ပဉ္စလက်မြို့တော်(၂၁)Uni

886 121 18
                                    

“မှတ်မိသွားပြီ … ငါ အားလုံးကို မှတ်မိသွားပြီ
ဟား… ဟား…ဟား… ဘာလို့များ
လောကကြီးမှာ  သံသရာစက်ဝန်းတပတ်ပြန်လည်ရလောက်အောင် ငါ့ ကံကြမ္မာက ဆန်းကြယ်လွန်းနေတာလဲ  …ဟား ဟား…”

ခြောက်ကပ်နေသော ဟားတိုက်ရယ်သံနှင့်အတူ လွန်လေခဲ့သော အတိတ်ဘဝရဲ့ မြင်ကွင်းတွေက ပြတ်သားစွာ ပေါ်လာသည့်။
အိမ်မက်တောင်ကုန်း၏ အမှတ်လက္ခဏာဖြစ်သော လေပြင်းပြင်းတို့သည်လဲ ပိုမိုသည်းထန်စွာ၊ ထီးတည်းသော သစ်ပင်အိုကြီးမှာလည်း လှုပ်ခါိယိမ်းနွဲ့လို့ အတိတ်ကို ပြန်လည်နိုးထစေနေသည်။ မျက်ရည်များဖြင့်ဝေဝါးနေသောကြောင့် ဘာကိုမှ သဲကွဲစွာ မမြင်ရတော့။ ပင်ပန်းလွန်းသည့်အတွက် ခြေနှစ်ချောင်းပင် မတ်မတ်မရပ်နိုင်။ မြက်ရိုင်းပင်တွေကြားထဲ ပြိုလဲလုလု ခန္ဓာကိုယ်အား ပစ်လှဲထိုင်ချလိုက်ရင်း အားရပါးရ
ငိုကြွေးနေမိသည်။

လေနှင့်အတူပါလာသော မွှေးရနံ့ချိုချိုကြောင့် စဝ်ခွန်ဟော်ခမ်း သူမအနားရောက်လာပြီဆိုတာ သိလိုက်ရသည်။ မုန်းလိုက်သည့် ရနံ့။ နန်းလုံးကြိုင်ပန်းရနံ့ရယ်ပါ။ ဟော်နန်းသခင်တွေ အတွက်အထူးစီမံထားသည့် နန်းလုံးကြိုင်ပန်းရနံ့အဆီ။
မှတ်မိတာပေါ့။ 

“မင်း …မင်း …အဆင်ပြေရဲ့လားဟင်”

မျက်ဝန်းထဲမှာ ပိတ်ဆို့ကာဆီးနေသည့် မျက်ရည်များကို အားရပါးရ သွန်ချပြီးမှ မော့ကြည့်လိုက်တော့ ဟိုးတုန်းက အတိုင်းမပြောင်းမလဲ တည်ရှိနေသည့် ရင့်ကျက်သော မျက်နှာတော်ရှင် ဟော်နန်းသခင်။
ချစ်သော လွယ်လုံရဲ့ သခင်။

“အားလုံးကို မှတ်မိသွားပြီ”

“ဘာ မင်းဘာကိုဆိုလိုတာလဲ ”

“သိချင်လားဟင် ကျွန်မဘယ်သူလဲဆိုတာ သိချင်လား ”

အငယ့် ပခုံးစွန်းကို ဖေးမထားသည့် တော်ဘုရားရဲ့လက်တွေ ပြုတ်ကျသွားသလို၊ ခပ်တွေတွေ မျက်ဝန်းမှာလည်း သောကရိပ်တွေ လွှမ်းသွားတာ မြင်လိုက်သည်။

“ဟိုးတုန်းက…”

“တော်တော့ ဟော်နန်းကိုပြန်ရအောင် ”

ပဉ္စလက်မြို့တော်(Normal)Nơi câu chuyện tồn tại. Hãy khám phá bây giờ