Ep 16
ညနေ သင်တန်းပြီးသည်နှင့်အလျှိုလျှို ပြန်ကြလေသည်။မပြန်သေးသည်က ကျွန်တော်နှင့်ဝေယံပင်။ကျွန်တော်က ကိုကို့ကိုစောင့်နေတော့ဝေယံကပါကျွန်တော်တစ်ယောက်တည်းဆိုပြီးအဖော်စောင့်ပေးနေလေသည်။ခွန်းလည်းသူ့နဲ့အတူစောင့်ပေးနေသောဝေယံကိုအားနာလာတာနဲ့
“ဝေယံ ရပါတယ်ကွာ မင်းအိမ်ပြန်နောက်ကျနေအုန်းမယ်”
“ရတယ်ငါကပြန်နေကျဘာမှမဖြစ်ဘူး မင်းအိမ်ကလာမကြိုသေးဘူးမလား ငါပါစောင့်ပေးမယ်မပူနဲ့” ဝေယံကသဘောကောင်းသည်။ သနားစာနာတတ်သည်။ဒါကြောင့်လည်းအချိန်တိုအတွင်းကျွန်တော်ခင်သွားတာပင်။ ဝေယံတို့ကညီအကိုနှစ်ယောက်ဖြစ်ကာဝေယံ အကိုကဘန်ကောက်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်ပြောသည်။ဒါကြောင့်လည်းဝေယံက ဟင်းချက်သင်တန်းတတ်နေတာထင်သည်။
“ဒါနဲ့ဝေယံ မင်းအကိုက ဒီကိုပြန်မလာဘူးလား”
“လာတယ်ကွတစ်နှစ်ကိုနှစ်ခါလောက်ဘဲပြန်
လာတာ သူကအလုပ်များတယ်ကွ ငါတောင်ဟင်းချက်သင်တန်းပြီးလို့တော်တော်ကျွမ်းကျင်ရင်ငါ့အကိုဆီသွားမလားလို့စဉ်းစားနေတာသူ့အလုပ်ကိုဝိုင်းကူနေရင်းပေါ့”
“ဪ ကောင်းတာပေါ့ငါလည်းနိူင်ငံခြားမှာ စားဖိုမှူးလုပ်ချင်တယ်ကွ”
“ဒါဆိုငါသွားရင်ခေါ်မယ် လိုက်ခဲ့ပေါ့” ကျွန်တော်သာလိုက်ရင်ဝေယံက တကယ်ခေါ်မဲ့ပုံပင်။ဒါပေမယ့်ကိုကိုကလွှတ်မဲ့ပုံမပေါ်ပါ။ပြီးတော့ကျွန်တော်လည်းကိုကို့ကိုမခွဲနိူင်ပါ။
“အင်း လိုက်လို့ရရင်ပေါ့” နှစ်ယောက်သားစကားပြောနေရင်းကိုကိုရဲ့ကားလာတာကြောင့် စကားစဖြတ်လိုက်သည််။
“ဝေယံအိမ်ကကားလာပြီ မင်းတစ်ခါတည်းလိုက်ခဲ့မလားငါနဲ့”
“မလိုက်ပါဘူး မင်းသာကောင်းကောင်းသွားဟုတ်ပြီလား”
“အင်း အဲ့ဒါဆိုငါသွားပြီ” ဝေယံကိုနှုတ်ဆက်ပြီးသည်နှင့် ကျွန်တော်လည်းကားထဲဝင်လိုက်သည်။သို့သော်လာကြိုသည်က ကိုကိုမဟုတ်ဘဲအကိုကျော်ထက်ဖြစ်နေသည်။
VOCÊ ESTÁ LENDO
အမုန်း၏နောက်ကွယ်(Complete)
Romanceနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်