First Meet ရဲ့ အဆက် Season (2) တင်ပေးလိုက်ပါပြီနော် 😊😊😊
Next Step 🐲💙🐼
Episode (1) That Man 🙎♂️
❤အချစ်ဆိုတာ ကြောက်စရာကောင်းတဲ့အရာတစ်ခုလား...
❤အချစ်ဆိုတာ ကြည်နူးပျော်ရွှင်စရာတစ်ခုလား...
❤အချစ်ဆိုတာ အရမ်းကိုလှပပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုလား..." သေချာတာကတော့ ဒီအရာသုံးမျိုးလုံးကို ခံစားနေမိတဲ့ ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ Kwon Jiyong ပါပဲ..."
အဆုံးအစမဲ့စွာ တောက်ပနေတဲ့ စလိုက်မီးအလင်းရောင်အောက်ရှိ လူစုလူဝေးကြီးက ကျယ်ကျယ်လောင်လောင်ဖြင့် ဟစ်ကြွေးလျက် အားပေးနေသော *BIG BANG* ဆိုသည့် စကားလုံးလေးက ဒီညအဖို့ အသက်ဝင်လှုပ်ရှားနေဆဲ။
ခေါင်းဆောင်တစ်ဦးထက်ပိုသော အရည်အသွေးများစွာ ပိုင်ဆိုင်ထားသည့် G-dragon ဧ။် အောင်မြင်ကျော်ကြားမှုကို မြင်တွေ့ရတော့ Seungri တကယ်ပဲ ဂုဏ်ယူမိလေသည်။
K-Pop လောက၌ အမြဲအောင်မြင်နေမယ့် သူ...
မိန်းကလေးပရိတ်သတ်တွေအပြင် Fan Boy တွေကပင် ရူးသွပ်စွာ အားပေးနေရတဲ့ သူ...
ဖက်ရှင်ကျစွာ ဝတ်စားတတ်ပြီး၊ Unitဖြစ်သော ရှားပါးအသံပိုင်ရှင် သူ...
ထိုအမျိုးသားမှာ Seungri အတွက် ရည်းစားဦးမဟုတ်ပေမယ့် ဘယ်အရာနဲ့မျှ နှိုင်းယှဉ်အစားထိုးလို့မရတဲ့ အချစ်ဦး...
" Hyung... ဖျော်ဖြေသွားတာ အရမ်းကောင်းတယ်..."
Stage (စင်)အောက်သို့ အတူတူ ပြန်လည်ဆင်းသက်လာရင်း Leader Kwon ဧ။် နားနားသို့ ကပ်ကာ ဂုဏ်ယူစွာဆိုလိုက်တော့ မိမိဧ။် ချွေးများ စိုရွဲနေသည့်ဆံစလေးများကို သူ့လက်ဖြင့် ညှင်ညှင်သာသာ ပွတ်သပ်ပေးကာ...
" ကိုယ်လည်း မင်းအတွက် ဂုဏ်ယူတယ်..."
လေးစားရတဲ့ G-dragon ထံမှ ချီးကျူးစကားကြားရသည့်အတွက် Seungri ရင်ထဲနွေးကနဲဖြင့်။
ပထမဆုံးဖျော်ဖြေပွဲဧ။် အောင်မြင်မှုအသီးအပွင့်အနေဖြင့် သူဌေးYangမှ Big Bang အဖွဲ့ဝင်များအတွက် ညစာစားပွဲ ပြင်ဆင်ပေးလေသည်။
YOU ARE READING
Next Step 🐲💙🐼 (Season2) Completed Zawgyi & Unicode
Fanfiction#Nyongtory #Bigbang #Gri #suyihan