ပဉ္စလက်မြို့တော်(၂၂)Uni

879 111 3
                                    

နှာသီးဖျားမှ ဝင်လာသော လေအေးတချက်ကို သတိပြုပြီး ရူသွင်းလိုက်ပါသော်လည်း ၊ တဖန်ပြန်ပြီး တိုးဝေ့သော ထွက်လေတို့ကား အာရုံပြု၍ မရပါ။ နောက်ဆုံး ဘယ်လိုမှ မတတ်နိုင် … ပိတ်ထားသော မျက်လုံးတွေကို ဖွင့်ကြည့်လိုက်မိတော့ ရှေ့က ကျောင်းဆောင်မှာ စံနေတော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးတွေ့ရသည်။ စကြာဝဠာတခွင်အား မေတ္တာတော်ဖြန့်နေဟန် အေးချမ်းလှသော မုဒြာတော်ဖြင့် ထုလုပ်ထားသော ဟော်နန်းဘုရားဦးခန်းမှ  သုံးလောက အရှင်အား
စဝ်ခွန်ဟော်ခမ်း ရင်မဆိုင်ရဲ မဖူးမြော်ရဲပါ။

“သတိ အသိ အာရုံပြုပါ တော်ဘုရား ”

“ဘယ်လိုလုပ် ရ မှာလဲ မော်ဆွန်ရယ်
ဖြစ်ခဲ့တာတွေက ယုံနိုင်စရာမှ မရှိတာ ”

“တော်ဘုရားက သံသရာဆိုတာ၊ ဇာတိဿရဉာဏ်ဆိုတာကို ယုံပါရဲ့နဲ့  ဘယ်အရာကိုများ စိတ်မကြည်မလင်ဖြစ်နေတာပါလဲ ”

“ဟင်း…ခက်တယ် …ခက်တယ်… မော်ဆွန်သိရဲ့လား ကျိန်စာအကြောင်း ”

“သိပါရဲ့တော်ဘုရား ဘယ်လိုစီရင်မတုန်း ”

အဖြေမပေးနိုင်ပါ။ ဖြစ်လာသမျှအကျိုးမှာ ကိုယ်တိုင်ပြုမိခဲ့သော အကြောင်းအရာများလည်း ပါဝင်ခဲ့သည်မဟုတ်လော။ သူရယ် ဆေဝ်ရယ် နှစ်ယောက်လုံး ဟောဒီလွယ်လုံမှာ သွေးမြေကျပါမှ ရပ်တန့်နေသောသံသရာ ပြန်လည်စီးမျှောကြမည်တဲ့။ ဒေဝီရယ် မင်းကရော ဘယ်ရောက်နေပါလိမ့်။ ကိုယ်တို့နှစ်ယောက်ရဲ့ သွေးမြေကျတာကို မင်း ပျော်ပျော်ကြီး ကြည့်ဖို့ တခေါက်ပြန်လာခဲ့ဦးမှာ မဟုတ်လား။

“မော်ဆွန် ”

“ဘုရား မိန့်ပါ”

“ဒေဝီရော ပြန်လာပြီလား ရှာပါ တွေ့အောင်ရှာပါ အချိန်တန်ရင် အားလုံးပြန်ရောက်မယ်မဟုတ်လား”

“ဘယ်လိုရှာရမလဲတော်ဘုရားရယ် ခွန်ဆေဝ်တုန်းကတော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပေမယ့် …”

“မဟုတ်ဘူး နေဦး ခမ်းနွဲ့နဲ့ ခွန်မှိုင်းသိနေတယ် ဆေဝ် ဘယ်လိုရောက်လာတယ်ဆိုတာ သူတို့ကို မေးရမယ် ”

ပဉ္စလက်မြို့တော်(Normal)Wo Geschichten leben. Entdecke jetzt