Ep 26

11.7K 630 14
                                    

Ep 26

ခွန်းသဒီနေ့အစောကြီးနိုးနေ၍ အိပ်ရာမှထမယ်ပြင်လိုက်ချိန်ခါးပေါ်သို့ရောက်ရှိနေသောလက်တစ်စုံ......

ခွန်းသလည်း စျာန့်လက်ကို အသာဖယ်လိုက်ကာစျာန့်နံဖူးလေးအားနမ်းလိုက်ပြီး ကုတင်ပေါ်မှဆင်းသွားလိုက်သည်။ ရေချိုးခန်းထဲသို့ဝင်ကာရေချိုးခေါင်းလျှော်ပြီးသည်နှင့်ခါးတွင်တဘက်တစ်ထည်ပတ်၍ထွက်လာလိုက်သည်။

ခွန်းသရေချိုးခန်းထဲကထွက်လာသည့်တိုင်စျာန်တစ်ယောက်မနိုးသေးပေ။ခွန်းသလည်း ဗီရိုနားသို့သွားကာလည်ကတုံးအဖြူလက်ရှည်နှင့်ယောပုဆိုးအစိမ်းကွက်လေးအားထုတ်လိုက်ပြီးအဝတ်လဲခန်းသို့သွားကာအဝတ်စားသွားလဲလိုက်သည်။အဝတ်စားလဲပြီးတာနဲ့ မှန်တင်ခုံနားသို့လာကာရေမွှေးစွတ်လိုက်သည်။ခွန်းသ သည်ရေမွှေးဆိုရင်စံပယ်နံ့လေးကိုပိုကြိုက်သည်။ရေမွှေးစွတ်ပြီးသော်ခေါင်းကိုသေချာဖြီးလိမ်းကာအောက်ဆင်း၍မနက်စာဝိုင်းသို့လာခဲ့သည်။

"သားခွန်းလေး အစောကြီးနိူးတာလား ဘယ်သွားမလို့ပါလိမ့်"
"ဘုရားသွားမလို့ကြီးချို ဒီနေ့ လပြည့်နေ့ဆိုတော့"

"ဪသားစျာန်နဲ့လား"
"မဟုတ်ဘူးကြီးချို သူငယ်ချင်းနဲ့" ခွန်းသမှာမနက်စာစားနေရင်း ကြီးချိုမေးသမျှကိုပြန်ဖြေနေလေသည်။
မနက်စာစားပြီး၍ဧည့်ခန်းထဲ၌ထိုင်နေချိန်အချိန်ကား၇နာရီခွဲဖြစ်နေပြီ။ခဏအကြာခြံရှေ့တွင်ကားဟွန်းတီးသံကြားသည်နှင့်ပိုက်ဆံအိတ်နှင့်ဖုန်းကိုယူကာထွက်လာလိုက်သည်။ဝေယံတို့ကရောက်ရင်ကားဟွန်းတီးမယ်လို့ကြိုပြောထား၍ဝေယံတို့ဆိုတာသိနေသည်။
.
.

စျာန်တစ်ယောက်ကုတင်ပေါ်တွင်လူးလွန့်ကာနိုးလာချိန် ဘေးနားကိုကြည့်လိုက်တော့သူ့ဘေးတွင်ခွန်းသအားမတွေ့တော့ပေ။ရေချိုးခန်းထဲဝင်ကာရေချိုးပြီးသည်နှင့်အဝတ်စားလဲကာ ဝရန်တာသို့ထွက်ခဲ့တော့ ခြံရှေ့၌ကားတစ်စီးအားတွေ့လိုက်ရသည်။ကြည့်နေရင်းခွန်းသခြံပြင်ထွက်သွားသည်ကိုပါ တွေ့လိုက်ရသည်။လည်ကတုံးလက်ရှည်နှင့်ယောပုဆိုးအစိမ်းကွက်လေးကိုဝတ်ထားသောသူ့ရဲ့အကောင်ပေါက်လေးက ချစ်ဖို့ကောင်းနေလေသည်။ကြည့်နေရင်းခြံပြင်တွင်ရပ်ထားသောကားပေါ်သို့တက်သွားသည်ကိုမြင်လိုက်တော့ ညကပြောထားသည့်ကိစ္စအားသတိရသွား ၍သက်ပြင်းတစ်ချက်တော့ချမိလိုက်သည်။အခုလည်းသူ့သူငယ်ချင်းလာကြိုတာနေမှာပင်။ခနအကြာ မနက်စာစားရန်အောက်သို့ဆင်းလာလိုက်သည်။


"ကြီးချို ခွန်းသက ဘယ်အချိန်ထဲကနိုးနေတာလဲ"
"စောတော့စောတယ်သားစျာန်ဘုရားသွားမလို့ဆိုလား"
"ဪ...." စျာန်လည်းမနက်ကကားပေါ်တက်သွားသောကောင်လေး၏ကျောပြင်အားမြင်လိုက်ကတည်းကစိတ်ထဲတွင်နည်းနည်းကသိကအောက်ဖြစ်နေသည်။တစ်ခုခုကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်လိုလိုပင်။
.
.
.
.
.
ကားပေါ်တွင်
"ညီတို့ ဘာစားအုန်းမလဲ" တေဇမေးတော့ညီဖြစ်သူဝေယံကချက်ချင်းပင်
"ကျွန်တော်ဗိုက်ဆာတယ်အကို အကိုလည်းမနက်စာမစားရသေးဘူးလေ တစ်ခုခုဝင်စားရအောင်"

"အွန်း သဘောလေ ခွန်းလေးရောဘာစားအုန်းမလဲ"
"ကျွန်တော်စားလာပါတယ် အကိုတို့ဘဲစားကြပါ"

"ဒါဆိုဒီနားကဆိုင်တစ်ဆိုင်မှာစားကြမယ်လေ" တေဇလည်းပြောပြီးတာနဲ့ ခပ်လှမ်းလှမ်းကဆိုင်တစ်ဆိုင်တွင်ကားကိုရပ်လိုက်သည်။သုံးယောက်သားဆင်း၍ဆိုင်ထဲဝင်ကာ ထိုင်ပြီးနောက် စားပွဲထိုးကောင်လေးကအနားသို့ရောက်လာကာ

"အကိုတို့ဘာမှာမလဲဗျ"
"အကို့ကိုနန်းကြီးသုတ်တစ်ပွဲပေး အစပ်နည်းနည်းဘဲထည့်မယ်"တေဇကပြောတော့ဝေယံကပါ

"အကို့ကိုလည်းနန်းကြီးသုတ်ဘဲပေးနော် အကို့ကိုအစပ်များများလေးထည့်ပေးနော် ခွန်းသ မင်းရောမှာလေ"

"တော်ပါပြီ ငါစားလာလို့"
"အဲ့ဒါဆိုဒါဘဲညီ" စားပွဲထိုးကောင်လေးလည်းခေါင်းညိတ်ကာဝိုင်းမှထွက်သွားသည်။ဝေယံက သူ့ဘေးတွင်ထိုင်နေသော ခွန်းသအားစောင့်ငဲ့ ကြည့်ကာ.....

"ငါတို့ဘုရားသွားပြီးရင်ဘယ်သွားအုန်းမလဲ ခွန်းသ"
"မင်းဘယ်သွားချင်လို့လဲ"

"အမှန်တော့ကစားကွင်းသွားချင်တာကွ ဒါမဲ့ငါတို့ကပုဆိုးနဲ့ဆိုတော့မဖြစ်ဘူး" ဝေယံကရယ်ကျဲကျဲနဲ့ပြောတော့ ခွန်းသက မင်းက ‘ကလေးလား’ဆိုတဲ့အကြည့်နှင့်ကြည့်လိုက်သည်။ခွန်းသက အခုချိန်ထိစပ်ဖြီးဖြီးလုပ်နေသော ဝေယံအား......

"ဒါဆိုငါတို့ကန်တော်ကြီးသွားမယ်လေ ပြီးရင်ငါမင်းအိမ်လိုက်ခဲ့မယ်ဘယ်လိုလဲ"
"ဟာအဲ့အစီစဉ်ကောင်းတယ် ငါ့အိမ်လည်းမင်းသိတာပေါ့"ဝေယံကိုခေါင်းညိတ်ပြကာ သူ့ရှေ့က တေဇအား......

"အကိုကျွန်တော့်ကိုခေါ်မှာမလား"
"ခေါ်ပါတယ်ညီရာ ဒီနေ့မေမေတို့ကဥပုသ်သွားစောင့်တယ်လေ ညီနေချင်သလိုသာနေဟုတ်ပြီလားအိမ်ရောက်မှဝေယံအဝတ်စားတွေလဲလိုက်လွတ်လွတ်လပ်လပ်နေရတာပေါ့"


"ဟုတ် ဟီးဟီး...."
ခွန်းသလည်းတေဇရဲ့ အပြောကြောင့်လိုချင်တာရသည့်ကလေးနှယ်ပြုံးရွှင်သွားသည်။တေဇကသူ့အရှေ့က ခွန်းသ အားကြည့်ကာပြုံးနေလေသည်။

'မင်းလေးက ဖြူစင်တယ် ပြီးတော့ချစ်စရာကောင်းတယ်'

'အကိုမင်းချစ်မိနေပြီထင်တယ် ကောင်လေးရေ' တေဇစိတ်ထဲကနေ ထိုစကားလုံးလေးကိုရေရွတ်မိလိုက်သည်။

ဝေယံတို့သုံးယောက်ဘုရားပေါ်သို့မတတ်မှီ ဘုရားအရှေ့တွင် ပန်းအရင်ဝယ်လိုက်သည်။ပြီးသည်နှင့်ဖိနပ်အပ်တဲ့နေရာဆီသို့သွားကာ
ဖိနပ်သွားအပ်လိုက်ပြီးဘုရားရှိခိုးရန်သွားကြလေသည်။သုံးယောက်သားဘုရားရှိခိုးပြီးသည်နှင့်ဝေယံက သူ့လက်ထဲတွင်ကိုင်ထားသောနှင်းဆီပန်းကို ပန်းအိုးထဲသို့အရင်သွားလှူလိုက်သည်။
ထိုအချိန်တေဇက......

"ခွန်းလေးရဲ့ပန်းပေးလေအကိုနဲ့ပေါင်းပြီးထိုးလိုက်မယ်"
"ဟုတ်အကို" ခွန်းသလည်းတေဇဆီသို့နှင်းဆီပန်းပေးလိုက်ချိန်တွင်......

"အ့ " တေဇတစ်ယောက်ခွန်းသရဲ့အော်သံကြောင့်ကြည့်လိုက်တော့လက်ညှိုးကိုအဆူး ဆူးသွားတာပင်

"ဟာ ညီအဆူး ဆူးသွားတာဘဲ"ပြောရင်းဆိုရင်းတေဇက ခွန်းသလက်အားယူလိုက်ကာ သူ့ပါးစပ်ထဲကိုထည့်လိုက်သည်။ရုတ်တရက်သူ့လက်အားပါးစပ်ထဲထည့်ကာစုပ်လိုက်သောတေဇကြောင့်ခွန်းသမှာ ကြောင်သွားမိသည်။တေဇလည်းသွေးတွေစုပ်ပြီးတာနှင့်ခွန်းသလက်အားပြန်ထုတ်လိုက်ကာ

"ရပြီ ညီ သွေးမထွက်တော့ဘူး"
"ဟိုသွေးတွေဘာလို့မျို ချ လိုက်တာလဲအကိုကလဲ" ခွန်းသမှာ တေဇအားစူပုပ်ပုပ်လေးနှင့်ပြောနေသောကြောင့်တေဇအသည်းယားလာကာ

"ဘာမှမဖြစ်ပါဘူး ညီရဲ့နည်းနည်းလေးဘဲကိုအဲ့လိုလုပ်မှသွေးတိတ်မှာပေါ့"ပြောပြီးသည်နှင့်တေဇက ခွန်းသရဲ့ခေါင်းအားဖွလိုက်ပြီးပန်းသွားလှူလိုက်သည်။ခွန်းသတို့သုံးယောက်ဘုရားရှိခိုးပြီးသည်နှင့်ဓာတ်ပုံရိုက်နေသည်။ခဏအကြာ ကန်တော်ကြီးဘက်သို့သွားကြသည်။ဓာတ်ပုံခဏခဏရိုက်ခိုင်းနေသောဝေယံကတော့မော်ဒယ်လုပ်ဖို့ကောင်းသည်။
ခွန်းသတို့လည်း ကန်တော်ကြီး၌ခဏနေကာဘယ်မှထပ်မဝင်တော့ဘဲဝေယံ့အိမ်သို့လိုက်သွားလေသည်။




အမုန်း၏နောက်ကွယ်(Complete)Onde histórias criam vida. Descubra agora