ပဥ္စလက်မြို့တော်(၁၆)Uni

926 133 6
                                    

“ဝိုး လှလိုက်တာ  ဟိုမှာ ရေပြင်ကြီးပါလား”

“ဖြေးဖြေးသွား ”

“ဒီနေရာ ဒီလောက်တောင်လှတာ ရှင်ကျွန်မကို ဘာလို့ စောစောခေါ်မလာတာလဲ ”

“ကဲ ဘယ်သူက နေ့တိုင်းအိမ်မက်တောင်ကုန်းကိုပဲ သွားခိုင်းနေလို့လဲ”

“ဟုတ်သား ”

တောင်တန်းတွေကာရံထားသည့် မြို့မို့လို့ ပတ်ပတ်လည်မှာ စိမ်းညို့ညို့တောင်တန်းကြီးတွေသာ မြင်ရသည်။ ထိုအထဲမှာ အမြင့် ဆုံးတောင်ဖြစ်ဟန်တူသည့် တောင်ထိပ်ပေါ်သို့ရောက်နေခြင်းဖြစ်သည်။ မတ်စောက်ပြီး မြင့်မားသည့်တောင်ပေါ်တွင်  လတ်ဆတ်သော တောပန်းရနံ့ကြောင့်ပိုမိုလန်းဆန်းစေသည်။ တောင်ပေါ်ကနေ တမြို့လုံးကို ကြည့်ရှုနိုင်သည်။ တောင်တန်းတွေကြားက လှမ်းမြင်ရသော ရေပြင်ကျယ်ကြီးတစ်ခုကိုလဲ ထူးဆန်းစွာတွေ့ရသည်။

“အဲ့တာ ဖယ်ခုံအင်းလေ ဒီနေ့ကရာသီဥတုကောင်းလို့မြင်ရတာ ပုံမှန်ဆိုမြူတွေဆိုင်းနေရင် ဘာမှမမြင်ရဘူး ”

“အဲ့ဒီကို သွားလို့ရမလားဟင်”

“အင်း တနေ့တော့ ကိုယ်တို့သွားကြတာပေါ့”

တောင်ပေါ်တစ်လျှောက် ဟိုဟိုဒီဒီသွားကြည့်နေရတာကိုပင် ပျော်စရာကောင်းလှသည်။ ငြိမ်ငြိမ်မနေတဲ့ အငယ့်ကို မျက်စိနောက်နေပြီလားမသိ။ ခမ်းနွဲ့နှင့် အထိန်းတော်တွေ ကိုယ်ရံတော်တွေ လည်း မပါဘဲ သွားလာရတာမို့ လွတ်လပ်ပေါ့ပါးလှသည်။ တော်ဘုရား စဝ်ခွန်ဟော်ခမ်းတစ်ယောက် ဒီနေ့တော့ သဘောကောင်းနေသလိုပဲ။

“ဒီတောင်ရဲ့ နာမည်ကို ဘယ်လိုခေါ်လဲဟင်”

ပြန်မဖြေသေးဘဲ ရှေ့ဆက်လျှောက်သွားသည့်နေရာက ပျဥ်းမပင်ကြီးတစ်ပင်အောက်သို့။  အငယ့်ကို လက်ယက်ခေါ်ကာ ထိုင်ဖို့အချက်ပြသည်။ လေတဖြူးဖြူးတိုက်နေသော တောင်ပေါ်က ပျဥ်းမပင်အောက်မှာ
အတူယှဥ်တွဲထိုင်မိကြသည်။

ပဉ္စလက်မြို့တော်(Normal)Donde viven las historias. Descúbrelo ahora