ပဉ္စလက်မြို့တော်(၂၀)Uni

918 131 7
                                    

“ခွန်ဆေဝ် အခုဆို မင်းနဲ့ငါက ညီနောင်တွေဖြစ်သွားပြီ ဟုတ်ရဲ့မလား ”

“ဟုတ်ပါတယ် ကျမိုင်းက အကျွန့်ရဲ့ အမြဲတမ်း နောင်တော်ပါဘဲ”

“  မဟုတ်ဘူး မင်းက ငါ့ထက် ၁၅ရက်တောင် ကြီးတယ် ဒါကြောင့်မင်းက ငါ့နောင်တော်လုပ် ဟုတ်ပြီလား ”

“သေချာလား  ကျမိုင်း အကျွန့်က အဲ့လို့ဆို ညီတော်လို့ခေါ်လို့ရလား ”

“မရဘူး”

“ဟင် ဘထွေးတော် ”

“မွေးစားအဖေ”

“ကလေးနှစ်ယောက်လုံးကို ပြောစရာရှိတယ် လာလာ ဘထွေးဆီလာခဲ့ ”

“အခုဆိုရင် ခွန်ဆေဝ်က ဘထွေးတော်ရဲ့ မွေးစားသားဖြစ်သွားပြီမို့လို့  ဆွေမျိုးစပ်ရင်  ကျမိုင်းလေးနဲ့ ခွန်ဆေဝ်က ညီနောင်တော်ချင်တော်နိုင်တယ် သို့ပေမယ့် ဘယ်တော့မှ အဲ့လိုမဖြစ်နိုင်ဘူး ကျမိုင်းက အရှင်သခင် ခွန်ဆေဝ်ကတော့ အမတ် ဟုတ်ပြီလား ဒါဘယ်တော့မှ မပြောင်းလဲဘူး ဒါကြောင့်…… အားလုံးကိုယ့်နေရာနဲ့ကိုယ်နေကြ.....”

“နာခံပါ့မယ် မွေးစားအ​ဖေ”

“ဟုတ်ကဲ့ပါ ဘထွေးတော်”

သို့သော် ……………

“ခွန်ဆေဝ်လာ သွားကြစို့
မီးပုံးသွားလွှတ်ကြစို့ လသာတယ်”

“လာသွားမယ် ဒီတခါ
အနိုင်မပေးတော့ဘူးနော် ”

“စိန်လိုက်လေကွာ မင်းနဲ့ငါ ပြိုင်ကြမယ်”

ကောင်းကင်ပေါ်ကို လေနှင့်အတူ ပျံတက်သွားသည့် စက္ကူမီးပုံ ငယ်လေးတွေနဲ့ အပြိုင် ကလေးနှစ်ယောက်ကလည်း အပြိုင်အဆိုင် ခုန်ပေါက်ရွှင်မြူးလို့။  သူတို့နှစ်ယောက်ကြားမှာ ဘယ်အရာကမှ အတားအဆီးမဖြစ်ခဲ့ဘူးထင်ရဲ့။

မီးစာများ တောက်လောင်နေသော မီးပုံပျံတစ်ခုမှ   ရုတ်တရက်ပေါက်ကွဲထွက်လာသော မီးတောက်ကြီးတခု။ အရှိန်ပြင်းလွန်းလို့ ပတ်ဝန်းကျင်တစ်ခုလုံး  လင်းထိန်သွားသည်။ ပြီးတော့  တသီတသန်းထွက်လာသော မီးခိုးမြူများက ပိတ်လှောင်နေသည်။

“ကျမိုင်း…ကျမိုင်း… ဘယ်မှာလဲဟင် ”

“ဆေဝ် ဆေဝ် ခွန်ဆေဝ် ငါဒီမှာ 
မင်းဘယ်ရောက်နေလဲ”

ပဉ္စလက်မြို့တော်(Normal)حيث تعيش القصص. اكتشف الآن