Ep 50
စျာန်နိူးလာချိန်ဘေးကိုကြည့်လိုက်မိတော့ဘေးနားမှာခွန်းသရှိမနေ၍အမြန်ထလိုက်ချိန်တစ်ကိုယ်လုံးနာကျင်သွားရသည်။ထိုအချိန်အခန်းထဲသို့ကျော်ထက်ဝင်လာကာ
"Boss မထပါနဲ့Bossကိုဆေးသွင်းပေးထားတာမကြာသေးဘူး"
"က ကလေးရော ကလေးဘယ်မှာလဲ ကျော်ထက်" စျာန့်အမေးကြောင့်
ကျော်ထက်တစ်ယောက်မျက်နှာပျက်သွားကာ
"အကိုလေးကိုလိုက်ရှာတာဘယ်မှာမှမတွေ့ပါဘူး
Bossကျွန်တော်တို့လည်းBossမေ့နေတဲ့၂ရက်အတွင်းရှာနေတာနေရာတွေ နှံ့နေပါပြီ ပြီးတော့အကိုလေးထွက်သွားပြီးနောက်နေ့ကျတော့ခြံတံခါးမှာစာရွက်တစ်ရွက်တွေ့ပါတယ်အဲ့ဒါက ဟို ကွာရှင်းစာချုပ်ပါ အကိုလေးကလက်မှတ်ထိုးခဲ့ပါတယ် ဒီမှာပါ"
ကျော်ထက်ပြောပြီးတာနဲ့စျာန်ကို ခုံပေါ်တွင်တင်ထားသောကွာရှင်းစာချုပ်အားပေးလိုက်တော့စျာန်ကစာချုပ်ကိုကြည့်ပြီးဆွဲဖြဲလိုက်ကာ
"မင်းတို့အသုံးကိုမကျဘူး ဘယ်သူက ဘယ်အချိန်မှာလာထားသွားတာလဲဆိုတာတောင်မသိဘူးလား ပြီးတော့မင်းဘာပြောလိုက်တယ်ငါမေ့နေတာ၂ရက်ရှိပြီဟုတ်လား"
"ဟုတ်ပါတယ်Boss "
"ကလေးကိုနေရာအနှံ့လိုက်ရှာကြ လူနည်းရင်လူအင်အားထပ်တိုးပြီးလိုက်ရှာ"
"ဟုတ်ကဲ့ပါBoss" မျက်နှာတွေနီမြန်းကာဒေါသတွေစွတ်နေတဲ့စျာန်က ကျော်ထက်အားကြည့်လိုက်ကာ
"ကျော်ထက် အေးရိပ်ဖြူအဖေမွေးနေ့တုန်းကမင်းငါ့ကိုဘယ်ကိုလာခေါ်တာလဲ"
"HotelကိုပါBoss" ကျော်ထက်အပြောကြောင့်စျာန့်ရင်ထဲထိတ်ခနဲဖြစ်သွားကာ
"မင်းငါ့ကိုမွေးနေ့ပွဲထဲမှာလာခေါ်တာမဟုတ်ဘူး
လားငါအိမ်ပြန်နောက်ကျလို့မင်း မင်းငါ့ကိုလာခေါ်တာမဟုတ်ဘူးလား" စျာန်ကတုန်ရီနေသောအသံနှင့်ကျော်ထက်အားမေးနေလေသည်။
BẠN ĐANG ĐỌC
အမုန်း၏နောက်ကွယ်(Complete)
Lãng mạnနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်
