ပဉ္စလက်မြို့တော်(၁၃)Uni

1.1K 132 5
                                    

"ဒီနေရာကို လွယ်လုံလို့ခေါ်တယ် မင်းမနေ့ညက ရောက်လာတဲ့ စံအိမ်ဟာ တကယ်တော့ လွယ်လုံနယ်ရဲ့ ဟော်နန်း ကိုယ်က ဟော်နန်းရဲ့ သခင် စဝ်ခွန်ဟော်ခမ်း ပြီးတော့ ကိုယ့်နေရာကို ကိုယ့်မြို့၊ကိုယ့်ဒေသကလူတွေ၊ မြို့သူမြို့သားတွေက ကာကွယ်စောင့်ရှောက်တဲ့တခြားသူတွေရှိသေးတယ် သူတို့တွေကို အချိန်တန်ရင် မင်းတွေ့ရမှာပါ မော်ဆွန်ကပြောတယ် မင်းရဲ့ အတိတ်တစိတ်တဒေသက ဟောဒီ လွယ်လုံမြို့တော်နဲ့ ဆက်စပ်နေတယ်တဲ့ ကိုယ်ကလွဲလို့ အားလုံးက ထင်ကြတာက မင်းက ကိုယ့်ရဲ့ တချိန်က ပျောက်ဆုံးသွားတဲ့ မဟာဒေဝီတဲ့ ထားပါတော့လေ ဒါကအချိန်တန်ရင် အဖြေမှန်ကို သိရမှာပါ အခုမင်းလက်ခံထားရမဲ့ အကြောင်းအရာတချို့ရှိတယ် ပထမအချက်က မင်းမသေသေးဘူး မင်းက သာမာန်လူအနေနဲ့ ကိုယ်တို့နေရာကို ရောက်လာတဲ့ ဧည့်သည်တစ်ယောက်ပါ နောက်တစ်ချက်က မင်းရဲ့ ဆက်နွယ်မှုတစုံတရာကို ရေရေရာရာမသိရသေးမချင်း ကိုယ့်ရဲ့ ဧည့်သည်အဖြစ် ဘေးအန္တရာယ်ကင်းကင်း နဲ့ ဟော်နန်းမှာနေထိုင်နိုင်ပါတယ် နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ ဒီလွယ်လုံကနေ ပြသနာတွေအားလုံး အမြန်ဖြေရှင်းပြီး ထွက်သွားပါ ဒါမှ ဒါမှ....အဆင်ပြေမှာ"

ဖြစ်နိုင်လို့လားဟုတောင် မမေးဖြစ်ပါ။ တကယ့်ကို ရူးချင်စရာကောင်းတဲ့ အနေအထားကြီးပါ။ တနေကုန် ထပ်တလဲလဲ ပြန်ကြားယောင်နေတဲ့ တော်ဘုရားရဲ့ အသံ။ မော်ဆွန်ရဲ့ စကား၊ ကိုယ့်အိမ်မက်ထဲက မြင်ကွင်းတွေ ပင့်ကူအိမ်လို ရှုပ်ထွေးပြီး သပွတ်အူလို လည်ထွက်နေသည်။

"ဒေဝီ နေကောင်းရဲ့လားဟင် "

"မကောင်းဘူးထင်တယ် "

"ဟင် ဘာဖြစ်လို့ပါလဲ ဒေဝီ သမားတော်ခေါ်လိုက်မယ်လေ "

"မခေါ်ပါနဲ့ ဒေါ်ခမ်းနွဲ့ရယ် ကျွန်မနေမကောင်းတာမဟုတ်ပါဘူး ဒီတိုင်းပြောလိုက်တာပါ
ကျွန်မကို အဖော်လုပ်ပြီး စကားနဲနဲပြောပေးပါလားဟင် "

"ရတာပေါ့ ဒေဝီရဲ့ ခမ်းနွဲ့ငယ်ကဒေဝီနဲ့ အရင်လို စကားတွေ ပြန်ပြောရမယ့်အချိန်ကို နှစ်ပေါင်းရာကျော်စောင့်နေခဲ့တာ "

ပဉ္စလက်မြို့တော်(Normal)Donde viven las historias. Descúbrelo ahora