွင်ကားရပ်လိုက်သည်။စျာန်က ဆင်းသော်လည်းခွန်းသ ကတော့အခုထိထိုင်နေဆဲပင်.
လာလေ ငါချီရမှာလား
ကျွန်တော်မစားချင်ဘူး
ဒါပေမယ့်ငါစားချင်တယ် မင်းပါစားရမယ်လာ လိုက်ခဲ့
ကျွန်တော်မလိုက်ချင်လို့ပါ စျာန်လည်းမတစ်လုံးဆောင်နေသောခွန်းသအားကားတံခါးဖွင့်ကာချီလိုက်သည်။ခွန်းသမှာရုတ်တရက်အချီခံလိုက်ရ၍လန့်သွားကာလက်ကစျာန့်လည်ပင်းသို့သိုင်းဖက်လိုက်မိသည်။သိုင်းဖက်ထားသောလက်ကိုစျာန်ကကြည့်ပြီးပြုံးလိုက်ကာ.....
ဪလက်စသတ်တော့ဖက်ချင်လို့ငြင်းနေတာကို ဟုတ်လား စျာန့်စကားကြောင့်ခွန်းသလည်းမျက်လုံးလေးပြူးကာ
မ မဟုတ်ပါဘူးကျွန်တော်မလိုက်ဘူးလို့ပြောတယ်လေ
အဲ့ဒါဆိုအခုလိုက်မှာလား မလိုက်ဘူးပြောရင်အထဲကိုချီသွားမှာနော်
လိုက် လိုက်ပါ့မယ် ကျွန်တော့်ကိုချပေးပါထိုအချိန် ခွန်းသပြောလိုက်သောစကားကိုစျာန်က အထနကောက်ကာ
ဟင် ချပေးရမှာလားဒီနေရာမှာလေ
ဘာ ဘာ ဘာတွေပြောနေတာလဲအောက်ကိုချခိုင်းတာ စျာန်ကခွန်းသအားအောက်သို့မချပေးသေးဘဲ
ဟင် ကိုယ်လဲအောက်ကိုဘဲချမှာလေ စျာန်ကမျက်ခုံးပင့်ကာပြုံး၍ပြောနေသည်ကိုခွန်းသမှာအထာပေါက်၍မျက်နှာလေးရဲကာ
ဒီမှာ ခင်ဗျားကျွန်တော့်ကိုချီထားလို့မြေကြီးပေါ်ကိုချခိုင်းတာဘာတွေထင်နေတာလဲ
ဘာခင်ဗျားလဲ ကိုကိုမဟုတ်ဘူးလား
ဟုတ်တယ်ဗျာ ဟုတ်တယ် ကိုကိုကျွန်တော့်ကိုမြေကြီးပေါ်ကိုချပေးပါနော်ထိုအခါမှ
အင်း ဒီလိုမှပေါ့ နောက်တခါခင်ဗျားလို့ခေါ်ရင်အဲ့နှုတ်ခမ်းကိုအပြစ်ပေးမယ် စျာန်လည်းခွန်းသအားလက်ဆွဲကာစားသောက်ဆိုင်ထဲသို့ဝင်သွားလေသည်။လူတွေကစျာန်တို့ကိုကြည့်နေသော်
လည်းစျာန်ကတော့ဂရုပင်မစိုက်သူ့အကောင်ပေါက်လေးအားဖက်ကာခုံတွင်နေရာချပေးနေသည်။
YOU ARE READING
အမုန်း၏နောက်ကွယ်(Complete)
Romanceနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်
