ပဉ္စလက်မြို့တော်(၁၄)Uni

1K 146 6
                                    

သင်းပျံ့ပျံ့ပန်းရနံက ကြိုင်လှောက်နေသော်လည်း ဘယ်နေရာက ရမှန်းမသိ။ အသက်တချက်ရှူလိုက်တိုင်း နှာသီးဝမှ တိုးဝှေ့လာသော ရနံ့ကို ပုံဖော်ကြည့်နေသည်။ဟော်နန်းမှာ အတွင်းအပြင်စိုက်ပျိုးထားသည့် ပန်းပင်များမှာ ဒီလောက်မွှေးကြိုင်စရာမရှိ။ အများစုက ရနံ့မရှိသည့်သစ်ခွပန်းတွေ။

အိပ်ယာပေါ်မှ အသာထပြီး အနောက်ဖက်ဝရံတာသို့သွားရာ တံခါးကိုဖွင့်လိုက်သည်။ ပိန်းပိတ်နေသော မြူထူထူက ဖုံးကွယ်ထားသဖြင့် ပတ်ဝန်းကျင်ကိုမမြင်ရ။ ဟော်နန်းအနောက်ဖက်မှာ စိုက်ပျိုးထားသော ဂျုံခင်းမှ လေတိုးသံ သဲ့သဲ့သာကြားရသည်။ အငယ်ရောက်နေသော ဒီနေရာသည် အင်မတန်မှ ရာသီဥတုက တဖက်သတ်ဆန်သည်။ တခါတရံ ကျစ်ကျစ်တောက်ပူသော နေရောင်ရတတ်ပြီး၊ တခါတရံတော့ တနေ့လုံးမြူတွေတိမ်တွေဆိုင်းကာ အုံ့မှိုင်းနေတတ်သည်။

ညအချိန်တွေမှာတော့ အရိုးခိုက်အောင်
အေးတတ်သည်။

ဒီနေရာကို ရောက်လာတာ အခုနဲ့ဆို ငါးရက်ပင်ရှိပြီ။ ဘာမှ မထူးခြားသေး။ ဟိုတနေ့က ခမ်းနွဲ့အပြစ်ပေးခံရပြီးကတည်းက အငယ် ဘယ်သူ့ကိုမှလဲ စကားမပြောချင်တော့ဘူး။ ပိုဆိုးတာက စဝ်ခွန်ဟော်ခမ်းနှင့်ပါ စကားမပြောချင်တော့ပါ။ သူနဲ့ မတွေ့အောင် ရှေင်နေပေမယ့် မဖြစ်နိုင်တဲ့ အဆုံးမှာ တနေကုန် အိမ်မက်တောင်ကုန်းဆီသို့သာ သွားနေခဲ့သည်။ မနက်လင်းတာနဲ့ ခမ်းနွဲ့ စီစဥ်ပေးသည့် မြင်းယူကာ အိမ်မက်တောင်ကုန်းသို့သာသွားနေပြီး ညနေနေဝင်ချိန်မှ ဟော်နန်းကို ပြန်လာလေ့ရှိသည်။ ကိုယ့်ဘာသာကို ရှာဖွေပါလဲပြောသေးတယ် သိတဲ့မှီတဲ့သူတွေကို မေးတော့လည်း မဖြစ် စဝ်ခွန်ဟော်ခမ်း ရှင် ဘာဖြစ်ချင်နေတာလဲ။

"ဒေဝီ နိုးပြီလား "

"အင်း"

"မျက်နှာသစ်ရေ ခံပြီးပြီိလား ဒေဝီ"

"အင်း"

"ဟိုဒေဝီ မနက်စာသုံးဆောင်တော့မလား"

"အင်း "

ပဉ္စလက်မြို့တော်(Normal)Tempat cerita menjadi hidup. Temukan sekarang