Ep 46
အေးရိပ်ဖြူ တစ်ယောက်အိပ်ယာထက်တွင်လူး
လိမ့်နေလေသည်။ဆံပင်တွေကလည်းအရင်လိုပြင်ဆင်ထားခြင်းရှိမနေပါ။မျက်နှာဟာလည်းအရင်လိုဆေးဆိုးပန်းရိုက်မျက်နှာမဟုတ်ဘဲဖြူ ဖက်ဖြူ ရော် ဖြစ်ကာမျက်ကွင်းတွေပါညိုနေသည်။နောက်ဆုံးတော့ အံဆွဲထဲကဆေးပြားတစ်ပြားကိုယူကာသောက်လိုက်မှခဏတာငြိမ်ကျသွားလေသည်။
အေးရိပ်လည်းခေါင်းအုံးဘေးကဖုန်းကိုယူကာပြုံးကြည့်နေချိန်
"သမီး ဘာလုပ်နေတာလဲ"
"ဟင် ဘာ ဘာမှမလုပ်ပါဘူး ဖေဖေရောအလုပ်သွားတော့မှာလား" အေးရိပ်အမေးကိုသမီးဖြစ်သူအားခေါင်းညိတ်ပြကာ
"ဟုတ်တယ်သမီး ဒါနဲ့ဖေဖေ သမီးကိုခိုင်းစရာရှိလို့"
"ဟုတ် ဖေဖေ" အေးရိပ်အဖေက လက်ထဲကဖိုင်ကိုအေးရိပ်ထံသို့ပေးလိုက်ကာ
"မောင်စျာန်ထက်ပိုင်တို့နဲ့ပူးပေါင်းပြီး ပရောဂျက်အသစ်တစ်ခုလုပ်မလို့
အဲ့ဒါသူ့နဲ့သွားတွေ့ပြီးဆွေးနွေးလာခဲ့ပေးပါလား အဖေမအားလို့"
"ဟုတ် ဖေဖေ သမီးနောက်ပြီးသွားလိုက်ပါ့မယ်"
"အေးအေး ဒါဆိုအဖေသွားပြီနော်"
"ဟုတ်ဖေဖေ" အေးရိပ်လည်းသူ့အဖေထွက်သွားတော့ရေချိုးခန်းထဲဝင်ကာရေချိုး၍အပြင်သွားဖို့ပြင်ဆင်လိုက်သည်။
စျာန်က Companyတွင်အစည်းအဝေးခန်းထဲမှာဘန်ကောက်ကဧည့်သည်တွေနှင့်လုပ်ငန်းအကြောင်းဆွေးနွေးနေပြီးအချိန်ကား တစ်နာရီလောက်ကြာသွားသည်။အစည်းဝေးပြီးတော့ဧည့်သည်တွေကိုနှုက်ဆက်ကာကျော်ထက်ကိုCompanyရှေ့သို့လိုက်ပို့ခိုင်းလိုက်သည်။စျာန်ကတော့ရုံးခန်းထဲကိုဝင်လာပြီး ခဏအကြာအေးရိပ်ဖြူရောက်လာသည်။
ဒေါက်!!!ဒေါက်!!!
"ဝင်ခဲ့"စျာန့်စကားဆုံးတာနဲ့အခန်းတွင်းသို့အေးရိပ်ဖြူ ဝင်လာသည်။
"စျာန်"
"ပြောပါ"
စျာန်တစ်ယောက်အေးရိပ်ဖြူကိုမကြည့်ဘဲဖိုင်ထဲကစာရင်းတွေကိုဘဲကြည့်ကာပြန်ဖြေလိုက်သည်။အေးရိပ်ကတော့စျာန်မကြည့်ပေမယ့်ပြုံးပြလိုက်ကာ
"အေးရိပ်တို့ပရောဂျက်အသစ်အတွက်တိုင်ပင်ပြီးစာချုပ်လေးချုပ်လိုက်ရအောင် စျာန်"
"ကျွန်တော် စာချုပ်မချုပ်တော့ပါဘူး" စျာန့်စကားကြောင့်အေးရိပ်ဖြူက မျက်မှောင်ကြုတ်သွားကာ
"ဘာဖြစ်လို့လဲ စျာန် "
"ကျွန်တော် တချို့လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းထားလို့ပါ အေးရိပ်အဖေကိုတော့ကျွန်တော်ဖုန်းဆက်
လိုက်ပါ့မယ်"
"စျာန် အေးရိပ်တို့နဲ့ကအရှေ့က ပရောဂျက်ကိုတောင်အတူတူလုပ်ဖူးတယ်လေ ဒီပရောဂျက်ကိုဒီလိုအကြောင်းပြချက်လေးနဲ့ငြင်းစရာလိုလို့လား"
"ဒီတစ်ခေါက် မအေးရိပ်တို့နဲ့လုပ်တဲ့ပရောဂျက်မှာကျွန်တော်တို့ဘက်ကနစ်နာတာတွေရှိနေပါတယ် အဲ့ဒါကတော့ဘယ်သူဆိုတာသက်သေနဲ့ဖော်ထုတ်မှာမို့လို့ ဒီတစ်ခေါက်ပရောဂျက်ကို လက်မခံတာပါ "
အေးရိပ်မှာစျာန်ပြောလိုက်သောစကားကြောင့်နည်းနည်းတော့စိုးရိမ်သွားမိကာမျက်နှာတို့ပျက်ယွင်းသွားရသည်။သို့ပေမယ့်ပျက်ယွင်းသွားသောမျက်နှာကိုပြန်ထိန်းလိုက်ကာ
"ကောင်းပါပြီ အဖေ့ကိုအေးရိပ်ဘဲပြောပြလိုက်ပါမယ်"
"ဟုတ်ကဲ့ပါ"
အေးရိပ်ထွက်သွားတော့မှစျာန်တစ်ယောက်စားပွဲခုံကိုလက်သီးနဲ့ထိုးချလိုက်သည်။အေးရိပ်ရှိနေချိန်တွင်မြိုသိပ်ထားသောဒေါသများကသူမ ထွက်သွားမှလွှတ်ချလိုက်ရသည်။
'ငါ့ကိုငတုံးများမှတ်နေတာလား နောက်ပရောဂျက်အသစ်တစ်ခုတောင်ထပ်လုပ်မယ်တဲ့ အဟက်....'
အချိန်ကြညလေ မကောင်းသည့်ဘက်ကိုပိုရောက်လေဖြစ်နေတာမို့
စျာန်လည်းဒီပြဿနာကိုအမြန်ဖြေရှင်းဖို့သာဆုံးဖြတ်လိုက်သည်။
..................
ခွန်းသမှာအိမ်ထဲတွင်တစ်ယောက်တည်းပျင်းနေသောကြောင့်ဝေယံနှင့်Video callပြောနေလေသည်။
"ဝေယံ မင်းငါ့အိမ်မလာဘူးလား"
"မင်းငါ့ဆီလာလေ အားနေတာမင်းဘဲရှိတယ်"
ထိုအခါခွန်းသကမျက်နှာရှူံ့မဲ့ကာ
"ဖြစ်ရတယ်ငါကမအားပါဘူးနော် ငါ့ကိုကို ကိုငါကဟင်းချက်ကျွေးနေတာ"
"ကြွားနေသေးတယ်"
"နောက်လငါ့မွေးနေ့ရောက်တော့မယ်နော် "
"အဲ့တော့ငါကမင်းကိုကန်တော့ပွဲနဲ့လာကန်တော့ရမှာလား"ဝေယံအပြောကိုခွန်းသကရယ်ကျဲကျဲလုပ်ပြကာ
"လက်ဆောင်လေ လက်ဆောင်ပေးရမယ်"
"ချီးတောင်မပေးဘူး"
"အဲ့ဒါဆိုမင်းလည်းငါ့ဆီလာမစားနဲ့"
"စတာ စတာပေးမယ် ဒါမဲ့ဒီရက်ပိုင်းတော့ငါမအားဘူးကွ ငါ့အကိုဘန်ကောက်ပြန်မှာမို့လို့။သူ့စားသောက်ဆိုင်ကိုမန်နေဂျာနဲ့ဘဲထားထားတော့အကြာကြီးမကောင်းဘူးတဲ့လေ အစကတော့ဒီမှာဆိုင်ဖွင့်မယ်ဘာညာနဲ့ အခုတော့အဲ့ကိစ္စကိုနောက်မှစဉ်းစားမယ်တဲ့လုပ်လိုက်ရင်ချက်ချင်းကြီးဘဲ ပြောရတာမောလိုက်တာ"
ခွန်းသကတော့ဝေယံအကိုပြန်တာသူ့ကြောင့်မဟုတ်ပါစေနဲ့လို့ဘဲစိတ်ထဲမှာဆုတောင်းနေမိသည်။သို့ပေမယ့်ခွန်းသလည်းဖာသိဖာသာနေလိုက်ကာ……
" မင်းဘဲပြောနေတာကိုမောမှာပေါ့ တော်ပြီ ဒါဘဲ"
"အေးအေး" ခွန်းသမှာဝေယံနှင့်ဖုန်းပြောပြီး၍ နေ့လယ်စာစားဖို့မီးဖိုချောင်ထဲသို့ဝင်ခဲ့လိုက် ပြီး မစားခင်စျာန့်အားဖုန်းခေါ်လိုက်သည်။
တီ..တီ..တီ..
"Hello ကိုကို "
"ကလေး ပြော"
"ကိုကိုထမင်းစားပြီးပြီလား"
"မစားရသေးဘူးကလေးရဲ့ ကျော်ထက်ကိုဝယ်ခိုင်းလိုက်တယ်ကိုကိုအလုပ်တွေနဲ့မအားလို့"
"ဟုတ်"
"ကလေးရောစားပြီးပြီလား"
"မစားရသေးဘူးကိုကို ပြီးမှကြီးချို နဲ့စားလိုက်မယ် "
"အွန်း ဒါဆိုဖုန်းချမယ်နော် ကိုကိုလုပ်စရာလေးတွေရှိသေးလို့" ခွန်းသနှင့်စျာန်ဖုန်းပြောပြီးသည်
နှင့်ခွန်းသတစ်ယောက်ကြီးချို ကိုခေါ်ကာ ထမင်းစားဖို့ပြင်ဆင်လိုက်သည်။ဒီနေ့မှကိုကို့အသံကိုနားထောင်ရတာက တစ်ခုခုဖြစ်နေသလိုပင်။
KAMU SEDANG MEMBACA
အမုန်း၏နောက်ကွယ်(Complete)
Romansaနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်
