Ep 51
၂နှစ်ခန့်ကြာသော်......
အချိန်ကားတရွေ့ရွေ့နဲ့ကုန်ဆုံးလာပြီးရက်ကနေလ လကနေ နှစ်တွေဆီသို့ကူးပြောင်းလာခဲ့သည်။
မီးဖိုချောင်ထဲတွင်မီနူးအသစ်ကိုချက်ပြုတ်နေသောကောင်လေးနဲ့သူ့ ဘေးမှာညီလေးတစ်ယောက်လိုစောင့်ရှောက်ပေးနေသောကောင်လေး တို့နှစ်ယောက်သားဟာပြုံးနေပြီးဟင်းအသစ်ကိုဖန်တီးနေကြသည်။
“Wow…..ညီက တော်လိုက်တာ”
“အကို့လောက်တော့မတော်သေးပါဘူးဗျာ” ခွန်းသအပြောကိုတေဇက ပြုံးလိုက်ကာ
“ဟုတ်ပါပြီ အဲ့ဒါဆိုအတူတူတော်တယ်”
“ဟား....ဟား....အဲ့ဒါညီမျှတယ်” ဒီနေ့ဆိုင်ပိတ်ရက်ဖြစ်သောကြောင့်ခွန်းသနှင့်တေဇတို့ဟင်းအသစ်ကိုချက်ပြုတ်နေကြသည်။ခွန်းသ
တစ်ယောက်စျာန့်ဆီကထွက်လာပြီးနောက်ပိုင်းဘန်ကောက်ကသူ့အဖေရဲ့ညီဆီကိုရောက်လာခဲ့သည်။ခွန်းသ အဘိုးအဘွားတွေကခွန်းသအဖေရဲ့ညီကိုသူတို့သဘောမတူတဲ့သူနဲ့ယူလို့ငယ်ငယ်လေးထဲကအမွေဖြတ်ခဲ့သောကြောင့်ခွန်းသဦးလေးကဘန်ကောက်မှာသူချစ်သူ စစ်နိူင်ဆိုတဲ့သူနဲ့သာအတူနေထိုင်ခဲ့သည်။
လိင်တူချင်းမို့မိဘတွေကသဘောမတူခဲ့တာကြောင့်ဘယ်သူ့ကိုမှအဆက်သွယ်မလုပ်ဘဲနေလာတာ ခွန်းသမိဘတွေဆုံးတော့ခွန်းသဆီကိုတစ်ခါလာခဲ့ပေမယ့်ဘယ်သူမှမသိပါ။ဘန်ကောက်မှာလာနေဖို့ခေါ်တော့
လည်းကျောင်းတတ်ရမည်ဟုအကြောင်းပြကာမလိုက်ခဲ့၍လိပ်စာပေးခဲ့ပြီးအခုတော့ခွန်းသတစ်ယောက်ဘန်ကောက်ကဦးလေးအိမ်မှာနေနေသည်။တူလေးတစ်ယောက်တည်းရှိသောဦးလေးမို့ခွန်းသအားဦးလေးရောသူ့ချစ်သူစစ်နိူင်ရောကပါ သူ့အားတုန်နေအောင်ချစ်ကြသည်။
အမြဲတမ်းအခန်းထဲမှာပဲအချိန်ကုန်နေသောသူ့ကိုအပြင်ထွက်အောင်တွန်းအားပေးခဲ့ပြီးအရာရာအလိုလိုက်ပေးခဲ့တာကပင်သူ့အတွက်တော့ မိဘနဲ့အတူ တူနေနေရသလိုပင်နွေးထွေးလွန်းလှသည်။
တစ်နဲ့ကုန်တိုက်တစ်ခုမှာပစ္စည်းလာဝယ်ရင်းအကိုတေဇနဲ့တွေ့ခဲ့တာကြောင့်အကြောင်းစုံကိုပြောပြတော့အကိုတေဇကနှစ်သိမ့်ပေးကာသူ့စားသောက်ဆိုင်မှာစိတ်ငြိမ်အောင်အလုပ်လုပ်ဖို့ခေါ်သည်။ခွန်းသအားနားနားနေနေဖြင့်စာရင်းတွေကိုသာလုပ်ကိုင်ခိုင်းပေမဲ့ခွန်းသကတော့တစ်ခါတစ်လေဆိုမီးဖိုချောင်ထဲဝင်ကာဟင်းပါချက်ပြုတ်ပေးသည်။ခွန်းသဒီမှာရှိနေတာကိုဝေယံပင်မသိအောင်အကိုတေဇကိုဖုံးကွယ်ခိုင်းထားရသည်။မြန်မာနိူင်ငံဆိုတာခွန်းသအတွက်တော့နာကျင်စရာတွေနှင့်သာပြည့်နှက်နေသည်။
……………………………………………………..
စျာန်တစ်ယောက်Companyမှာဘဲအလုပ်တွေနှင့်လုံးပန်းနေကာ အိမ်ပြန်ချိန်ဆိုတာဈာန့်အတွက်တော့မရှိသလောက်ပင်ဖြစ်ကာCompanyမှာဘဲအနေများပြီးတစ်ခါတစ်လေမှသာအိမ်ပြန်ဖြစ်သည်။ခွန်းသမရှိတော့တည်းကအိမ်ဆိုတာမပြန်ချင်လောက်အောင်မုန်းတီးခဲ့၍ကျော်ထက်ကိုတော့အိမ်မှာဘဲနေခိုင်းကာမနက်ကျမှCompanyကိုလာခိုင်းသည်။နေ့လယ်စာဆိုရင်လည်းအပြင်မှာသာစားကာတစ်ခါတစ်လေ ညစာပင်မေ့လျှော့နေတတ်ပြီးအလုပ်နဲ့ဘဲအချိန်ကုန်ဆုံးနေလေသည်။
စျာန်လက်တော့စ်တစ်လုံးနဲ့အလုပ်ရှုပ်နေတုန်း
ကျော်ထက်ကစျာန့်ရုံးခန်းထဲသို့ဝင်လာကာ
“Boss ဒါကမခင်နန်းစံပို့လိုက်တဲ့စာရွက်တွေပါ”
“ဟုတ်ပြီ ထားခဲ့လိုက်” ကျော်ထက်ကစာရွက်ပေးပြီးတာနဲ့ပြန်ထွက်သွားလေသည်။အရင်ကအပြုံးအရယ်များခဲ့တဲ့သူက အခုတော့သူ့ကိုပင်ပြုံးပြဖို့တောင်ရှာပါးလွန်းလှသည်။ခင်နန်းစံကစျာန်တို့နှင့်အလုပ်တွဲလုပ်လာတာတစ်နှစ်ကျော်လောက်ဘဲရှိသေးသော်လည်းသူမကသဘောကောင်းပြီးဖော်ရွေ၍လူချစ်လူခင်ပေါများကာစီးပွားရေးမှာလည်းအမြင်ကျယ်ပြီးနာမည်ရသူမိန်းမတစ်ယောက်ပင်ဖြစ်သည်။စားသောက်ကုန်လုပ်ငန်းတွေဆောက်လုပ်ရေးလုပ်ငန်းတွေပါလုပ်၍ဟိုတယ်လုပ်ငန်းတွေလည်းလုပ်ကိုင်သည်။
နေ့လယ်စာစားချိန်ရောက်ပြီဖြစ်၍ကျောက်ထက် မှာစျာန့်ရုံးခန်းထဲသို့ထပ်ဝင်လာခဲ့သည်။
စျာန့်ရုံးခန်းဆိုရင်အရင်ကခွင့်မတောင်းဘဲဝင်ထွက်နိူင်သူက ခွန်းသ တစ်ယောက်ပဲရှိခဲ့ပေမယ့်အခုတော့ ကျော်ထက်ပါထပ်တိုးလာခဲ့သည်။
ကျော်ထက်ကိုစျာန့်ကငယ်ငယ်လေးထဲကကျွေးမွေးလာ၍ညီလေးတစ်ယောက်လိုပင်ဖြစ်နေလေပြီ။စျာန်မရှိတုန်း Companyကိုကျော်ထက်ကပဲအစစအရာရာဂရုစိုက်ကာဆောင်ရွက်ပေးထား၍စျာန့်အတွက်ကျော်ထက်ကအယုံကြည်ရဆုံးလူဖြစ်နေလေပြီ။
“Boss နေ့လယ်စာစားချိန်ရောက်ပါပြီကျွန်တော်ကားအဆင်သင့်လုပ်ပြီးပါပြီ”
“အင်း ခဏထိုင်နေအုန်း” စျာန်ကလုပ်လက်စအလုပ်တွေကိုလက်စသတ်ဖို့အတွက်ကျော်ထက်အားဆိုဖာ၌ထိုင်စောင့်ခိုင်းထားသည်။ ခဏအကြာ
“သွားမယ် ကျော်ထက်”
“ဟုတ်ကဲ့Boss” ကျော်ထက်ကစားသောက်ဆိုင်တစ်ခုသို့မောင်းနေရင်း
“Boss ဒီတစ်ခေါက်အပန်းဖြေခရီးကိုလိုက်အုန်းမှာလား”
“ငါမလိုက်တော့ဘူး ရုံးကဝန်တမ်းတွေကိုဘဲ စီစဉ်ပေးလိုက် မင်းလိုက်ချင်ရင်လိုက်သွားပေါ့” စျာန်ပြောတော့ကျော်ထက်ကခေါင်းခါလိုက်ကာ
“Bossမပါတော့ကျွန်တော်လည်းမလိုက်တော့ပါဘူး သူတို့သွားချင်တဲ့နေရာကိုဘဲ စီစဉ်ပေးလိုက်ပါ့မယ်”
“အွန်း”
“ကျွန်တော်တို့အပန်းဖြေခရီးမထွက်ခင် မခင်နန်းစံတို့နဲ့အလုပ်ကိစ္စအတွက်ခရီးသွားစရာရှိတယ်နော်Boss”
“မင်းဘဲသွားလိုက်လို့မရဘူးလား ငါမလိုက်ချင်ဘူး”
“ဒီတစ်ခေါက် အလုပ်ကိစ္စကBossပါမှရမှာပါ ကျွန်တော်တစ်ယောက်တည်းမရဘူးလေ Bossကလည်း......”
ကျော်ထက်အပြောကြောင့်စျာန်ကသက်ပြင်းတစ်ချက်ချကာ
“အင်း အဲ့ဒါဆိုရင်လည်းပြီးရော ငါလည်းအပန်းဖြေရာရောက်သွားတာပေါ့”
အခုမှကျော်ထက်လည်းအလုံးကြီးကျသွားရသည်။သူတို့နဲ့သာအတူမခေါ်နိူင်ရင်နေ့လယ်စာတွေ ညစာတွေကမစားမှာကြိုသိနေ၍တမင်အရေးကြီးတယ်လို့ပြောကာလိမ်ခေါ်လိုက်ရတာပင်။
စျာန်နှင့်ကျော်ထက်တို့စားသောက်ဆိုင်ရှေ့တွင်ကားရပ်လိုက်ကာအထဲသို့ဝင်ခဲ့ကြသည်။ကျော်ထက်ကစျာန်စားဖို့ပါတခါတည်းမှာပေးလိုက်ပြီးအသီးရွက်ကိုပိုမှာလိုက်ကာအသားဟင်းကိုနည်းနည်းသာမှာလိုက်သည်။တစ်ယောက်သော
သူရဲ့အကြိုက်ကိုစျာန်ကလိုက်စားသောကြောင့်အသီးရွက်ဟင်းကြိုက်တတ်သူကဘယ်သူဆိုတာပြောစရာတောင်မလိုတော့ပေ။ကျော်ထက်နှင့်
စျာန်တို့ထမင်းစားနေချိန်
“ဟယ် ကျော်ထက်နဲ့စျာန်”
“ဟာ အမနန်း လာထိုင်လေ” ကျော်ထက်ကရယ်ပြပြုံးပြကာခေါ်လိုက်သော်လည်းစျာန်ကတော့အနည်းငယ်မျှပြုံးတယ်ဆိုရုံသာပြုံးပြလိုက်သည်။စျာန်နှင့်အလုပ်တွဲလုပ်ကတည်းကအရယ်အပြုံးနည်းသောစျာန့်အကြောင်းကိုသိနေ၍ခင်နန်းစံကတော့ဘာမှမပြောတော့ပါ။စျာန်ကစိတ်ရင်းကောင်းသည်ကိုသိနေ၍ဒါလေးအတွက်နဲ့အပြစ်လည်းမမြင်တော့ပါ။ခင်နန်းစံက လွတ်နေသောခုံမှာဝင်ထိုင်ရင်း
“စျာန်တို့ထမင်းလာစားတာပေါ့ အမလည်းဒီမှာ
ဧည့်သည်တစ်ယောက်နဲ့ထမင်းလာစားတာ အခုပြန်တော့မလို့”
ခင်နန်းစံအားစျာန်ကခေါင်းညိတ်အသိအမှတ်ပြုပြီးပြုံးပြလိုက်ကာ
“နောက်တစ်ပတ်သွားရမဲ့ခရီးကို ဘယ်လိုစီစဉ်ထားလဲ”
“အမတော့ကိုယ့်ဘာသာဘဲကားနဲ့သွားလိုက်မယ် စျာန်တို့လည်းလွတ်လပ်တာပေါ့ ပြီးတော့အလုပ်ကိစ္စကတစ်ရက်လောက်နဲ့ရပါတယ် ပြီးရင်အမကတော့အဲ့မှာတစ်ရက်လောက် အပန်းဖြေပြီးရင်ပြန်မယ် စျာန်တို့ကတော့သဘောပါဘဲ”
ခင်နန်းစံပြောလာသောစကားကိုစျာန်ကထမင်းစားနေရင်းခေါင်းညိတ်ကာ
“ကျွန်တော်တို့တော့အဲ့ဒီမှာနည်းနည်းလောက်နေချင်သေးတယ် စိတ်အပန်းဖြေတဲ့အနေနဲ့ပေါ့ ဒါဆိုသွားဖို့စီစဉ်လိုက်တော့မယ်လေ သွားရဖို့ကနီးနေပြီဘဲ”
“အင်း ဒါဆို အမသွားပြီ ကျော်ထက်အမသွားပြီနော်”
“ဟုတ်ကဲ့အမ” ခင်နန်းစံတစ်ယောက် စျာန်နဲ့ကျော်ထက်တို့အားပြုံးပြကာစားသောက်ဆိုင်မှထွက်သွားသည်။စျာန်နှင့်ကျော်ထက်ကတော့အလုပ်ကြောင်းပြောကာ ဆက်ပြီးထမင်းစားနေကြသည်။
BẠN ĐANG ĐỌC
အမုန်း၏နောက်ကွယ်(Complete)
Lãng mạnနေမင်းကြီးလည်းမလိုအပ်ဘူး လေပြည်တွေလည်းမလိုအပ်ဘူး မင်းကိုဘဲလိုအပ်တယ်