Ep 57

18.2K 527 21
                                    

Ep 57

ဒီနေ့စျာန်ကရုံးပိတ်ရက်ဖြစ်သော်လည်းအစည်းဝေးရှိသည်ဟုပြောကာအစောကြီးထပြီး ပြင်ဆင်ပြီးသည်နှင့် အောက်ဆင်းကာမနက်စာစားနေသည်။ခွန်းသလည်းအစောကြီးထတတ်သောအကျင့်ရှိ၍စျာန်နိူးသည်နှင့်သူပါနိူးလာလေသည်။ကြီးချိုကလည်းစျေးသွား၍ မနက်စာဝိုင်းတွင်တော့ခွန်းသနှင့်စျာန်တို့နှစ်ယောက်သာစားနေကြသည်။စျာန်ကတော့မုန့်စားလိုက်ကော်ဖီသောက်လိုက်နှင့်လုပ်နေပေမယ့်ခွန်းသကတော့မုန့်မစားဘဲကော်ဖီသာထိုင်သောက်နေသည်။စျာန်လည်း ကော်ဖီတွေဘဲ လှိမ့်သောက်နေသောခွန်းသအားကြည့်ကာ

“ကလေးမုန့်မကြိုက်လို့လား”
“မဟုတ်ပါဘူး”

“ဒါဆိုဘာလို့ မစားတာလဲ ကလေးရဲ့”
“စားချင်စိတ်မရှိလို့” မျက်နှာညှိုးကာပြန်ပြောလာသောခွန်းသကြောင့်

“ကြီးချိုလာရင်တစ်ခုခုလုပ်ခိုင်းလိုက်လေ ကိုကိုရုံးသွားပြီ”
“ဟုတ်ကဲ့” စျာန်ကတော့မနက်စာဝိုင်းမှထကာအိမ်ရှေ့သို့ထွက်သွားလေသည်။ခွန်းသလည်းစျာန့်ကိုလိုက်မပို့တော့ဘဲစားပွဲဝိုင်းမှာသာကော်ဖီဆက်သောက်နေလိုက်သည်။စျာန်တစ်ယောက်ကားမောင်းနေရင်းကျော်ထက်ဆီကဖုန်းလာ၍ကိုင်လိုက်ကာ

“Hello”
“Hello Boss ကျွန်တော်ဘာအရင်စလုပ်ရမလဲ”
“အွန်း ငါပြောမယ်”

“ဟုတ်ကဲ့”
“………..”

“ဟုတ်ကဲ့Bossမလွဲစေရပါဘူး စိတ်ချပါ”
“……….”
စျာန်လည်း ကျော်ထက်ကိုမှာစရာရှိတာမှာပြီးသည်နှင့်
Companyသို့တန်းမောင်းလာခဲ့သည်။Companyရောက်သည်နှင့်ရုံးခန်းထဲမှာထိုင်ကာစာရင်းလုပ်နေရင်းတစ်နေရာသို့ဖုန်းခေါ်နေသည်။ဖုန်းဝင်သွားသည်နှင့်

“Hello ကျွန်တော်မှာထားတာရပြီလားဗျ”
“………..”

“ဟုတ်ကဲ့ကျွန်တော်နောက်မှလာခဲ့ပါ့မယ်”
“.......” စျာန်ပြောပြီးသည်နှင့်ဖုန်းချလိုက်ကာအရှေ့စားပွဲပေါ်ကစာရင်းတွေကိုထိုင်စစ်နေသည်။

……………………..

အိမ်မှာတော့ခွန်းသတစ်ယောက်ဆိုဖာပေါ်တွင်ထိုင်ကာနှုတ်ခမ်းဆူနေလေသည်။ကြီးချိုကခွန်းသအနားသို့လာကာ

“သားခွန်းလေး တစ်မနက်လုံးမျက်နှာလည်းမကောင်းပါလားဘာဖြစ်နေတာလဲဟင်”
“ဘာမှမဖြစ်ပါဘူးကြီးချို”ကြီးချိုက ခွန်းသဘေးနားကဆိုဖာတွင်ဝင်ထိုင်ရင်း

“ဘန်ကောက်ကသူငယ်ချင်းတွေကိုသတိရလို့လား သား”
“သား ဘန်ကောက်မှာသူငယ်ချင်းမရှိပါဘူးကြီးချိုရဲ့ဝေယံ့ရဲ့အကိုပဲရှိတာ” ခွန်းသစကား ဆုံးသည်နှင့်ကြီးချိုကပြုံးလိုက်ကာ

“ဒါဆိုဘာတွေမျက်နှာမကောင်းဖြစ်နေတာလဲ သားရဲ့”
“ကိုကိုပေါ့ဒီနေ့ပိတ်ရက်ကိုကျွန်တော့်အနားမှာမနေဘဲနဲ့ အလုပ်သွားတယ်လေ”
“သားစျာန်ကအရေးကြီးလို့နေမှာပါ” ထိုအခါခွန်းသကနှုတ်ခမ်းပြန်ဆူကာ

“ကျွန်တော့်ထက်အရေးကြီးတာရှိသေးလို့လား
တော်ပြီ ဝေယံတို့နဲ့ဘဲ အပြင်သွားတော့မယ်”

ခွန်းသလည်းပြောပြီးတာနဲ့ အပေါ်ထပ်ကိုတက်သွားလေသည်။ကြီးချိုကတော့စိတ်ကောက်သွားသောကောင်လေးအားပြုံး၍ပင်ကြည့်နေလိုက်သည်။ခွန်းသလည်းအပေါ်တက်ပြီး အခန်းထဲရောက်သည်နှင့်ဝေယံအားဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်ပြီးသည်နှင့်ခဏအကြာ.....

“Hello ဝေယံ”
“အင်း ခွန်းသပြော”

“ငါနဲ့အပြင်သွားကြရအောင် ငါပျင်းလို့”
“ငါမအားဘူးခွန်းသရဲ့”ဝေယံရဲ့အဖြေကြောင့် တိုနေသောစိတ်တွေကပို၍ပင် များပြားသွားကာ

“မင်းကလည်း ငါပျင်းလို့ပါဆို ခဏလေးပဲကို”
“တကယ်ပါကွာ ငါဖုန်းချလိုက်ပြီနော်”

ပြောပြီးသည်နှင့်ဖုန်းချသွားသောဝေယံကြောင့်ခွန်းသ တကယ်ပင်စိတ်ဆိုးသွားသည်။

“ခွေးကောင်တွေ့မယ်သူ့အလှည့်ကျရင်ငါ့ကိုလာခေါ်ကြည့် ချယ်ရီဆီဘဲဆက်ရမယ်ငါ့ရဲ့ငယ်သူငယ်ချင်းလေးကသာအကောင်းဆုံးဘဲ”

ခွန်းသတစ်ယောက်မဲ့ရွဲ့ကာဖြင့်ဝေယံ့အားမေတ္တာပို့အပြီးချယ်ရီဆီကိုဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်သွားသည်နှင့်

“Hello ချယ်ရီသူငယ်ချင်းလေးငါတစ်ယောက်တည်းအထီးကျန်နေလို့ ငါနဲ့အပြင်မှာမုန့်သွားစားကြရအောင်နော်”
“ငါမအားဘူးဟ”ချယ်ရီ့စကားကြောင့်ခွန်းသတစ်ယောက်ပိုလို့ပင်စိတ်တိုသွားကာ

“နင်တို့လည်းဘယ်တော့မှမအားနဲ့တော့သိလား ဝေယံကလည်းမအားဘူးနင်ကလည်းမအားဘူး”

ပြောပြီးသည်နှင့်ခွန်းသတစ်ယောက် ချယ်ရီအပြောကိုတောင်မစောင့်ဖုန်းချလိုက်သည်။ပြီးသည်နှင့်ဆောင့်အောင့်ကာပင်ကုတင်ပေါ်တွင်လှဲချလိုက်သည်။ပျင်းနေတာရောစိတ်တိုနေတာနဲ့ပါရောပြီးခဏအတွင်းမှာပင်ခွန်းသတစ်ယောက်အိပ်ပျော်သွားလေသည်။

ခဏအကြာ.....

ဒေါက်!!! ဒေါက်!!!
“သားခွန်းရေ” အပြင်ကနေကြီးချိုတစ်ယောက်အိပ်ပျော်နေသောခွန်းသအားခေါ်နေသည်။
သို့ပေမယ့်လေးချက်လောက်ထုနေတာတောင်အထဲက အသံမကြားရ၍......

“သားခွန်းရေ ကြီးချိုဝင်လာမယ်နော်”ကြီးချိုလည်းပြောလည်းပြော အခန်းထဲလည်းဝင်လာတော့ကုတင်ပေါ်တွင်ပါးစပ်လေးဟကာအိပ်ပျော်နေသောခွန်းသကိုကြည့်ကာပြုံးမိသွားသည်။

‘စိတ်ကောက်ပြီးအိပ်ပျော်သွားတယ်ထင်ပါရဲ့’

“သားခွန်းရေနေ့လယ်စာစားရမယ်လေ”
ခွန်းသလက်မောင်းလေးအားလှုပ်ကာ
တော်တော်ကြာကြာခေါ်မှ

“အင်း.......”မျက်လုံးမဖွင့်ဘဲအကြောဆန့်ကာ နိူးလာစပြုလာသောခွန်းသပင်။ကြီးချိုလည်းခွန်းသကိုပြုံးကြည့်လိုက်ကာ

“သားစျာန်ကခုနကနေ့လယ်စာစားဖို့ဖုန်းဆက်ထားတယ် ခွန်းလေးကအိပ်နေလို့ကြီးချိုကဖုန်းလာတာမနှိုးတော့တာ”

“ဟင် ဟုတ်လား”

စျာန့်အသံကြားတာနဲ့ခေါင်းထောင်လာကာကုတင်ပေါ်ထထိုင်လိုက်သောခွန်းသပါပေ။

“ဟုတ်တယ်အခုထမင်းစားမယ်လေ လာ”
“ဟုတ်ကဲ့”

ခွန်းသနှင့်ကြီးချိုတို့ထမင်းစားခန်းထဲဝင်လာခဲ့ကြသည်။ပြီးသည်နှင့်ပြင်ထားသောဟင်းပွဲကို ကြည့်ကာခွန်းသတစ်ယောက်ဗိုက်ဆာလာတာနဲ့ခေါင်းတောင်မဖော်တော့ဘဲထမင်းစားသည်။
ထမင်းစားပြီးသည်နှင့်ခွန်းသခြံထဲဆင်းကာစာအုပ်ထိုင်ဖတ်နေချိန်ခြံထဲသို့ကားတစ်စီးဝင်လာသောကြောင့်ကြည့်မိလိုက်တော့စျာန့်ကားဖြစ်နေသည်။ခွန်းသလည်းကားနားသို့ပြေးသွားတော့ကားပေါ်ကဆင်းလာသူကကျော်ထက်ဖြစ်နေ၍မျက်နှာမဲ့သွားသည်။

“အကိုလေး Bossကဝတ်စုံပို့ခိုင်းလိုက်ပါတယ်”
“ဟင် ဘာလို့လဲ ဒီဝတ်စုံက”ခွန်းသမှာ သူ့ရှေ့သို့ရောက်နေသောဗူးအမဲရောင်လေးနဲ့ထည့်ထားသည့်ဝတ်စုံအားဘာအတွက်မှန်းမသိ၍မေးလိုက်သည်။

“Bossကညနေ မွေးနေ့ပါတီတစ်ခုသွားစရာရှိလို့ပါအဲ့ဒါအရမ်းအရေးကြီးလို့အကိုလေးကိုလိုက်ခဲ့ဖို့မှာလိုက်တာပါ “
“ဟုတ်လား ဘယ်သူပါလိမ့်”

ခွန်းသစဉ်းစားနေလည်းဘယ်သူဆိုတာသိမှာမဟုတ်၍ဘာမှမပြောတော့ဘဲကျော်ထက်လက်ထဲကဝတ်စုံထည့်ထားသည့်ဗူးလေးကိုယူလိုက်သည်။ကျော်ထက်က ဝတ်စုံဗူးပေးပြီးသည်နှင့်

“ညနေ၅နာရီခွဲလောက်ကျွန်တော်လာခေါ်ပါ့မယ်”
“ကိုကိုကလာမခေါ်ဘူးလား”

“Bossကမအားလို့ပါအကိုလေး”
“ကောင်းပါပြီ” ပြောပြီးသည်နှင့်ကျော်ထက်ကို
နှုက်ဆက်ကာခွန်းသအိမ်ထဲပြန်ဝင်သွားသည်။

‘အရမ်းအရေးကြီးတဲ့မွေးနေ့ပါတီတဲ့လား
ဟုတ်မှာပါလေကိုကိုကမိတ်ဆွေပေါမှာပေါ့’


ညနေ၄နာရီခွဲလောက်ကျတော့
ခွန်းသမှာမွေးနေ့ပါတီသွားဖို့အတွက်
ရေမိုးချိုးကာပြင်ဆင်နေလေသည်။ပြင်ဆင်မှုအပြီး မှန်တင်ခုံပေါ်ကနိူင်ငံခြားဖြစ်ရေမွှေးပုလင်းလေးအားယူကာစွတ်လိုက်သည်။ပြီးတာနဲ့ကိုယ့်ကိုယ်ကိုယ်မှန်ထဲ ပြန်ကြည့်မိချိန်Suit ဝတ်စုံအဖြူရောင်ဝတ်ထားသော်လည်းယောကျာ်းလေးတစ်ယောက်လိုခန့်ညားမှုရှိမနေဘဲ ဘာဝတ်ဝတ်လူကြီးပုံဖမ်းထားတဲ့ကလေးလိုသာဖြစ်နေ၍နှာခေါင်းရှုံ့လိုက်မိသည်။




အမုန်း၏နောက်ကွယ်(Complete)Donde viven las historias. Descúbrelo ahora