Ep 15
သင်တန်းချိန်ကမနက်၈နာရီခွဲမှညနေ၄နာရီထိဖြစ်သည်။
ကျွန်တော်လည်းမနက်စောစောထ၍ရေချိုးထားလိုက်သည်။ကိုကိုကတော့မနိူးသေးပါ။ အောက်ဆင်းလိုက်သည်နှင့်မနက်စာပြင်နေသောကြီးချိုနှင့်ဆုံ၍......
“Morning ကြီးချို”
“Morning ပါသားခွန်းရယ်”
နှုတ်ဆက်ပြီးသည်နှင့်ကြီးချိုက မနက်စာလုပ်ပေးလေသည်။ပေါင်မုန့်ကြက်ဥကြော်ဆိုကျွန်တော်အရမ်းကြိုက်သည်။ဒါကြောင့်လဲ ကြီးချိုကအမြဲတမ်းလုပ်ပေးသည်။
“သားခွန်းလေးစားတော့လေ ဘာလိုသေးလို့လဲ”မနက်စာမစားဘဲထိုင်နေသောကြောင့်ထင်သည်ကြီးချိုကမေးလေသည်။
“ဘာမှမလိုပါဘူးကြီးချိုရဲ့ကိုကိုနဲ့မှတူတူစားမလို့ ပြီးတော့ဒီနေ့ ကျွန်တော်အိပ်ယာထတာစောတယ်လေအဲ့ဒါကြောင့်ကိုကို့ကိုစောင့်နေတာတူတူစားမလို့”
ကျွန်တော်အိပ်ယာထစော၍မနက်စာဝိုင်းတွင်ရှိနေသော်လည်းမစားချင်သေးပါ။ ကိုကိုနှင့်မှတူတူစားချင်သည်။
“ဟုတ်ပါပြီ ဒါဆိုကြီးချို စျေးသွားအုန်းမယ် ဒီနေ့လိုတာတွေကနည်းနည်းများတော့စောစောသွားမှဖြစ်မယ် “
“ဟုတ်ကဲ့ကြီးချို”
“သားစျာန်အတွက်လည်းအဆင်သင့်ဘဲနော် Coffeeလေးထည့်ရုံဘဲ ကြီးချိုသွားပြီနော်”
“ဟုတ်ကဲ့ကြီးချို”ကြီးချိုကပြောပြီးသည်နှင့် ဆွဲခြင်းကိုင်ကာစျေးသွားလေသည်။မနက်စာဝိုင်းတွင်ကျွန်တော်တစ်ယောက်ထဲသာရှိနေကာကိုကိုလည်းမနိူးသေး၍ သတင်းစာဖတ်ရင်းစောင့်နေလိုက်သည်။
နေရောင်ခြည် ကမျက်နှာပေါ်သို့ကျရောက်လေပြီ။အချိန်ကား ၇နာရီခွဲသာရှိသေးသော်လည်း ဒီနေ့က နေတော်တော်သာသည်။ထ ထိုင်လိုက်သည်နှင့်ညာဘက်ကြမ်းပြင်သို့ကြည့်မိတော့သူ့ရဲ့ကိုယ်ပွားလေးမတွေ့ရပါ။
‘အစောကြီးထသွားတာလား ဒီနေ့သင်တန်းပထမဆုံးနေ့ဆိုတော့စောစောထသွားတာလားတတ်ကြွနေလိုက်တာ’
ခွန်းသအကြောင်းတွေးရင်းပြုံးပြုံးကြီးထိုင်နေပြီးမှအသိဝင်လာကာရေချိုးခန်းထဲပြေးရလေသည်။ရေချိုးခန်းထဲဝင်လိုက်သည်နှင့် ရေပူရေအေးစပ်ထားသောရေနှင့် ဖန်ခွက်ထဲတွင်သွားတိုက်ဆေးထည့်ထားသောသွားတိုက်တံကအဆင်သင့်....စျာန်က ပြုံးလိုက်ကာ သွားတိုက်တံယူ၍သွားတိုက်လိုက်သည်။ရေချိုးပြီးသည်နှင့်အဝတ်စားလဲကာ အောက်သို့ဆင်းလာလိုက်သည်။
မီးဖိုချောင်ထဲတွင်သတင်းစာကိုင်ကာ လူကြီးဟန်ဆောင်နေသောကလေးပေါက်အားကြည့်နေမိသည်။ကိုယ်လာသည်ကိုပင်မသိ သတင်းစာသာဖတ်နေသည်။
“အဟမ်း...”ချောင်းသံပေး၍ဝင်လာလိုက်မှ
“ဪ morning ကိုကို”
“အင်း morning “
ကိုကိုလာသည်ကိုတောင်မသိပါ။ ဟင်းချက်ကျွမ်းကျင်တဲ့သူတွေကို နိူင်ငံခြားမှာစာဖိုးမှူးအဖြစ်ရွေးသည့် စာပါ၍ သတင်းစာသာဖတ်နေလိုက်သည်။ ဟိုတစ်ခါလည်းဖုန်းမှာမြင်လိုက်သေးသည်။ကျွန်တော်လည်းဟင်းချက်ကျွမ်းကျင်သွားရင်နိူင်ငံခြားကစားသောက်ဆိုင်မှာ စာဖိုးမှူးလုပ်ချင်သည်။ဒါမဲ့ကိုကို့ကိုတော့မခွဲနိူင်ပါ။
“ကိုကို ဒီမှာCoffee”
“မင်းဒီနေ့အစောကြီးနိုးနေတာလား”
“ဟုတ်တယ်ကိုကို ပြန်မအိပ်ချင်တော့တာနဲ့ ထလာလိုက်တာ ကြီးချိုကတော့စျေးသွားပြီ”
“မင်းမစားရသေးဘူးလား” စျာန်လည်းအခုမှအရာမယွင်းသေးသော
ပေါင်မုန့်ကြက်ဥကြော်ကိုမြင်၍မေးလိုက်မိသည်။
“ဟုတ်မစားရသေးဘူးကိုကို”
“ပြောတော့စောစောနိူးနေတာဆိုဘာလို့မစားရသေးတာလဲ”
“အဲ့ဒါက ကိုကို့ကိုစောင့်နေတာအ တူတူစားမလို့လေ”
“နောက်တစ်ခါစောစောထလို့ဗိုက်ဆာရင်တစ်ခါထဲစားငါ့ကိုစောင့်မနေနဲ့ ကြားလား”
“ဟုတ်ကဲ့ကိုကို”
မနက်စောစောနိုးနေတာကိုတောင်ခုထိမနက်စားမစားရသေးသည့်အကောင်ပေါက်လေးအားစောစောစီးစီးဆူရသေးသည်။အဆာလွန်ပြီးတစ်ခုခုဖြစ်နေမှဖြင့် ခက်လိုက်တာ
ကျစ်!!!
……………………………………………………
မနက်စာ စားပြီးသည်နှင့်အကောင်ပေါက်လေးအား
သင်တန်းပို့ဖို့သွားရတော့မည်။
“ကားပေါ်တက်တော့ရပြီ”
“ဟုတ်”
တစ်ခါတည်းတံခါးဖွင့်ပေးကာ ဘောင်နှင့်ခေါင်းနှင့်မထိမိစေရန် လက်နှင့်ကာပေးထားရသေးသည်။ကျွန်တော်လည်းကားထဲဝင်လိုက်ကာ ခါးပတ်မပတ်မှီ ဘေးနားကအကောင်ပေါက်ကိုကြည့်လိုက်ရာ ခါးပတ်တစ်ခုနှင့်အလုပ်ရှုပ်နေသည်။
“ဘာဖြစ်လို့လဲ “
“ဟို ခါးပတ်ကဆွဲလို့မရဘူး ဘာနဲ့ထောက်နေလဲမသိဘူး”ပြောလိုက်သည်နှင့်တစ်ခဏအတွင်း အနားရောက်လာသောခန္ဓာကိုယ်နှင့်နီးကပ်လာသောမျက်နှာ ကျွန်တော့်ရင်ဘက်ထဲဗြောင်းဆန်သွားရသည်။ကိုကို့ရဲ့မျက်နှာချောချောက ကျွန်တော့်မျက်နှာနှင့်နီးကပ်စွာ မျက်လုံး မျက်ခုံး နှာတံ ပြီးတော့နှုတ်ခမ်း ဘာမှကိုအပြစ်ပြောစရာမရှိတဲ့ကျွန်တော့်ရဲ့ကိုကိုပါလေ။ဘယ်လောက်တောင်ငေးကြည့်နေမိလဲမသိကိုကို့အသံကြားမှသတိဝင်လာသည်။
“ရပြီ”ကားထဲဝင်သည်နှင့်ခါးပတ်ကမရဘူးဟုပြောသောကြောင့် သူ့အနားသို့သွား၍ခါးပတ်ပတ်ပေးလိုက်ချိန်နီးကပ်သွားသောမျက်နှာကြောင့်သူ့ရဲ့ဝင်လေ ထွက်လေ လေးကကျွန်တော့်မျက်နှာကိုလာရောက်ကျီစယ်နေသည်။ရှေ့တိုးလိုက်၍ကျွန်တော့်ရင်ခွင်ထဲရောက်နေသောအကောင်ပေါက်အားကြည့်လိုက်မိရာ မျက်နှာတွေရဲနေသည်။ အဟက်.......ရှက်နေတာလား ရှက်တာလေးက ချစ်စရာလေး……
ခါးပတ်ပတ်ပေးပြီးသည်နှင့်သင်တန်းသို့မောင်းလာခဲ့သည်။အကိုခန့်သူက စနေနေ့တွင်သင်တန်းသို့လာကာကျန်နေ့တွေဆိုရင်သူ့တပည့်တွေနှင့်ထားထားသည်။ဒီနေ့ကစနေနေ့ဆိုတော့ အကိုခန့်သူရှိသည်။သင်တန်းရှေ့ရောက်သည်နှင့်ကျွန်တော်ပါကားပေါ်ကဆင်းကာ အကိုခန့်သူရှိရာသို့သွားလိုက်သည်။
“အကိုခန့်သူ ဒီမှာကျွန်တော်ခွန်းလေးကိုအပ်ခဲ့ပြီနော်”
“အေးပါကွာ သေချာကြည့်ထားပြီးသေချာသင်ပေးပါ့မယ်”
“ကိုယ်ညနေလာကြိုမယ်နော် ကောင်းကောင်းသင်ခဲ့ “
“ဟုတ်ကိုကို” ကျွန်တော်လည်းကိုကို့ကိုနှုတ်ဆက်ပြီးသည်နှင့်အကိုခန့်သူနှင့်အတူ အခန်းထဲဝင်သွားလိုက်သည်။ အထဲရောက်သည်နှင့်အကိုခန့်သူက သင်တန်းကသူတွေနှင့်ကျွန်တော့်ကိုမိတ်ဆက်ပေးလေသည်။
“အားလုံးဘဲဒီနေ့ အကိုမင်းတို့ကိုလူသစ်တစ်ယောက်နဲ့မိတ်ဆက်ပေးမယ် ဒီကညီလေးနာမည်ကဆက်ခွန်းသတဲ့ သူလည်းသင်တန်းလာတတ်တဲ့သူမို့လို့မင်းတို့လည်းဝိုင်းပြီးကူညီကြပေါ့”
“ဟုတ်ကဲ့ ကျွန်တော့်နာမည်ဆက်ခွန်းသပါ ကျွန်တော်မသိတာရှိရင်လည်း ပြောပြပါအုန်းနော်”ကျွန်တော်လည်းအပြုံးလေးနှင့်မိတ်ဆက်လာတော့သင်တန်းကသူတွေလည်းပြုံးပြလာသည်။အိမ်မှာနေတာထက်စာရင် ဒီလိုလေးကပိုကောင်းတယ်လို့ခံစားမိသည်။
“ကဲဒါဆိုအကိုတို့ဒီနေ့ချက်မဲ့ဟင်းကိုလိုက်မှတ်ကြနော်”
ကျွန်တော်လည်းအဆင်ပြေမဲ့နေရာတစ်နေရာသို့သွားလိုက်သည်။ထိုအချိန်သူ့အနီးနားမှ.....
“ဟေ့ငါနာမည်ကဝေယံမင်း ဝေယံလို့ခေါ်လို့ရတယ်နော်ငါနဲ့သူငယ်ချင်းလုပ်မလား”
“အင်းငါ့နာမည်ဆက်ခွန်းသ ငါလည်းသူငယ်ချင်းမရှိဘူးကွ မင်းနဲ့ငါသူငယ်ချင်းလုပ်ကြတာပေါ့”ကျွန်တော်သင်တန်းရောက်ရောက်ခြင်း သူငယ်ချင်းတစ်ယောက်ရသည်။ခင်ဖို့ကောင်းသည်။အကိုခန့်သူလည်း မှတ်စရာရှိတာမှတ်ခိုင်းနေသည်။ကျွန်တော်နှင့်ဝေယံကတော့စကားတစ်ပြောပြောနှင့်သာလိုက်မှတ်နေသည်။
ESTÁS LEYENDO
အမုန်း၏နောက်ကွယ်(Complete)
Romanceနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်