ပဉ္စလက်မြို့တော်(၁၁)Uni

1K 136 13
                                    

စစ်မှန်သော အလှတရားဟူသည် အပေါ်ယံရုပ်ဝတ္ထုပစ္စည်းများမှ လာသည်ဟု ဘယ်တုန်းကမှ မမှတ်ယူခဲ့ဘူးပါ။ သို့သော် စဝ်ခွန်ဟော်ခမ်း ဆိုသည့် ထိုလူသားကတော့ဖြင့် အပေါ်ယံ ရုပ်ပြအနေနှင့်တောင် အင်မတန်မှ ကြည့်ကောင်းနေတာ ဝန်ခံရပါလိမ့်မည်။

ထိုသူက ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုစိတ်ထားရှိသလဲ၊ အမူအကျင့်က ဘယ်လိုဆိုတာတောင်မသိဘဲနှင့် မျက်နှာတစ်ခုတည်းကပင် ပြည့်စုံနေပါသည်။

"အား "

နာလိုက်တာ၊ ငေးလို့ကောင်းနေတာ ဘယ်ကနေဘယ်လိုရောက်နေမှန်း သတိမထားမိတဲ့ ကြမ်းခင်းမှာ ချော်လဲရတယ်လို့။ ခုနတုန်းက ဒေါ်ခမ်းနွဲ့က သူမအတွက် ဝတ်စုံတစ်စုံယူလာပေးသည်၊။ ရိုးရာဝတ်စုံဖြစ်သောကြောင့် ထဘီမဝတ်တတ်သော အငယ် ခြေတုပ်ကာလဲရခြင်းဖြစ်သည်။

အသံအကျယ်ကြီး ထွက်သွားပြီး ကို့ယို့ကားရားလဲကျသွားသည်ထင် ငေးနေသော ထိုလူက အပြေးလာထူပေးသည်။ ရှက်လိုက်တာဆိုတာလေ။ ဘာမှပြန်မပြောနိုင် နာသွားသော ခြေထောက်ကိုသာ ဖိရတော့သည်။

"ဘာဖြစ်သွားသေးလဲ နန်းဒေဝီ အဲ့ မင်း"

နာတာပေါ့လို့ စိတ်ထဲကပြောမိသော်လည်း အသံမထွက်ရဲ။ အနဲဆုံး မိန်းကလေးဆိုတာ ဟန်ကိုယ့်ဖို့တော့ လုပ်ရမည်မဟုတ်လား။

"လာ ထ ထ လမ်းလျှောက်လို့ရရဲ့လား "

အနားက စားပွဲဝိုင်းမှ သစ်သားကုလားထိုင်ဆီသို့ တွဲလျှောက်ကာ ခေါ်လာပေးသောထိုလူ။ လက်မှ အသာအယာ ထူတွဲပေးထားတာမို့ သူ့ခန္ဓာကိုယ်နှင့် နီးကပ်စွာရှိနေသည်။ ဟင် ဒီရနံ့ ဒီရနံ့ကို ရင်းနှီးပါတယ်။ ပထမဆုံးအကြိမ်လက်ကိုင်ပုဝါနှင့်ထုပ်ထားသော ပန်းတွေမှ
ရသည်။ ထို့နောက် အကြိမ်ကြိမ်ရင်းနှီးပြီးသော ထိုရနံ့သည် နီးကပ်စွာရနေပြန်သည်။ အမွှေးဆီတစ်မျိုးမျိုးလား။

"အဆင်ပြေရဲ့လား"

မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး မေးလိုက်သည့် ထိုလူ၏မျက်နှာသည် မပြောင်းမလဲ ကြည်လင်နေတုန်းပါလား။

ပဉ္စလက်မြို့တော်(Normal)Where stories live. Discover now