Ep 12
စျာန်တစ်ယောက်အလုပ်လုပ်နေရင်းသူ့ညီမလေးကိုသတိရလို့ဖုန်းဆက်လိုက်သည်။သို့သော် ညီမလေးအသံသိပ်မကောင်းဖျားနေတာလား။ စကားတောင်မပြီးသေးညီမလေးဘက်မှဖုန်းချသွားသောကြောင့်........
“ဘာဖြစ်တာလဲ အသံလဲမကောင်းပါလား နေမကောင်းလို့များလား” စျာန်လည်းအတွေးမများတော့ဘဲညီမဖြစ်သူကဖုန်းချသွား၍အလုပ်သာပြန်လုပ်နေလိုက်သည်။သူ့ကလေးလေးကိုသတိရပေမယ့်အလုပ်မြန်မြန်ပြီးရင်မြန်မြန်ပြန်လို့ရ၍အလုပ်ကိုသာဦးစားပေးနေရသည်။
နာရီဝက်လောက်အကြာအိမ်မှဖုန်းဝင်လာသည်။
“Hello…..”
“………..”
“ဗျာ.......”စျာန်တစ်ယောက်ထိုင်ခုံပေါ်တွင်ထိုင်နေရင်းကြီးချိုရဲ့စကားတွေကြောင့်တုန်လှုပ်သွားရလေသည်။
ညီမလေးက suicide လုပ်လို့တဲ့......
စျာန်လည်းချက်ချင်းထ၍ကားသော့နှင့်ဖုန်းကိုယူကာhotelမှထွက်လာကာအလုပ်များကို ကျော်ထက်နှင့်သာလွှဲခဲ့လိုက်သည်။
………………………………………………………….
စျာန့်မှာ ညီမဖြစ်သူဇောနှင့်ပင် ရန်ကုန်သို့အမြန်မောင်းလာကာညတွင်းချင်းပင်မရောက်ရောက်အောင်ပြန်လာခဲ့သည်။
အိမ်ရှေ့သို့ရောက်သည်နှင့်ကားပေါ်မှ
အမြန်ဆင်းကာအပေါ်ထပ်သို့အမြန်တက်လာခဲ့သည်။
စျာန်တံခါးဖွင့်လိုက်တာနဲ့အသက်မရှိသော
ခန္ဓာကိုယ်တစ်ခုကသူ့အားစီးကြိုနေလေသည်။
ကြမ်းပြင်တွင်နီရဲနေသောသွေးများနှင့်လဲကျနေသောသူ့ရဲ့တစ်ဦးတည်းသောညီမလေးငွေနှင်းစျာန်။စျာန့်မှာမယုံနိုင်သောမျက်လုံးများဖြင့်ကြီးချိုအားလှည့်ကြည့်ကာ.....
“ကြီးချို ဘယ်လိုဖြစ်တာလဲဟင် ကျွန်တော့်ညီမလေးကဘယ်လိုဖြစ်ပြီးတော့ suicideလုပ်ရတာလဲ”စျာန့်မှာမျက်ရည်များကျကာ ကြီးချိုအားမေးနေမိသည်။
“ညနေကအပြင်ကပြန်လာထဲကမျက်နှာမကောင်းတာဘဲသားစျာန်ရယ် ပြီးတော့ခေါင်းမူးလို့ဆိုပြီးအပေါ်တက်သွားတယ် ထမင်းစားချိန်ရောက်လို့ကြီးချိုအပေါ်ကိုလာတော့ပြန်ထူးသံမကြားတာနဲ့တံခါးဖွင့်ကြည့်လိုက်တာ သွေးတွေနဲ့ကြမ်းပြင်မှာ သမီးငွေနှင်းကအသက်မရှိတော့တာပါဘဲသားစျာန်ရယ်”
‘ဘာလို့ကိုယ့်ကိုယ်ကို suicideလုပ်ရလောက်တဲ့ထိ ဘာတွေကများ......’စျာန်က အသက်မဲ့တဲ့ကိုယ်တစ်ခုကို လက်နှင့်ပွေ့ထားကာမျက်ရည်များကျနေသည်။
‘ညီမလေးကိုဒီလိုဖြစ်အောင်လုပ်တဲ့သူကို ကိုကိုခွင့်မလွှတ်ဘူး’အံကြိတ်၍စိတ်ထဲကနေပြောနေသောစျာန်။
………………………………………………………….
နောက်တစ်နေ့စျာပန ပြီး၍ စျာန်တစ်ယောက်သူ့ညီမ အခန်းထဲသို့ဝင်လာခဲ့သည်။သူ့ရဲ့တစ်ဦးတည်းသောညီမလေးကသူ့ဆီကထွက်သွားပြီ။ကုတင်ပေါ်တွင်ထိုင်ကာခုံပေါ်ကငွေနှင်းဓာတ်ပုံလေးအားကြည့်နေလိုက်သည်။အရင်လိုဒီအိမ် လေးထဲမှာသူ့ညီမလေးရဲ့ရယ်သံတွေ၊လိုချင်တာမရတဲ့အခါစူပုပ်ပူပ်လေးနှင့်ပြောသံတွေကိုသူမကြားရတော့ပေ။စျာန်လည်းဓာတ်ပုံလေးကြည့်ကာငိုနေရင်းရုတ်တရက်
တစ်နေရာသို့အကြည့်ရောက်မိသွားတော့ခုံပေါ်တွင်တင်ထားသောအနက်ရောင်စာအုပ်လေးတစ်အုပ်.......
ရှေ့ရက်တွေက နာရေးရှိလို့အလုပ်မအား၍ညီမဖြစ်သူအခန်းကိုသေချာတောင်ဝင်မကြည့်မိ။
စျာန်လည်း ခုံပေါ်ကစာအုပ်လေးအားဖွင့်ကြည့်မိသောအခါမျက်လုံးတို့ပြူးကျယ်သွားသည်။စာမျက်နှာတိုင်းတွင် ခွန်းသနှင့်ပတ်သတ်သောခံစားချက်များ
သူနှင့်တွေ့ခဲ့သောတစ်နေ့တာအကြောင်းများရေးထားသည်။
နောက်စာမျက်နှာတစ်ခုသို့အရောက်
‘ခွန်းသ နင်ရက်စက်တယ်ဟာ
နင်ငါ့ကိုအသည်းခွဲတယ် နင်ငါ့အသည်းကိုခွဲရက်တယ်’စျာန့်မှာငွေနှင်းရဲ့စာတွေကိုဖတ်ပြီးချိန်......
‘ဟင်ဒါဆိုခွန်းသနဲ့ညီမလေးက ချစ်သူတွေလားအဲ့ဒါကြောင့်ညီမလေးကခွန်းသကိုတွေ့ရင်ပျော်နေတာလား
ငါမှားသွားပြီလားခွန်းလေးကိုချစ်တယ်လို့ပြောလိုက်တာ ဒါပေမယ့်ခွန်းလေးကလည်းငါ့ကိုရည်းစားရှိတယ်လို့မပြောပါလား သူကငါ့ညီမလေးကိုအသည်းခွဲပြီးငါ့ကို.....ဟာကွာ....’
ရက်စက်လိုက်တာခွန်းသရာ ရက်စက်လိုက်တာ ငါ့ညီမလေးကိုမင်းမို့လို့ဒီလို.......။
“အဟက်စောင့်ကြည့်နေလိုက်ဆက်ခွန်းသ မင်းကိုငါ့အပိုင်လုပ်ပြီးနှိပ်စက်ပြမယ်”
ထိုအချိန်မှစ၍စျာန်က ခွန်းသ၏အချစ်ကိုရအောင်လုပ်ခဲ့သည်။ခွန်းသကလည်းစျာန့်အားတကယ်ချစ်၍အဖြေပြန်ပေးခဲ့သည်။ချစ်သူသက်တမ်းသုံးလလောက်ကြာပြီးချိန်နောက်တော့လက်ထပ်ခွင့်တောင်းခဲ့သည်။မိဘတွေမရှိတော့တဲ့ခွန်းသအား နယ်ကသူ့အဒေါ်တွေကိုသာအကြောင်းကြားကာလက်ထပ်ပွဲကိုအမြန်လုပ်ခဲ့ကြသည်။ ခွန်းသလည်းငွေနှင်းသေဆုံးမှုအတွက်စိတ်မကောင်းရုံကလွဲရင်ဘာမှမတတ်နိူင်ပါ။
ဒီနေ့ကစျာန်နှင့်ခွန်းသတို့၏လက်ထပ်ပွဲနေ့ တရားရုံးတွင်လက်မှတ်ထိုးပြီးမိတ်ဆွေတွေကိုညစာလိုက်ကျွေးသည်။အခမ်းနားကိုအကြီးကျယ်မလုပ်ချင်၍ အကျဉ်းချုံးသာလုပ်ခဲ့ကြသည်။
DU LIEST GERADE
အမုန်း၏နောက်ကွယ်(Complete)
Romantikနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်