Ep 53

10.2K 411 0
                                    

Ep 53

ဒီနေ့စျာန်တို့ဘန်ကောက်မှာအစည်းဝေးပွဲရှိ၍သွားဖို့ပြင်ဆင်နေသည်။စျာန်အဝတ်အစားလဲနေရင်းမနေ့က စားသောက်ဆိုင်ပိုင်ရှင်ကိုတွေ့ဖူးသလိုလိုရှိနေ၍စဉ်းစားနေလေသည်။ ခဏအကြာအတွေးထဲပေါ်လာသောပုံရိပ်တချို့၊သူနဲ့ခွန်းသတို့စကားများခဲ့သောပုံရိပ်တစ်ချို့က မှတ်ဉာဏ်ထဲ ပြန်ပေါ်လာတော့မှ....

"ဟင် ဒါ ဒါဟိုတစ်ယောက်မလား ကလေးနဲ့ဘုရားမှာတွေ့တဲ့တစ်ယောက်မလား "

စျာန်စဉ်းစားနေချိန်အခန်းတံခါးလာခေါက်၍

"ဝင်ခဲ့"

"Bossသွားလို့ရပါပြီ" ကျော်ထက်အပြောကိုစျာန်ကဂရုမစိုက်ဘဲ

"ကျော်... ကျော်ထက်မနေ့ကစားသောက်ဆိုင်ကိုဒီနေ့သွားမှာမလား"

"ဟုတ်တယ်လေ Boss" စျာန်ကခွန်းသအကြောင်းသိလိုသိငြားမေးမည်ကြံထား၍

"ဟုတ်ပြီ အခုအစည်းဝေးပွဲသွားမယ် မြန်မြန်လာ"

"ဗျာ ဟုတ် ဟုတ်ကဲ့"

အရမ်းတွေကိုအလျင်လိုနေသောစျာန့်ကိုကျော်ထက်ကြည့်ကာခေါင်းတွေတောင်မူးလာနေပြီ။စျာန်တို့ဘန်ကောက်ကတစ်ဖက်Companyမှာအစည်းဝေးလုပ်နေချိန်ဖြစ်သည်။သူများတွေမှာအစည်းဝေးကအကြောင်းအရာတွေကိုနားထောင်နေချိန်စျာန်ကတော့ အစည်းအဝေးမြန်မြန်ပြီးဖို့သာဆုတောင်းနေလေသည်။

ကျော်ထက်တစ်ယောက်ဘေးနားကစျာန့်ကိုကြည့်ကာတစ်ခုခုဖြစ်မှာစိုးရိမ်နေမိသည်။အလုပ်ထဲမှာပဲခေါင်းနှစ်ခဲ့တဲ့သူ့Bossကအခုတော့ဂနာမငြိမ်ဖြစ်နေ၍သူကိုယ်တိုင်ဘဲအစည်းဝေးကိုအာရုံစိုက်နေရသည်။ပြီးရင်တော့ပြန်ရှင်းပြရမည်ဆိုတာသေချာနေလေပြီ။

စျာန်တစ်ယောက်အစည်းဝေးပွဲကိုမြန်မြန်ပြီးဖို့ဆုတောင်းနေချိန်......

"ကဲ ကျွန်တော်ပြောတာတွေကိုသဘောတူရင်စာချုပ်ချုပ်ကြရအောင်"

တစ်ဖက်ကအပြောကိုသဘောတူ၍ Companyနှစ်ခု စာချုပ်ချုပ်လိုက်ကြသည်။အမှန်တော့ သူ့အားမျက်လုံးစောင်းကာကြည့်လာသောစျာန်ကြောင့်သာ ကျော်ထက်မှာ အဆင်ပြေကြောင်းအချက်ပြရင်းစာချုပ်ချုပ်လိုက်တာပင်။ဘာလို့ဆို သူ့Bossက တစ်ခုမှပင်နားမထောင်ဘဲလေ။

အမုန်း၏နောက်ကွယ်(Complete)Donde viven las historias. Descúbrelo ahora