(ep_1) zawgyi+uni

10.9K 481 11
                                    

နေနတ်ဘုရား၏
ရှင်သန်ရာ အချစ် (ep_1)

"သခင်လေး...မပြေးပါနဲ့တော့ သခင်လေး ကျတော်တို့ကို သခင်ကြီးဆူလိမ့်မယ်"

ဟုတ်ပါတယ် အခုပြေးနေတာကတော့ နှစ်ယောက်မရှိ ချစ်ဖို့ကောင်းတဲ့ ဝမ်စပ်စလူးလေးပါ
ဝမ်အိမ်တော်ရဲ့ ကျောက်စိမ်းတုံးဆိုတာထက်နူးညံ့လှပလွန်းတဲ့ ဝမ်ငယ်လေးအပေါ်
ဝမ်ပါးက ဂရုစိုက်လွန်ခဲ့တာပါ
အချို့သောအကြောင်းအရာတွေကြောင့်ရောပေါ့
ဒီလိုနဲ့ ဝမ်လေးလဲ ကိုယ်ရံတော်တွေကို မျက်ခြေဖျက်ကာ တရုတ်ဈေးတစ်ခုမှ
အစားသောင်းကြမ်းနေပါရော
မျက်လုံးလေးကလည်ကလည်နဲ့ လမ်းသွားရင်းအစာစားနေပုံလေးက ပုရိသအားလုံး ကြွဆေင်းချင်စရာ
"ဘုတ်"
အငမ်းကောင်းလို့ လူတစ်ယောက်ကို ဝင်တိုက်မိခြင်းပါ
"အာ sorry sorry ကျတော်မမြင်လိုက်လို့ပါဗျ"
အောက်ကျသွားသော အကင်လေူတွေကို နှမြောသတနဲ့ကြည့်နေတဲ့ကောင်လေး
ရှောင်ကျန့် စိတ်မရှည်မိပါ ဒီကောင်လေး လူကိုမခန့်လေးစားလုပ်နေတာလား
"ကျစ် ကောင်လေး လူကို သေချာတောင်းပန်ရမယ်ဆိုတာ နားမလည်ဘူးလား"
ထိုအခါမှ မျက်ရည်လေး ဝဲဝဲနဲ့ မော့ကြည့်လာတဲ့
ကောင်လေး
ရှောင်ကျန့်ရင်ထဲ လွမ်းဆွတ်မှု နာကျင်မှုတွေဟာ နဂိုထက် လောင်မြိုက်လာသလိုပါပဲ

ကောင်လေးကတော့ သူ့ရှေ့မှာ သူ့မျက်နှာမြင်ပြီး အံ့ဩနေသလို
ရှောင်ကျန့်သတိပြန်ဝင်လို့ ကောင်လေးကို ပြန်ကြည့်တဲ့အခါ ကောင်လေးကပေကျန်သွားတဲ့ သူ့အင်္ကျီအဖြူလေူကို အားနာစွာဖြင့် သုတ်ပေးနေလေတယ် ပါးစပ်ကလဲ "ကျတော်တောင်းပန်ပါတယ် တောင်းပန်ပါတယ် လို့သာ ထပ်ခါတလဲလဲရွတ်ဆိုရင်း မျက်ရည်ဝဲနေလေရဲ့

"အယ် ဒီကလေး အရင်ကလိုပါပဲလား"
ရှောင်ကျန့်တွေးရင် ရယ်လိုက်မိတယ် ဘယ်သူသိမှာလဲ အာ့အပြုံးက နှစ်ပေါင်း တစ်ထောင်ကျော်ကြာမှ ပွင့်လန်းလာတဲ့အပြုံးဆိုတာကို..

ဝမ်လေး သူ့ရှေ့က မျက်ရည်လေးဝဲကာ တသ်ချက်ပြုံးလိုက်တဲ့ မျက်နှာလေူကို ငေးကြည့်မိသွားတယ်
ဘာလို့သူ့ရင်ထဲ တင်းကြပ်နေမိပါလိမ့်
တစ်ချက် ဒီအကိုက ချောသားပဲ 😁😁
"နေပါအုန်း ငါက ဘာလို့ မျက်ရည်ကျလာတာလဲ
ငါ့ကိုသနားအောင် မျက်ရည်ဝဲပြတာလေ အခုက ဘာလာဟ ..ငါက ငိုနေရတယ်လို့"
သူလဲ နားမလည်ခြင်းတွေနဲ့ ယောင်ပြီး ထိုလူရှေ့က ထွက်လာလိုက်မိတယ်
လမ်းတစ်ဝက်မှာ ကိုယ်ရံတော်တွေနဲ့တွေ့တာကြောင့် ဝမ်အိမ် ကိုသာ ပြန်လာလိုက်ခဲ့ရတယ်
သူ့အတွေးထဲမှာတော့ တစ်စုံတစ်ယောက်က စိုးမိုးနေရင်းနဲ့ပေါ့
သူမသိလိုက်တာက
သူ့ကိုကြည့်ပြီး အငိုမျက်လုံး
အပြုံးမျက်နှာနဲ့ ကြည့်နေခဲ့တာ လူတသ်ယောက်ရှိခဲ့တာကိုပေါ့...

နေနတ်ဘုရား၏ ရှင်သန်ရာ အချစ်{completed}[ Zhanyi]Where stories live. Discover now