Ep 55

9.5K 358 2
                                    

Ep 55

စျာန်နှင့်ခွန်းသတို့သိပ်မကြာခင်ဘဲမြန်မာပြည်သို့ပြန်လာခဲ့ကြသည်။ခွန်းသနှင့်စျာန်ကတော့မပြန်ခင်တေဇရဲ့စားသောက်ဆိုင်သို့သွားကာပြန်တော့မည့်အကြောင်းနှင့်ကျေးဇူးတင်စကားသွားပြောဖြစ်သည်။ခင်နန်းစံကတော့ စျာန်တို့ထက်အရင်လေယာဉ်နဲ့ပြန်သွားကာအစောကြီးထွက်သွားလေသည်။

ကျော်ထက်လည်းခွန်းသပြန်လာ၍ပျော်နေလေသည်။မဟုတ်ရင် သူ့ရဲ့Bossဆိုတဲ့ လူအားသူနိူင်မှာမဟုတ်ပေ။
စျာန်တို့လေယာဉ်ဆိုက်ချိန်လာကြိုဖို့မှာထားသောကြောင့်ကားကအဆင်သင့်ရောက်နေ၍အိမ်ပြန်လာခဲ့သည်။ခွန်းသတစ်ယောက်ကတော့ပင်ပန်းလို့ထင်သည်ကားပေါ်တွင်အိပ်ပျော်နေလေပြီ။စျာန်ကတော့အိပ်ပျော်နေသောသူ့ကလေးလေးကိုကြည့်ကာပီတိဖြာနေမိသည်။

စျာန်တို့ကားလေးသည်ခြံဝင်းတစ်ခုထဲသို့ရောက်ရှိလာ၍ကားပေါ်မှဆင်းလိုက်ပြီးစျာန်ကတော့အိပ်ပျော်နေသောခွန်းသအားချီလိုက်ကာအပေါ်ထပ်သို့တက်လာခဲ့သည်။အခန်းထဲရောက်သည်နှင့်ခွန်းသအားခုတင်ပေါ်သို့ချပေးလိုက်ပြီးနံဖူးလေးအားငုံ့နမ်းလိုက်သည်။ခဏအကြာစျာန်လည်းအောက်ဆင်းလာကာ

“ကြီးချိူ  ကလေးအတွက်ထမင်းပြင်ပေးထားနော်”
“ဟုတ်ပါပြီတော် ဒါနဲ့ခွန်းလေးကရော”

“သူကအိပ်နေတယ် ကြီးချို”
“အေးအေး  ဟုတ်ပြီ”
မနေ့ကတည်းက ခွန်းသပြန်လာမည့်အကြောင်းပြောထား၍ကြီးချိုကပျော်နေကာ အရသာရှိတာတွေချက်ပြီးစောင့်နေမယ်လို့ပြောလာသော
ကြောင့်စျာန်တောင်ပြုံးမိကာ’ကလေးကအချစ်ခံလေးပါလား’လို့တောင်တွေးမိလိုက်သည်။စျာန်လည်းကြီးချိုကိုမှာစရာရှိတာမှာကာအပေါ်သို့ပြန်တက်လာခဲ့ပြီးရေချိုးခန်းထဲသို့ဝင်ကာရေချိုးလိုက်သည်။အခုမှစိတ်တွေပေါ့ပါးသွားကာစျာန်တစ်ယောက်ပြုံးနိူင်တော့သည်။

စျာန် ရေချိုးခန်းထဲကထွက်လာတော့ခွန်းသကခုတင်ပေါ်တွင်ရှိနေမတော့ပါ။
စျာန်လည်းခုတင်နားသို့အရောက်ဝရန်တာဘက်တွင်ခွန်းသအားတွေ့လိုက်ရသည်။စျာန်တစ်ယောက်ပေါ့ပေါ့ပါးပါးလေးဖြစ်မဲ့အဝတ်စားလေးလဲကာခွန်းသရှိရာသို့သွားလိုက်သည်။စျာန်က ခြေသံဖွဖွလေးနင်းကာခွန်းသနားသို့အရောက်အနောက်ကနေသိုင်းဖက်လိုက်တော့ခွန်းသကိုယ်လေးတုန်သွားကာလန့်သွားလေသည်။စျာန်လည်းခွန်းသ လည်တိုင်လေးအားနမ်းလိုက်ကာ

“ကလေး ကိုယ်ထပ်ပြီးတောင်းပန်ပါတယ်နော်”
“ကျွန်တော်ခွင့်လွှတ်ပါတယ်”ချက်ချင်းပြန်ဖြေလာတဲ့ခွန်းသရဲ့အဖြေကြောင့်စျာန်ပြုံးလိုက်ကာ

“အခုကစပြီး ကလေးဘေးမှာကိုကိုတစ်ယောက်လုံးရှိတာမို့လို့ ကိုကို့ပါးစပ်ကပြောသမျှစကားတွေဘဲယုံပေးပါ ကလေးစိတ်ထဲဘဝင်မကျဘဲမေးချင်တာရှိရင်ကိုကို့ကိုဘဲတိုက်ရိုက်မေးပါသူများစကားကိုမယုံပါနဲ့နော်”

“ဟုတ်ကဲ့ ကျွန်တော်ကတိပေးပါတယ်”

“ကလေးထွက်သွားတုန်းက ကိုကို၂ရက်လောက်သတိမေ့နေခဲ့တာ”စျာန့်စကားကြောင့်ခွန်းသမှာနည်းနည်းတော့စိုးရိမ်သွားသည်။သူဒါတွေမသိခဲ့ဘူးလေ။အဲ့အချိန်တုန်းက သူသိတာတစ်ခုက ထိုလူဆီကနေလွတ်မြောက်ချင်ခဲ့တာဘဲ။

“ကလေး မရှိတဲ့ရက်တွေမှာကိုကိုအသက်မရှိတဲ့လူတစ်ယောက်လိုဘဲဖြတ်သန်းနေရတာ”
“.......”ခွန်းသက စျာန်ပြောသမျှကိုတစ်ခွန်းမှပြန်မပြောဘဲသေချာနားထောင်နေသည်။စျာန်ကပင်ဆွေးမြေ့မြေ့မျက်ဝန်းတွေနဲ့....

“ကလေးကနေနိူင်လိုက်တာ ကိုကို့ကိုအကြာကြီးပစ်သွားတယ်”
“ကျွန်တော်လည်း ဟိုရောက်တုန်းက အစကလွမ်းနေပါသေးတယ်ဘယ်လိုမှနေသားမကျခဲ့ဘူး ဒါပေမဲ့ကိုယ်ချစ်တဲ့သူသာပျော်မယ်ဆိုကျွန်တော်ကနောက်ဆုတ်ပေးဖို့အဆင်သင့်ဘဲလေ အဲ့ဒါကြောင့်လွမ်းနေပေမဲ့လည်းအလုပ်ထဲဘဲအာရုံစိုက်ပြီး နေနိူင်အောင်ကြိုးစားခဲ့တာ “
ခွန်းသစကားတွေကြောင့်စျာန်တစ်ယောက်မျက်နှာလေးညိုးသွားသည်။
‘ကလေးပင်ပန်းခဲ့မှာဘဲ’

“အင်းပါ အဲ့ဒါကြောင့်အခုကစပြီးကိုကိုက ကလေးကိုဂရုစိုက်မှာမို့ ကလေးကထပ်ပြီးထားမသွားပါနဲ့တော့နော်ဒီတစ်ခါကလေးထားသွားရင်ကိုကိုသေမယ်ဆိုတာသေချာသွားပြီ”

“ကျွန်တော့်ကိုပဲချစ်ပေးပါ “ ခွန်းသရဲ့စကားကြောင့် စျာန်က ခွန်းသကိုယ်လေးကိုသူ့ဘက်သို့ဆွဲလှည့်လိုက်ကာ

“ချစ်ပေးပါလို့ပြောစရာမလိုအောင်
ကိုကိုကချစ်ပေးမှာမို့ ကလေးကကိုကို့ကိုဘဲယုံကြည်ပေးပါ”
“ဟုတ်” ခွန်းသရဲ့ ခေါင်းညိတ်ကာပြန်ဖြေလိုက်သော ပုံစံလေးကြောင့် စျာန်ကပြုံးလိုက်ကာ

“ကိုယ့်ကို ကိုကိုလို့ခေါ်ပါအုန်းလား ကလေး”
“ကိုကို “ ခွန်းသ၏ စကားဆုံးသည်နှင့်စျာန်က ခွန်းသနံဖူးလေးအားနမ်းလိုက်ကာ

“ချစ်တယ်ကလေးရယ် အရမ်းချစ်တယ်”
“ကျွန်တော်လည်းကိုကို့ကိုချစ်တယ်”

“ကိုကို ကလေးရဲ့သူငယ်ချင်းတွေကို ကလေးပြန်ရောက်တဲ့အကြောင်းပြောထားပြီးပြီ”
“ဟင် ဟုတ်လား” စျာန့်မှာမျက်လုံးလေးပြူးကာမေးနေသောကောင်လေးအားအသည်းယားကာအချစ်တွေပိုနေရပြန်သည်။

“ ဒါပေါ့ သူတို့ကလည်း ကလေးကိုလွမ်းနေကြတာလေ ဒီနေ့တော့ပင်ပန်းနေမှာစိုးလို့လာမတွေ့တော့ဘူးတဲ့ မနက်ဖြန်ကျရင်ကိုကိုတို့တွေ ကလေးသူငယ်ချင်းတွေနဲ့အပြင်သွားကြမယ် ပြီးရင်ရုပ်ရှင်ကြည့်ကြမယ် နော်”

“ဟုတ်ကိုကို ကိုကိုကအကောင်းဆုံးဘဲ” စျာန့်အားလည်းပင်းကနေဖက်တွယ်ကာလိုချင်တာရသွားသည့်ကလေးလိုပါးကိုတရွတ်ရွတ်နမ်းနေလေသည်။

ခွန်းသတို့ခဏအကြာအောက်ဆင်းကြတော့ထမင်းစားဝိုင်းမှာကြီးချိုကစောင့်နေလေသည်။ ခွန်းသကကြီးချိုကိုမြင်တာနဲ့စျာန့်လက်ကိုလွှတ်ကာကြီးချိုကိုသွားဖက်လေသည်။ကြီးချိုကလည်းခွန်းသအားပြန်ဖက်လိုက်ကာ

“သားလေးရယ် ကြီးချိုကလွမ်းနေတာ”
“သားလည်းလွမ်းနေပါတယ် ကြီးချိုရဲ့ လာပါထမင်းစားကြရအောင်မငိုနဲ့တော့နော်”

ခွန်းသအားဖက်ကာငိုနေသောကြီးချိုကြောင့်ခွန်းသကမငိုနဲ့ပြောကာထမင်းစားဖို့ခေါ်လိုက်ရသည်။
သို့ပေမယ့်သူကိုယ်တိုင်ဟာလည်းမျက်ရည်တွေဝဲနေခဲ့သည်။

“ကြီးချိုမနက်ဖြန်ကျွန်တော်ဟင်းချက်ကျွေးမှာနော်”
“ဟုတ်ပါပြီတော် စာဖိုးမှူးကြီးလက်ရာကိုကြီးချိုကလွမ်းနေရတာ သားစျာန်ကတော့ပိုဆိုးပေါ့”
“ကိုကိုရောကြီးချိုကိုရော ကျွန်တော်ရှယ်ချက်ကျွေးမှာ”

“ကလေးလက်ရာကို ကိုကိုကတော့အဝစားမှာ ကြီးချို မနက်ဖြန်မနက်ပိုင်းကျွန်တော်တို့အပြင်သွားမှာ ညနေမှဟင်းချက်စရာတွေထပ်ဝယ်ပြီးစားကြမယ်နော်”
“ဟုတ်ပါပြီတော် ပျော်ပျော်သာလည်ခဲ့ကြပါ”
အကုန်လုံးပြုံးပျော်ကာထမင်းစားကြရင်း စျာန့်ရဲ့လွမ်းဖျားလွမ်းနာအကြောင်းကိုခွန်းသအားကြီးချိုကပြန်ပြောပြနေသည်။စျာန်ကခွန်းသဆိုတဲ့လူသားလေးမရှိရင်မဖြစ်ဘူးဆိုတာတော့ခွန်းသအားသိစေချင်သည်။




အမုန်း၏နောက်ကွယ်(Complete)Donde viven las historias. Descúbrelo ahora