…တကယ်လို့များ မင်းပြန်သွားဖြစ်မယ်ဆိုရင် ကိုယ့်ကို မေ့သွားမှာပေါ့နော်…
…ဖြစ်နိုင်ပါ့မလား…နှစ်တရာကျော်တာတောင်… အရောက်ပြန်လာနိုင်ခဲ့သေးတာပဲ …ဘယ်လိုမေ့ပါ့မလဲ… ကိုယ်
တကယ် ဝမ်းသာတယ်.… မင်းကိုတွေ့ဆုံ…“ရှင် အဆင်ပြေရဲ့လား”
“ဟင် …အင်း …ကိုယ်အိမ်မက်မက်နေတာထင်တယ် ဒါနဲ့ မင်းဘာလို့ ဒီကိုရောက်နေတာလဲ
ကိုယ်ဘာလုပ်ပေးရမလဲ ”“ဒီနေ့က လဆန်းရက်လေ ညီလာခံကျင်းပရမဲ့ နေ့လေ ရှင်ဘာမှမပြင်ဆင်ဘူးလား”
တကယ်ပဲ သူ့ရှေ့မှာရှိနေသည့် မိန်းကလေးအဖြစ်မှ အရင်ဘဝက သူ့တပ်မှူး ခွန်ဆေဝ်အဖြစ်ကို ပြောင်းသွားသလိုပင်။ အကုန်မှတ်မိနေတော့တာပဲလား…
“ရှင်ပြောပါဦး အရင်လို မဟုတ်ပဲ
ဟော်နန်းမှာ ဘာတွေပြောင်းလဲသွားသေးလဲဟင် ”“အများကြီးပေါ့ တကယ်တော့ ပြောင်းလဲသွားတာမဟုတ်ဘူး ရပ်တန့်သွားတာပါ ပြောရရင်… အာ့… ကျွစ် ကျွစ် ”
တညလုံး စာကြည့်ခန်းမှာ စာဖတ်ရင်း အိပ်ပျော်သွားတာမို့ တကိုယ်လုံးနာကျင်ကိုက်ခဲနေသည်။ စကားပြောရင်း ထိုင်ခုံပေါ်မှ အနေအထားပြောင်းလိုက်ရာ လက်ကအဆင်မသင့်လို့ နာသွားသည်။
“ဘာဖြစ်လို့ အိပ်ဆောင်မသွားဘဲနဲ့ ဒီမှာနေရတာလဲ လာ နှိပ်ပေးမယ် ”
“ကျေးဇူး ”
နာသွားသော လက်ပြင်နေရာကို ဖွဖွလေးလာနှိပ်ပေးသည့် လက်တစုံရဲ့ အထိအတွေ့က ဟိုးတုန်းကနဲ့ လုံးဝကွာခြားသွားပြီ။ ဓါးကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်သော တပ်မှုးတစ်ယောက်ရဲ့ လက်နှင့် ချောမောသည့် မိန်းမငယ်လေးရဲ့ နူးညံ့သော လက်အစုံရဲ့ ကွာခြားမှုက စဝ်ခွန်ဟော်ခမ်းကို စိတ်ရှုပ်ထွေးစေသည်။
“ ဒါနဲ့လေ မင်းနာမည် ဘယ်လိုခေါ်လဲဟင် ဟိုတခါပြောတာတော့ အသေးလေး ဆိုလား”
“ဟမ် ဘယ့်နဲ့ လူနာမည်က အဲ့လိုဖြစ်ပါ့မလား နှစ်တရာကျော်အသက်ရှင်လာရတာဆိုတော့ မှတ်ဥာဏ်မကောင်းတော့ဘူးလား အငယ်လို့ခေါ်တယ် ညီအစ်မနှစ်ယောက်ရှိတယ်လေ ကျွန်မကအငယ်ဆုံးမို့ ချစ်စနိုးခေါ်ရင်း အဲ့လိုဖြစ်သွားတာ ”
STAI LEGGENDO
ပဉ္စလက်မြို့တော်(Normal)
Narrativa Storica🌲 ရှမ်းတောင်တန်းကိုအခြေပြုသော လွမ်းမောဖွယ် ပုံပြင်တစ်ပုဒ်🌲 ဝန်ခံချက်-ကျွန်မ (တတိုင်းမွှေး) ရေးသားသော" ပဥ္စလက်မြို့တော်" စိတ်ကူးယဥ်ဝတ္ထုတွင်ပါဝင်သော နေရာဒေသအမည်/ဇာတ်ဆောင်အမည်/ဇာတ်လမ်းပါအကြောင်းအရာများသည် ကျွန်မ၏ စိတ်ကူးယဥ်ဖန်တီးမှုများသပ်သပ်သာဖြစ်ပ...