ပဉ္စလက်မြို့တော်(၂၇)Uni

868 112 2
                                    

တကယ်လို့ စန္ဒာ နန်းမုံးချောင်းမှာတွေ့ခဲ့တဲ့ အမျိုးသမီးရဲ့ ကလေးက ဒီနေရာကို နောက်ရောက်လာမယ့်  ဧည့်သည်ဆိုရင်
ရှေ့လျှောက်ဘာတွေဆက်ဖြစ်လာနိုင်မလဲ။ သေချာတာတစ်ခုကတော့ သူနဲ့ စန္ဒာနဲ့ ခွဲခွာရတော့မယ်ဆိုတာပင်။အားလုံးကို လျစ်လျူရှုပြီး သံသရာအဆက်ဆက်ထွက်ပြေးနေခြင်းနှင့် ခွဲခွာရမလား ကျိန်စာတွေအားလုံးအဆုံးသတ်ပြီး သေကွဲခွဲခွာရမလားဆိုတဲ့  နည်းလမ်း၂ခုလုံးကသေချာလျှက်ရှိနေသည်။ 

“ကလေးပဲရှိဦးမှာပေါ့နော် …တကယ်လို့”

“ကိုယ်တို့မသေချာသေးပါဘူး
သူဟုတ်မဟုတ်ဆိုတာ”

“အဲ့ဒီကလေးဟာ ဒေဝီဝင်စားတယ်ဆိုရင်သိပ်ကောင်းမှာပဲ”

တွေဝေမှုတစုံတရာမရှိဘဲပြောနေတဲ့ သူမကို ဝမ်းနည်းစွာငေးကြည့်နေရုံသာတတ်နိုင်သည်။လာပါလို့ဖိတ်ခေါ်ခဲ့တာမဟုတ်လေတော့  ထွက်သွားမယ်ဆိုရင်လည်းတားခွင့်မရှိသူပါ။တကယ်ဆို ရပ်တန့်နေတဲ့ သူ့လောကကြီးမှာ စန္ဒာမေဆိုတဲ့ သူမဟာ ခတ္တခဏသာ မြင်တွေ့ခွင့်ရလိုက်တဲ့ မိုးကြိုးလျှပ်ရောင်ပမာ။ ဆိုးရွားလွန်းတဲ့ အတိတ်ကအပြစ်ကြွေးတွေ အတွက် ဒီဘဝမှာလဲ သေကွဲကွဲရဦးမှာလား။

ဟော်နန်းလသဆောင်ရဲ့ အမိုးစွန်းကနေ တစက်စက်ကျလာတဲ့ နှင်းရည်စက်ကလေးများကို လက်ဖဝါးဖြင့်ခံကာ သဘောကျနေသည့်
ထိုမိန်းကလေးကို ဖြစ်နိုင်ရင်
သူ့ဘေးနားမှာ
အတင်းဆွဲခေါ်ထားချင်သည်။

“ဟော မိုးရွာလာပြီ …ကြည့်စမ်းပါဦး…အို ရုတ်တရက်ပဲ”

“ဟုတ်ပါ့ …”

ဗြုန်းဒိုင်းနှင့် သဲသဲမဲမဲရွာချလိုက်သော မိုးကြောင့် စဝ်ခွန်ဟော်ခမ်းပါ အံ့သြသွားသည်။ လွယ်လုံမှာ မိုးရွာသည့်အချိန်က သိပ်မရှိ။အမြဲလိုလို တိမ်တွေမြူတွေဆိုင်းနေတတ်သော်လည်း မိုးရွာသည့်အချိန်မရှိသလောက်ရှားသည်။ တခါတလေမှသာ အခုလို သဲသဲမဲမဲရွာလေ့ရှိသည်။

“ရှင်သိလား မိုးရွာရင် မန္တလေးက…ဟိုဒင်း ရတနာပုံကိုပြောတာ သိပ်လှတာ မိုးရေတွေကြားထဲမှာ ကျုံးဘေးမှာ လမ်းလျှောက်ရတာသိပ်ကောင်း မဟုတ်ရင်လည်း မိုးရေထဲ ဆိုင်ကယ်ပတ်စီးရတာလဲ
သိပ်ပျော်စရာကောင်းတာ ”

ပဉ္စလက်မြို့တော်(Normal)Opowieści tętniące życiem. Odkryj je teraz