Ep 36

11.3K 516 9
                                        

Ep 36

ခွန်းသ သင်တန်းသွားရမှာမို့အိပ်ယာထတော့အချိန်ကား၇နာရီ။ စျာန်ကတော့အိပ်လို့ကောင်းတုန်းခွန်းသလည်းရေချိုးခန်းထဲဝင်ကာမျက်နှာသစ်ရေချိုးပြီး စျာန့်အတွက်ရေပူရေအေးစပ်၍ဖန်ခွက်ထဲတွင်သွားတိုက်ဖို့အဆင်သင့်လုပ်ပေးထားလိုက်သည်။ခွန်းသ ရေချိုးခန်းထဲကထွက်လာကာအဝတ်စားလဲ၍မှန်ရှေ့တွင်ခေါင်းကိုဖြီးကာမျက်နှာလေးကိုသနေသည်။ခွန်းသပြင်ဆင်ပြီးချန်တွင်ကုတင်ပေါ်၌စျာန်တစ်ယောက်လှုပ်လှုပ်ရွရွဖြစ်လာသည်။ခွန်းသလည်းအနည်းငယ်လှုပ်ရွလာသောစျာန့်အနားသို့လာကာ......

“ကိုကိုထတော့လေ ကျွန်တော်တောင်ပြီးနေပြီနော် ထတော့”
“ဟင် ကလေးကကိုကို့ကိုလည်းမနှိုးဘူး”

“ကိုကိုအစောကြီးထရင်ပင်ပန်းမှာစိုးလို့လေ အခုတော့ထတော့နော်”
“အွန်း ဒါပေမယ့်တစ်ခုကျန်သေးတယ်”စျာန့်အပြောကိုခွန်းသ ကနားမလည်၍

“ဘာကျန်နေတာလဲ ကျွန်တော်ယူပေးမယ်လေ”
“Morning kissလေ” ခွန်းသလည်းအခုမှသဘောပေါက်သွား၍

“မျက်နှာလည်းမသစ်ရသေးဘူး”
“ဘာလို့လဲ ကလေးကကိုကို့ကိုမချစ်ဘူးလား” မျက်မှောင်ကြုတ်ကာပြောနေသောစျာန်ကြောင့်

“ချစ်ပါတယ်ဗျာ ပြွတ် ကဲထတော့”
“အိုကေဗျာ ပြွတ်” စျာန့်စကားကြောင့်ခွန်းသက စျာန့်နံဖူးလေးအားနမ်းလိုက်သည်။စျာန်လည်းခွန်းသကိုပြန်နမ်းကာမနက်ခင်းလေးကိုကြည်နူးစရာအတိနှင့်စတင်လိုက်လေသည်။


ခွန်းသတို့သင်တန်းကတတ်ရမည့်အချိန်က
သိပ်မကျန်တော့ပေ။နောက်လဆိုရင်သင်တန်းကပြီးပြီဖြစ်သည်။စျာန်က ကမောင်းနေရင်း……

“ကလေးဟင်းတွေ တော်တော်ချက်တတ်နေပြီမလား”
“ဟုတ်ကိုကို”
“ကိုကို့ကိုချက်ကျွေးမှာလား”
“ဒါပေါ့ ငရုပ်သီးကြော်တို့ ကြက်သွန်သုတ်တို့ ရှောက်သီးသုတ်တို့ချဉ်ပေါင်ရွက်ချဥ်ဟင်းတို့ပြီးတော့....”

“ခ ခဏလေး ကလေးချက်ကျွေးမယ်ဆိုတာအဲ့ အဲ့ဒါတွေလားဟင်”
“ဟုတ်တယ်လေ နေ့လယ်နေ့ခင်းလေးဆိုရင်အဲ့လိုဟာလေးတွေကသိပ်စားကောင်းထမင်းမြိန်.....”

“အမယ်လေး တော်တော် ကြီးချိုချက်ကျွေးတာဘဲစားတော့မယ် ကလေးကသင်တန်းပြီးလည်းအိမ်မှာဘဲအေးဆေးလေးထိုင်နေသိလား ပြောရင်းနဲ့တောင်သွားတွေကျိမ်းနေပြီ”
စျာန်တစ်ယောက်ခွန်းသပြောသောဟင်းတွေကြားတာနဲ့တင် စားချင်စိတ်ပါပျောက်၍သွားတွေပါကျိမ်းလာကာမျက်နှာတွေပါမဲ့ကုန်သည်။ခွန်းသက စျာန်ဖြစ်သွားသောမျက်နှာကိုကြည့်ပြီးရယ်နေသည်။

“ဟား....ဟား....ကျွန်တော်ကစတာပါကိုကိုကလည်းဟီးဟီး....ကိုကို့ကိုကျွန်တော်က ရှယ်ချက်ကျွေးမှာသိလား ကြီးချို တောင်ထိုင်ငိုသွားမယ်”

“ခုနဟာတွေတော့မချက်ပါဘူးနော်”
“ဘာလဲကိုကိုက ကလေးကိုမယုံဘူးလား” ခွန်းသကစျာန့်ကိုတမင်ရစ်ချင်၍နှုတ်ခမ်းဆူကာစိတ်ကောက်ပြနေလေသည်။

“ဟေ့နှုတ်ခမ်းဆူနေတာလား အဲ့နှုတ်ခမ်းကိုလာကိုက်မှာနော်” စျာန်ပြောမှခွန်းသမှာ သူ့နှုတ်ခမ်းကိုသူ့လက်နဲ့ပြန်အုပ်နေသည်။ပြီးမှသတိရကာ

“ဪ ကိုကို နောက်နေ့ကျရင်လေ ချယ်ရီတို့
ဝေယံတို့နဲ့မုန့်စားမလို့အဲ့တာ”
“ဘယ်မှာစားမှာလဲ”

“ဝေယံတို့အိမ်မှာလေ ချယ်ရီကိုပါခေါ်ပြီးမိတ်ဆက်ပေးမလို့ နော်နော်”
“ကလေး သွားချင်ရင်သွားလေ ဒါပေမယ့်ညနေကျရင်တော့ကိုကိုလာကြိုမယ်နော်”

“ဟုတ်ကဲ့ကိုကို လာကြို” အခုမှလိုချင်တာရသွားသည့် ကလေးလိုခွန်းသ မှာစျာန့်အားသွားအဖြီးသားနှင့်ရယ်ပြနေသည်။ခွန်းသတို့သင်တန်းရှေ့သို့ရောက်၍စျာန်လည်းခွန်းသအားသင်တန်းသို့ဝင်သွားသည်ကိုမြင်မှကားကွေ့ကာCompanyသို့မောင်းလာခဲ့သည်။
.
.

At Company
“ ကျော်ထက်ကိုလွှတ်လိုက်”
စျာန်ကအတွင်းရေးမှူးမလေးအားကျော်ထက်ကိုလွှတ်ဖို့ဖုန်းခေါ်လိုက်သည်။မကြာခင်ကျော်ထက်ရောက်လာ၍

“ကျော်ထက် ငါစုံစမ်းခိုင်းထားတဲ့ကိစ္စ”
“ဟုတ်ကဲ့boss လုပ်တဲ့သူကကျွန်တော်ရိပ်မိသလောက်တော့မန်နေဂျာကိုနေပိုင်ပါသူကလောင်းကစားတွေလည်းလုပ်သလို ငွေပေးရင်လည်းအကုန်လုပ်တယ်လို့သိရပါတယ်။ဒီစာရင်းတွေကိုလည်းသူကိုယ်တိုင်စစ်ထားတာပါ” ကျော်ထက်ကစျာန့်စားပွဲရှေ့ကခုံတွင်ထိုင်ကာပြောနေသည်။စျာန်လည်းခေါင်းညိတ်၍

“ဟုတ်ပြီ ပြီးတော့ရော”
“ပြီးတော့ဆောက်လုပ်ရေးပိုင်းမှာလည်း ပစ္စည်းတွေကိုအပေါစားတွေသုံးပြီးစာရင်းထဲမှာတော့ပစ္စည်းအကောင်းစားတွေကိုရေးထားပြီးငွေပမာဏတော်တော်များများကိုလိမ်ထားပါတယ်”ကျော်ထက်ကစျာန့်မျက်နှာအားကြည့်ကာဆက်ပြောလေသည်။

“ကျွန်တော်ခန့်မှန်းသလောက်တော့ သူဒီလောက်
သတ္တိရှိပုံမပေါ်ဘူးBoss သူ့ကိုနောက်ကွယ်ကခိုင်းတဲ့သူရှိပုံရတယ် အဲ့ဒါကိုလည်းကျွန်တော်စုံစမ်းနေပါတယ်” စျာန်က စားပွဲခုံအားလက်ချောင်းများဖြင့်တဒေါက်ဒေါက်ခေါက်ကာခေါင်းညိတ်၍

“အင်း....သူ့ကိုစောင့်ကြည့်ထားသူနဲ့ပတ်သတ်သမျှလူတွေအကုန်လုံးကိုစောင့်ကြည့်ထားသူသွားတဲ့နောက်လည်းလူလွှတ်ထား ငါ့ကိုတောင်ဒီလိုလုပ်ရဲတယ်ဆိုတော့
ဘယ်သူလဲဖြစ်နိူင်မလဲ အဟက်....” စျာန်တစ်ယောက်နှုတ်ခမ်းမဲ့ကာတစ်ချက်ရယ်လိုက်သည်။
ပြီးတာနဲ့သူ့ရှေ့က ကျော်ထက်ကိုကြည့်ကာ......

“မင်းလည်းပင်ပန်းရောပေါ့ ခဏနားအုန်း”
“ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်Boss”

ကျော်ထက်ကစျာန့်အားဦးညွှန့်ကာထွက်သွားလိုက်သည်။စျာန်လည်းနိူင်ငံခြားCompanyတစ်ခုနှင့်ပူပေါင်းထားသောအချက်အလက်များကိုစစ်ဆေးနေသည်။စာရင်းတွေလုပ်နေရင်းနေ့လယ်စာစားချိန်ရောက်တော့ ခွန်းသအားဖုန်းဆက်ကာနေ့လည်စာစားရန်လာခေါ်မည့်အကြောင်းကိုပြောလိုက်သည်။

“ခွန်းသ သွားမယ်လေ”နေ့လည်စာစားချိန်ရောက်တော့ အပြင်ထွက်လာချိန်ဝေယံကပြောလိုက်တော့....
“ဒီနေ့ငါ့ကိုကိုလာခေါ်မှာကွ မင်းပါလိုက်ခဲ့ပါလား” ခွန်းသအပြောကြောင့်ဝေယံကမျက်နှာမှိုင်သွားကာ

“မင်းကိုကိုကငါ့ကိုကြည်ဖြူ ပါ့မလား”
“ဘာလို့လဲကွ” ခွန်းသကဝေယံပြောသောစကားကိုမသိ၍ပြန်မေးတော့ဝေယံကမျက်နှာစပ်ဖြီးဖြီးလုပ်ကာ

“မင်းတို့ကဘာလုပ်မယ်မှန်းမှမသိတာ”
“ဟာ ဝေယံ မင်း မင်းနော်” ခွန်းသမှာ မျက်နှာတွေရဲလာသောကြောင့်ဝေယံကရယ်လိုက်ကာ

“ဟားဟား.....ဘာတွေတွေးနေတာလဲငါကထမင်းစားရင်ဟင်းတွေပါတွေခွံ့ကျွေးမှာပေါ့လို့ပြောမလို့ကို မဟုတ်မှလွဲရော မင်း........” ဝေယံကခွန်းသအားလက်ညှိုးထိုးကာ’မင်း’ဆိုပြီးစကားကိုခနရပ်လိုက်တော့ခွန်းသက

“မင်းနော် ......ဟာဟိုမှာကိုကိုလာပြီ” ခွန်းသနှင့်ဝေယံစနောက်နေတုန်းမှာပင်စျာန်လာသောကြောင့်ခွန်းသကဝေယံလိုက်မည့်အကြောင်းပြောကာ စားသောက်ဆိုသို့ထွက်ခဲ့သည်။စားဆောက်ဆိုင်သို့ရောက်လာချိန်......

“ဝေယံမှာနော်အားမနာနဲ့”
“အေးပါကွ”စျာန်ကတော့ဝေယံအားခွန်းသ သူငယ်ချင်းမှန်းသိ၍ပေါ့ပေါ့ပါးပါးဘဲပြောလေသည်။စျာန်တစ်ယောက်ဘာရယ်မဟုတ် ဘေးဘက်ကိုလှည့်ကြည့်လိုက်ချိန်Companyကနေပိုင်ကိုတွေ့လိုက်ရသည်။ ဒီတိုင်းထမင်းလာစားတာဘဲဟုသာတွေးလိုက်သည်။ဘာပဲဖြစ်ဖြစ်သူ့လူတွေလွှတ်ထားတာဘဲမလား။



အမုန်း၏နောက်ကွယ်(Complete)Where stories live. Discover now