ပဉ္စလက်မြို့တော်(၂၅)Zg

361 30 0
                                    

လူတစ်ယောက်ကိုမုန်းရတာလွယ်တယ်များထင်နေလား ခွန်ဟော်ခမ်း… ဘယ်တုန်းကမှ ဒေဝီ့ကို မမုန်းဖူးဘူး
ခွန်ဆေဝ်အဖြစ်နဲ့ရော စန္ဒာမေအဖြစ်နဲ့ရော ဒေဝီကို မမုန်းဖူးဘူး …
သူကကိုယ့်ကို ထိခိုက်စေခဲ့တာတောင်မှပေါ့ …ဘာလို့လဲ အဖြေကရှင်းပါတယ် စဝ်ခွန်ဟော်ခမ်း ချစ်သမျှကိုချစ်သည်။ မုန်းသမျှအရာအားလုံးကိုလည်း ထပ်တူမုန်းသည်။ နောက်ဆုံးတော့ အရာအားလုံး ရှင်နဲ့ ဆက်စပ်နေတာပါလား ။ ခက်တယ် ရှင်ရယ် ဘယ်နှဘဝများရှင်နဲ့ ပတ်သတ်နေရဦးမှာပါလိမ့်…

“အဟမ်း ဟမ်း”

“အမေ့ …အို… ရှင်ဘယ်လို
ရောက်နေတာလဲ”

“ဘာတွေများစဉ်းစားနေလို့
လူတစ်ယောက်လုံးလာတာ
မမြင်ရတာလဲ ”

“ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်းပဲ ”

“ကိုယ်အခုထိမယုံနိုင်သေးဘူး…”

“ဘာကိုလဲ”

“မင်းက အင်း …ခွန်ဆေဝ်ဆိုတဲ့ မင်းကဘယ်လိုလုပ် ဒီလောက်နူးညံ့သိမ်မွေ့တဲ့ မိန်းကလေး လာဖြစ်နေရတာတုန်းလို့”

အငယ်စိတ်ထဲက ကျိတ်ရယ်မိသည်။ သူ့ကိုများ နူးညံ့သိမ်မွေ့သည်တဲ့ ဖွားဖွား နှင့် မမကြီးများ ကြားရင် ရယ်ရလွန်းလို့ အူတက်သေနိုင်သည်။
အင်း တွေးမိတော့မှ လွမ်းလိုက်တာရယ်။ သူတို့ဘယ်လိုများနေနေကြပါလိမ့်။ မမကြီးတစ်ယောက် စိတ်ပူကာ ငိုယိုနေသော အဖွားကိုလည်း နှစ်သိမ့်ပေးရဦးမယ်၊ သူမကိုလဲ လိုက်ရှာဦးမယ်…ဘုရား ဘုရား မမကြီးရဲ့ လက်ထပ်ပွဲရော ဘယ်လိုများဖြစ်သွားပြီလဲ။

“အိမ်ပြန်ချင်ပြီလားဟင် ”

ဒီနေရာမှာ အငယ့်စိတ်ကိုသိသူ အငယ့်ကို နားလည်သူက တော်ဘုရား စဝ်ခွန်ဟော်ခမ်းတစ်ယောက်သာရှိလိမ့်မည်။ ကျလုဆဲဆဲမျက်ရည်များကို သိမ်းရင်း တော်ဘုရား၏ မျက်နှာကို မော့ကြည့်လိုက်သည်။ သူလဲ ဘာကိုများဝမ်းနည်းနေပါလိမ့်။

“ကျွန်မအိမ်ကို ပြန်လို့ရပါ
ဦးတော့မလား”

“ကိုယ့်ကိုကြည့်စမ်းပါဦး စန္ဒာ
ကိုယ်ကတိပေးတယ် မင်းရဲ့ အရင်ဘဝကို ပြန်သွားလို့ရအောင်လုပ်ပေးမယ်နော် ကိုယ့်ကိုယုံပါ ကျေးဇူးပြုပြီး မငိုနဲ့တော့နော် ”

ပဉ္စလက်မြို့တော်(Normal)Donde viven las historias. Descúbrelo ahora