Ep 18

12.2K 615 5
                                    

Ep 18

ခွန်းသအားရေဝတ်တင်ပေးနေတုန်းဆရာဝန်ရောက်လာလေသည်။ဆရာဝန်ကတခြားသူမဟုတ်ပါ။ဖေဖေတို့ရဲ့အသိဖြစ်၍မိသားစုလိုပင်ဖြစ်နေလေသည်။

"ဒေါက်တာ ကြွပါသူကိုယ်တွေအရမ်းပူနေလို့ဒေါက်တာ"
"အင်း ဒေါက်တာကြည့်ပေးပါမယ်စိတ်အေးအေးထားပါသားစျာန်ရယ်" စျာန်တစ်ယောက်သူကိုယ်တိုင်ကြမ်းပြင်ပေါ်တွင်အိပ်ခိုင်းခဲ့လို့ဒီလိုဖြစ်တာဟူ၍စိတ်ထဲ၌ ကိုယ်ကိုယ့်ကိုယ်အပြစ်တင်နေမိသည်။

"အင်း မိုးကလည်းနည်းနည်းအေးတော့ အအေးပတ်သွားတာပါဘာမှတော့စိုးရိမ်စရာမရှိပါဘူး"
"ဟုတ်ကျေးဇူးပါဒေါက်တာ" ဒေါက်တာကသူ့လက်ဆွဲအိတ်ထဲမှဆေးကိုယူကာ

"ဒေါက်တာဆေးပေးခဲ့မယ် ဒီနေ့လယ်တစ်ခွက်တိုက် ညကျရင်တစ်ခွက်တိုက် နောက်နေ့မနက်တစ်ခွက်တိုက် သိပ်အဖျားကြီးမဟုတ်တော့သုံးခွက်စာလောက်နဲ့တင်ပျောက်ပါတယ်"
"ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာ ကျွန်တော်လိုက်ပို့ပါ့မယ်"

"ရပါတယ် ဒေါက်တာ့ ဘာသာပြန်ပါ့မယ် ဒီကလေးလေးနားမှာဘဲနေပေးလိုက်ပါ ကလေးကိုရေပတ်တိုက်ပေးလိုက်ပါအုန်းနည်းနည်းလန်းသွားအောင်" ဒေါက်တာကပြောပြီးသည်နှင့်အခန်းပြင်သို့ထွက်သွားသည်။ထိုအချိန်ကြီးချို ရောက်လာပြီး......

"သားစျာန်ဒီမှာဆန်ပြုတ်ရပြီနော်"
"ဟုတ်ကြီးချို "

"ကြီးချို စောင့်ပေးရမလား"
"ရတယ်ကြီးချိုကျွန်တော်ဒီနေ့နားလိုက်တော့မယ်သူ့အနားမှာနေပေးမလို့"စျာန့်အပြောကြောင့်
ကြီးချိုလည်းခေါင်းညိတ်ကာထွက်သွားတော့သည်။

စျာန်လည်းCompanyမသွားတော့ဘဲခွန်းသအနားတွင်သာနေပေးနေသည်။စျာန်ကကုတင်ပေါ်တွင်အဖျားရှိန်နှင့်အိပ်ပျော်နေသောကလေးလေးအားကြည့်နေလေသည်။ခဏအကြာကုတင်ကိုမှီ၍
စျာန်လည်းအိပ်ပျော်သွားသည်။

"အင်း......ကျွတ်!!! ကျွတ်" ကုတင်ပေါ်တွင်ညည်းသံနှင့်အတူနိူးထလာသောခွန်းသ။ထိုအချိန် သူ့လက်ကိုဆုတ်ကိုင်ထားသောအရာကြောင့် ငုံ့ကြည့်လိုက်တော့သူ၏ချစ်ရသူကိုကိုအားတွေ့လိုက်ရသည်။ခွန်းသမှာအိပ်နေသောသူ့ကိုကိုအားပြုံး၍ကြည့်နေသည်။

စျာန်လည်းလှုပ်ရွနေသောခန္ဓာကိုယ်
ကြောင့်နိူးလာခဲ့သည်။နိူးလာလာခြင်း ကုတင်ပေါ်တွင်လှဲနေကာသူ့ကိုကြည့်နေသောအကောင်ပေါက်လေးကိုတွေ့လိုက်ရ၍စိတ်ထဲ၌ကျေနပ်သွားမိသည်။သို့သော်မပြုံးပြလိုက်ပါ။ပြီးတာနဲ့အကောင်ပေါက်လေး၏နံဖူးပေါ်သို့စျာန်လက်တင်၍ကိုယ်ပူစမ်းလိုက်သည်။

'အင်း.....အဖျားကတော့နည်းနည်းကျန်သေးတယ်'

ပြီးတာနဲ့သူ့ကိုပြူးကြောင်ကြောင်လေးကြည့်နေသောခွန်းသအား......

"ညကအေးနေတာကိုဘာလို့အနွေးထည်မဝတ်တာလဲ"
"ကျွန်တော်ထမယူချင်တော့လို့ပါ" ခွန်းသလည်း စျာန့်ကိုအမှန်တိုင်းဘဲဖြေလိုက်သည်။မေ့သွားလို့ပါလို့ပြောလိုက်ရင် ဘာလို့မေ့တာလဲဘာညာနှင့်ဆူနေမှာစိုးလို့ပါ။ဒါပေမယ့်လည်း........

"ဘာ!!!  ထမယူချင်လို့ဟုတ်လား....အခုတော့ဖြစ်ပြီမလား.....ဒါလေးတောင်ထမယူချင်ဘူးဟုတ်လား အဲ့ဒါဆိုလဲငါ့ကိုပြောပါလား" စျာန်တစ်ယောက်စိတ်တိုသွားမိသည်။ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ဘူး။

"ဟို....ကိုကိုကလည်း အလုပ်ရှုပ်နေလို့ပါအဲ့... အဲ့ဒါကြောင့်"ဖြေနေရင်းမျက်ရည်အဝိုင်းသားနှင့်ဖြစ်နေသောအကောင်ပေါက်လေးကြောင့်ဘာမှဆက်မပြောချင်တော့။

"ထားလိုက်တော့ ပြီးရင်ဆန်ပြုတ်သောက်မယ်"
"ဟိုကျွန်တော် ......"

"ဘာလဲ ဆန်ပြုတ်မကြိုက်ဘူးမသောက်ဘူးလို့ပြောမလို့မလား မရဘူးသောက်ရမယ်"

ခွန်းသပြောမည့် စကားများကိုစျာန်ကအလွတ်ရနေသည့်အလားပြောပြီးသည်နှင့်ခုံပေါ်တွင်တင်ထားသောဆန်ပြုတ်ပန်းကန်ကိုယူကာ....

"ဒီမှာခနလှဲနေ ဆန်ပြုတ်ကအေးနေပြီ ကြီးချိုကိုသွားနွှေးခိုင်းလိုက်အုန်းမယ်"ပြောပြီးသည်နှင့် စျာန်ကပန်းကန်ယူကာအခန်းပြင်သို့ထွက်သွားလေသည်။စျာန်ထွက်သွားတော့ခွန်းသလည်းကုတင်ပေါ်တွင်သာလှဲနေလိုက်သည်။


ခဏအကြာစျာန်တစ်ယောက်အဝတ်တစ်ခုနှင့် အတူရေဇလုံတစ်ခုယူလာကာ......

"အင်္ကျီချွတ် ချွေးတွေကြီးဘဲရေပတ်တိုက်ပေးပြီးအဝတ်ပါလဲပေးမယ်"
"ဟုတ်ကဲ့" ခွန်းသတစ်ယောက်သူဝတ်ထားသည့်ရှပ်အင်္ကျီကြယ်သီးများကိုဖြုတ်နေသည်။ဖျားနေသောကြောင့်လက်ထိပ်လေးတွေကနီရဲကာနာနေသည်။စျာန်လည်းကြည့်နေရာမှဖြေးဖြေးချင်းလုပ်နေသောခွန်းသကြောင့်.......

"လာ ငါပဲချွတ်ပေးမယ် လက်တွေနာနေမှာပေါ့"ဟုဆိုကာခွန်းသအင်္ကျီအားချွတ်ပေးနေသည်။စျာန့်မှာခွန်းသ၏ဖြူဖွေးနေသောရင်ဘက်လေးအားကြည့်နေမိသည်။လည်ပင်းလေးတွေကဖွေးနေကာညှပ်ရိုးလေးနှစ်ခုကအထင်သားပေါ်လွင်နေသည်။စျာန်လည်းခွန်းသအားကြည့်နေရင်းပင်တံတွေးတွေမျိုချ နေမိသည်။

"ကိုကို ကျွန်တော့်ကိုအင်္ကျီဆက်ချွတ်ပေးအုန်းလေ"
"ဪ အင်း ချွတ် ချွတ်ပေးမယ်နော်"
"ဟုတ်"

'ဟူး.....စိတ်ထိန်းစမ်း....စျာန်ထက်ပိုင် သူကဖျားနေတာ'

အင်္ကျီချွတ်ပေးပြီးတော့စျာန်လည်းခွန်းသအားမြန်မြန်ဘဲရေပတ်တိုက်ပေးလိုက်သည်။မဟုတ်ရင်သူစိတ်ထိန်းဖို့လွယ်မှာမဟုတ် ရေပတ်တိုက်ပြီးသည်နှင့်ဗီရိုထဲကအင်္ကျီရှပ်လက်ရှည်လေးအားဝတ်ပေးလိုက်သည်။

"ဟိုအောက်ဆင်းအုန်းမယ်ဒါတွေထားမလို့ပြီးတော့ဆန်ပြုတ်ပါယူခဲ့မယ်"
"ဟုတ်ကိုကို" စျာန်တစ်ယောက်ရေသုတ်ဝတ်တွေဇလုံတွေယူပြီးအောက်သို့ဆင်းခဲ့သည်။ကုတင်ပေါ်တွင်ဖျားနေ၍မျက်နှာလေးရဲကာကျန်ခဲ့တဲ့ခွန်းသ ကစျာန့်မျက်လုံးထဲတွင် ချစ်စရာကောင်းနေသည်။

'ဟူး.....ဖျားတာတောင်ချစ်စရာကောင်းနေတာလား'




အမုန်း၏နောက်ကွယ်(Complete)Donde viven las historias. Descúbrelo ahora