ပဉ္စလက်မြို့တော်(၈)Uni

1.3K 157 11
                                    

"မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူးလေ "

အိမ်မက်ပါ အိမ်မက်မက်နေကျပဲဟာ လက်တွေ့ဖြစ်လာနိုင်စရာအကြောင်းကိုမရှိဘူး။နောက်ကျိလာသော အတွေး၊ ယောက်ယက်ခက်နေသော စိတ်တို့နှင့် အလုံပိတ်လှည်းပေါ်မှာ အငယ်တစ်ယောက် မွန်းကြပ်လို့နေပြီ။ လက်ကို ဆွဲဆိတ်တာများလို့လဲ လက်ဖမိုးမှာ ရဲတွတ်နေတာပဲ။ နာနာခေါက်ထားသော ဦးခေါင်းကလဲ နာလှပြီ သို့တိုင်အောင် အိမ်မက်ထဲက မနိုးသေး။

တိတ်ဆိတ်လွန်းလှသော သန်းခေါင်ယံညမှာ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းလဲမသိ။ သူမကို လာခေါ်သော အမျိုးသမီးကြီးနှင့် အမျိုးသားနှစ်ယောက်တို့ကလဲ ဘာဆိုဘာမှမပြောကြ။ အို အချိန်တန်ရင်တော့
အိမ်မက်ဆိုတာ နိုးထရစမြဲပါ။

တုံ့ခနဲရပ်သွားသော မြင်းလှည်း၊ တွန်းတိုက်ဖွင့်လိုက်သော တံခါးကြီးတွေရဲ့ အသံ၊ပြီးတော့ နားမလည်သော စကားသံတွေ ၊
အခုတစ်ခေါက် အိမ်မက်က နဲနဲတော့ ကြာလေပြီနော်။

"စံအိမ်ကိုရောက်ပါပြီ ဒေဝီ "

ဘာလဲ ဆင်းရမှာလား၊ အပြင်ထွက်ရမည့် အရေး စဥ်းစားနေမိသည်။ အငယ့်အိမ်မက်ဆိုတာကလဲ အမြဲလိုလို သွေးသံတရဲရဲနှင့် ရှိတတ်သည်မို့ ကြိုတင်ပြင်ဆင်ထားသည်။ မိန်းမကိုင် ခေါက်ထီး လေးပါလာလို့တော်သေးရဲ့။ ဘာမှ မပါလာတာနှင့်စာရင် တစုံတစ်ယောက်က ရန်ပြုခဲ့ပါမူ ထီးရိုးနှင့် ရိုက်လို့တော့ ရသေးတာပေါ့။

"ဒေဝီ "

"အမ် အဲ့ ဆင်းမယ် ဆင်းမယ်နော် "

တုံ့ဆိုင်းနေသော အငယ့်ကို အမျိုးသမီးကြီးက ဘီဒိုရှည်းမှ တံခါးဖွင့်ပေးရင်း ရုတ်တရက်ခေါ်လိုက်တာမို့ လန့်သွားသည်။

"အိုခေ ဆင်းတာပေါ့ "

လက်ထဲက ထီးရိုးကို တင်းဆင်းဆုပ်ကိုင်ထားပြီး အပြင်ဖက်ထွက်လိုက်တော့ မမျှော်လင့်သော မြင်ကွင်း။ အငယ့် အာရုံထဲမှာ ပထမဆုံးပေါ်လာတာက ခမ်းနားသော အိမ်တော်ကြီးတစ်ခု။

ပဉ္စလက်မြို့တော်(Normal)Nơi câu chuyện tồn tại. Hãy khám phá bây giờ