လျှပ်စီးရောင်အောက်မှာထွက်ပေါ်လာသည့် နုငယ်ချောမောသော မိန်းမပျိုတစ်ဦး…သို့သော်
အရမ်းငယ်ရွယ်လွန်းသည်။
အသက်အားဖြင့် ဆယ်ကျော်သက်အရွယ်သာဖြစ်လိမ့်မည်ထင်သည်။ခေါင်းဆောင်းပုဝါကိုဖယ်ရှားလိုက်ပါမှ တကယ့်ကို ဆယ်ကျော်သက် အရွယ်သာဖြစ်ကြောင်း ပိုမိုထင်ရှားစေသည်။
“မင်းက ဘယ်သူလဲ ”
ကလေးငယ်ရဲ့ မိခင်ပြောပြသည့် အစ်မဖြစ်သူကို ရှာနေသော်လည်း ထင်သလို မတွေ့ရတော့ အားလုံးအံ့သြနေကြသည် ။ စဝ်ခွန်ဟော်ခမ်းက ကလေးရဲ့မိခင်ဆီသို့ လှမ်းကြည့်ရင်း အကဲခတ်လိုက်တော့ သူမကိုယ်တိုင်လည်း ရောက်လာသူကို မသိရှိဘဲ အံ့အားသင့်နေတာကိုတွေ့ရသည်။
“ဒီနေရာကို ဘယ်လိုရောက်လာတာလဲ”
မေးသမျှကို မဖြေသေးဘဲ သူ့ရှေ့မှာ ဟန်ပါပါရပ်နေသည့် မိန်းကလေးငယ်ကို စဝ်ခွန်ဟော်ခမ်းစိတ်မရှည်တော့။
ခပ်ယဲ့ယဲ့ပြုံးကာ မမှိတ်မသုတ်စိုက်ကြည့်နေသည့် မျက်ဝန်းတွေကို ရင်းနှီးနေသည်။“ဘယ်သူလဲဆိုတာရှင်တကယ်ပဲ
မမှတ်မိဘူးလား”အသက်အရွယ်နှင့်မလိုက် စကားကြီးစကားကျယ်ပြောနေသောထိုမိန်းကလေးကို ဘာမှတုံ့ပြန်ချင်စိတ်မရှိ။ သူက ဘာကို မှတ်မိရမှာလဲ။
“ဘာတွေဖြစ်နေတာလဲဟင် ”
အနောက်မှ တိုးလျစွာထွက်ပေါ်လာတာက စန္ဒာရဲ့ အသံ။ စိုးရိမ်ထိတ်လန့်နေသလားမသိ အသံကတိုးလျစွာဖြင့်။
“ဟင် သူက သူက …”
“ဘာလို့လဲစန္ဒာ သူ့ကိုသိလားဟင်”
“တော်ဘုရား မမှတ်မိဘူးလား ”
“ကိုယ် ဟို…ကိုယ်”
တုန်လှုပ်နေသော စန္ဒာရဲ့ အပြောစကားကြောင့် မျက်စိရှေ့က အနှီကလေးမကို တဖန်ပြန်ကြည့်မိသောအခါ…
တဝင်းဝင်းလက်နေသော လျှပ်စီးရောင်များနှင့်အပြိုင် ခက်ထန်သော အကြည့်များနှင့် မိန်းကလေးငယ်…
“ဟင် မဖြစ်နိုင်တာ ”
“ဟား …ဟား… ဟား… ဘာတွေများမဖြစ်နိုင်စရာရှိလို့လဲ စဝ်ခွန်ဟော်ခမ်းရဲ့ ဟင် ကြီးမြတ်လှစွာသော လွယ်လုံသခင်ကြီးရဲ့ ဟား …ဟား… ဟား… ”
![](https://img.wattpad.com/cover/242684606-288-k364368.jpg)
YOU ARE READING
ပဉ္စလက်မြို့တော်(Normal)
Historical Fiction🌲 ရှမ်းတောင်တန်းကိုအခြေပြုသော လွမ်းမောဖွယ် ပုံပြင်တစ်ပုဒ်🌲 ဝန်ခံချက်-ကျွန်မ (တတိုင်းမွှေး) ရေးသားသော" ပဥ္စလက်မြို့တော်" စိတ်ကူးယဥ်ဝတ္ထုတွင်ပါဝင်သော နေရာဒေသအမည်/ဇာတ်ဆောင်အမည်/ဇာတ်လမ်းပါအကြောင်းအရာများသည် ကျွန်မ၏ စိတ်ကူးယဥ်ဖန်တီးမှုများသပ်သပ်သာဖြစ်ပ...