ကွန်ပျူတာမျက်နှာပြင်ပေါ်မှာပေါ်လာသည့် စာလုံးသေးသေးကွေးကွေးလေးများကို အာရုံစိုက်ဖတ်ရန်အတွက် နှာရိုးပေါ်ခပ်လျော့လျော့ကျနေသည့် မျက်မှန်ကို ပြန်ပင့်တင်လိုက်သည်။
"လွယ်လုံနယ်သည် ရှမ်းပြည်တောင်ပိုင်းတွင် တောင်ဘက်အစွန်ဆုံးကျသော နယ်မြေဖြစ်သည် မြေလတ်ခရိုင်
နယ်ထဲတွင်ပါဝင်သည်.....""...မေလ ၁၉ ရက် နေ့လည် ၁နာရီ ကျော်က လေပြင်းတိုက်ခိုက်မှုကြောင့် နှစ် ၁၀၀ ကျော် သက်တမ်းရှိ ပင်လောင်း ဟော်နန်း ပြိုကျ ပျက်စီး"
"အဆိုပါဟော်နန်းမှာ ရှမ်းစော်ဘွားနယ်မြေ ၃၃ ခုတွင် ပါ၀င်ခဲ့ပြီး ပင်လောင်းစော်ဘွား နေထိုင်စံမြန်းခဲ့တဲ့နေရာဖြစ်....."
မေလ၁၉ရက်ဆိုပါလား
မှတ်မှတ်ရရ အငယ်ဆေးရုံဆင်းတဲ့နေ့က မေလ ၂၀ရက်နေ့ပါ။ အဲ့ဒီမတိုင်ခင်တစ်ရက် မေလ ၁၉ရက် နေ့ခင်းချိန်လောက်က ပြန်သတိရလာခဲ့တာ။ ဒါဟာ တိုက်ဆိုင်မှုလား သို့မဟုတ် ဖြစ်ပျက်ခဲ့သမျှသည် အိမ်မက်သပ်သပ်လား။ နောက်ထပ် စာလုံးလေးလုံးကို ရိုက်ထည့်ကာ ရှာဖွေကြည့်သည်။ မတွေ့ဆို ဘာမှနီးစပ်တာမတွေ့။သူမရှာဖွေလိုက်သည့် နာမည်ပိုင်ရှင် လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ အမည်နာမ၊ ရုပ်ပုံတခုတလေမှမတွေ့ရ။
"စဝ်ခွန်ဟော်ခမ်း
တော်ဘုရားစဝ်ခွန်ဟော်ခမ်း "နောက်ထပ်အပြန်ပြန်အလှန်လှန်ရှာကြည့်သော်လည်း မတွေ့ရ။ ဒါဆို တကယ်မရှိသည့်လူလား။ ပင်လောင်းခေါ် လွယ်လုံကိုအုပ်စိုးခဲ့သူစော်ဘွားအဆက်ဆက်၏နာမည်တွင် စဝ်ခွန်ဟော်ခမ်းရဲ့အမည်မပါဝင်။ ကြင်ယာတော် စဝ်နန်းဒေဝီဆိုတာလဲမရှိ။
"ဘာတွေလဲ ငါတကယ်
ရူးများသွားပြီလား "အတွေးတို့ယောက်ယက်ခတ်နေဆဲ....
ရင်ဘတ်ထဲကလည်း နာကျင်နေဆဲ...
အိမ်မက်လို့ခေါ်ရမလား ၊ စိတ်ကူးယဥ်မှုလို့ပဲသတ်မှတ်ရမလား မသိသည့် ဖြစ်ရပ်တွေက အာရုံထဲပြန်လည်မြင်ယောင်လာသည်။တထီးတည်းရှိနေသည့်အိမ်မက်တောင်ကုန်းပေါ်က အပင်အိုကြီး၊ နန်းမုံးချောင်းထဲက ပန်းပွင့်ဖြူများ၊ နေကြာပန်းရိုင်းတို့ဖုံးလွှမ်းနေသည့်လွယ်မောင်းတောင်၊မြူခိုးတွေ တိမ်စိုင်တွေ ဝိုင်းနေသည့် လွယ်လုံဟော်နန်းကြီး၊ သင်းပျံ့မွှေးကြိုင်နေသည့် ဆောင်တော်ကူးပန်းတွေရှိသည့် ဝရံတာမှာရပ်ပြီး အပြုံးနှင့်ကြိုဆိုနေသည့် တော်ဘုရားစဝ်ခွန်ဟော်ခမ်း ...
ထိုအရာအားလုံးဟာ သူမဘဝမှာ ထာဝရပိုင်ဆိုင်ချင်သော သံသရာစက်ဝန်းတဖက်က အမှတ်တရတွေပါ။

أنت تقرأ
ပဉ္စလက်မြို့တော်(Normal)
أدب تاريخي🌲 ရှမ်းတောင်တန်းကိုအခြေပြုသော လွမ်းမောဖွယ် ပုံပြင်တစ်ပုဒ်🌲 ဝန်ခံချက်-ကျွန်မ (တတိုင်းမွှေး) ရေးသားသော" ပဥ္စလက်မြို့တော်" စိတ်ကူးယဥ်ဝတ္ထုတွင်ပါဝင်သော နေရာဒေသအမည်/ဇာတ်ဆောင်အမည်/ဇာတ်လမ်းပါအကြောင်းအရာများသည် ကျွန်မ၏ စိတ်ကူးယဥ်ဖန်တီးမှုများသပ်သပ်သာဖြစ်ပ...