ပဉ္စလက်မြို့တော်(၁၅)Uni

1K 135 12
                                    

တကယ်ပါလူကြားထဲဆို မနေတတ်မထိုင်တတ်ဖြစ်ရတဲ့ အကျင့်ကို ဟိုဖက်ဘဝမှာကတည်းက ပြင်ခဲ့ရမှာ။ အခုတော့ဖြင့် လှလှလေးပြင်ထားပြီး မျက်နှာကို ရဲရဲမပြဝံ့။နည်းတဲ့လူအုပ်ကြီးလား ရှိနေတာ တမြို့လုံးက လူတွေလာစုနေကြတယ်ထင်သည်။

"ဒေါ်ခမ်းနွဲ့"

"ရှင်ဒေဝီ ဘာလို့လဲ "

"တခုခုပေးစမ်းပါ ပုဝါဖြစ်ဖြစ် ထီးဖြစ်ဖြစ် "

"ရှင် ဘာလို့လဲ ဒေဝီ "

"မသိဘူး တခုခုတော့ ရအောင်ရှာပေး "

"ဟုတ် ဟုတ်ကဲ့ပါ ဒေဝီ"

ရေးကြီးသုတ်ပျာနှင့် နောက်ကို ပြန်သွားသော ဒေါ်ခမ်းနွဲ့ကိုသာ အားကိုးရတော့မည်။ ဒီတိုင်းသွားရရင်တော့ လမ်းဖြောင့်ဖြောင့်လျှောက်ရမှာ မဟုတ်။ လူတွေ လူတွေဆိုတာ ကြည့်နေလိုက်တာများ အငယ့်တကိုယ်လုံး ပြာကျလောက်သည်။ တကယ့်ကို စူးစူးစိုက်စိုက်ကြည့်နေကြတာ
အလွန်ကို ထင်ရှားသည်။

နားမလည်သော စကားတွေနှင့် အငယ့်ကို လက်ညိုးထိုးပြီး ပြောနေကြတာ။ သိပ်ရိုးသား ပွင့်လင်းတယ်ဆိုပေမယ့် အနေခက်ရသည်။ ဒီနေ့က ဒေါ်ခမ်းနွဲ့ပြောပုံအရဆို ရိုးရာ ဝါတွင်းကာလ ကျောင်းတက်ပွဲနေ့ဟု သိရသည်။ အကြီးအကဲဖြစ်သော ဟော်နန်းရှင်က အဦးဆုံး သွားရောက်ဂါရဝပြုပြီးမှ ကျန်သာမန်ပြည်သူများမှ သင့်သလို ဆင်နွှဲကြရသည်ဟုဆိုသည်။

သာမန်နေ့များနှင့် မတူထူးခြားစွာဆင်ယင်ပြီးမှ ဘုန်းကြီးကျောင်းသို့ လာကြသည်ဆို သော်လည်း သူတို့အားလုံး၏ထူးခြားမှုမှာ ရုပ်ပိုင်းဆိုင်ရာ အပြင်အဆင် သပ်သပ်မဟုတ်ပဲ သူတို့ယူလာသော လှူဒါန်းဖွယ်ပစ္စည်းများမှာ ထူးကဲသာလွန်နေသည်။

ဟော်နန်းမှ ထွက်လာစဥ်က အလုံပိတ်လှည်းပေါ်မှာလိုက်လာခဲ့တာမို့ အဆင်ပြေသော်လည်း ဘုန်းကြီးကျောင်းသို့သွားရာ တောင်ပေါ်လမ်းတွင်တော့ တော်ဘုရားကိုယ်တိုင်က လမ်းဆင်းလျှောက်တာမို့ သူတို့လဲ ထို့အတူ။ ကိုယ်ရံတော်များခြံရံကာ ရှေ့ကနေသွားနေသော တော်ဘုရားကတော့ သက်တောင့်သက်သာနှင့် ခန့်ညားလှသည်။

ပဉ္စလက်မြို့တော်(Normal)Opowieści tętniące życiem. Odkryj je teraz