“ဒေဝီ ထပါတော့ မိုးသောက်နေပြီ”
ကျိန်းစပ်နေသည့် မျက်လုံးကို ပြုးပြဲကြည့်မိတော့ ကြက်သွေးရောင် အိပ်ယာခင်းနှင့် အနားမှာ ရပ်နေသော ဒေါ်ခမ်းနွဲ့။
“ဟင် အင်း.. ငါဒီမှာရှိနေတုန်းလား”
“ရှင် ဒေဝီဘာပြောတာလဲ ”
“အော် ဘာမှမဟုတ်တော့ပါဘူး ”
“ကိုယ်လက်သန့်စင်ဖို့ ပြင်ဆင်ထားပါတယ် အနောက်ခန်းထဲမှာပါ ”
အိပ်ခန်းနှင့်တဆက်တည်းရှိနေသည့် အခန်းငယ်သို့ လက်ညိုးထိုးပြသည်။
“နေပါဦး ဒါတွေက တကယ်ဖြစ်နေတာလား”
“ဒေဝီ မြန်မြန်လုပ်ရပါမယ် တော်ဘုရားက မနက်ခင်းညီလာခံ ပြီးရင် ဒေဝီနှင့် နံနက်စာ သုံးဆောင်ဖို့စီစဉ်ထားပါတယ် နောက်ကျလို့မဖြစ်ပါဘူး”
ဟုတ်သားပဲ ညကလည်း ဘာမှမစားထားတာဆိုတော့ မနက်စာလို့ပြောကတည်းက ဗိုက်ကဆာလှပြီ။ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲဝင်လိုက်တော့ အံ့သြသွားရသည်။ မျှော်လင့်ထားတာထက်ပိုကောင်းသော အသုံးအဆောင်ပစ္စည်းများက ကြိုနေသည်။
ထင်းရှူးသားရေချိုးကန်ငယ် တခုတွင် အငွေ့ထနေတာ ရေနွေးထည့်ထားလို့ဖြစ်ရမည်။ ကိုင်ကြည့်လိုက်တော့ ထင်သည့်အတိုင်းပင် နွေးနေတာပဲ။ အမည်မသိ ပန်းပွင့်ဖတ်များပင် စိမ်လို့ထားသည်။ အနားတွင် ဝါးနှင့်ရက်ထားသည့် ဗန်းငယ်တခု၊ အဝါနုရောင် အခဲငယ်လေးများထည့်ထားသည်။ ယူကြည့်လိုက်တော့ ပျားအုံပုံစံ အကွက်ငယ်များဖြင့် ပုံဖော်ထားသည့် ဆပ်ပြာခဲထင်ပါရဲ့။အနံ့ကတော့ သင်းပျံ့သော်လည်း ဘာရနံ့မှန်း
ခွဲမရ။“ဒေဝီ”
“အမေ့ လန့်လိုက်တာ”
“တောင်းပန်ပါတယ်ဒေဝီ ကျွန်မက ဒေဝီအတွက် ခံတွင်းသန့်ဆေးလာပေးတာပါ”
“ဘာရယ် ခံတွင်းသန့်ဆေးဟုတ်လား”
“ဟုတ်ပါတယ် ”
ESTÁS LEYENDO
ပဉ္စလက်မြို့တော်(Normal)
Ficción histórica🌲 ရှမ်းတောင်တန်းကိုအခြေပြုသော လွမ်းမောဖွယ် ပုံပြင်တစ်ပုဒ်🌲 ဝန်ခံချက်-ကျွန်မ (တတိုင်းမွှေး) ရေးသားသော" ပဥ္စလက်မြို့တော်" စိတ်ကူးယဥ်ဝတ္ထုတွင်ပါဝင်သော နေရာဒေသအမည်/ဇာတ်ဆောင်အမည်/ဇာတ်လမ်းပါအကြောင်းအရာများသည် ကျွန်မ၏ စိတ်ကူးယဥ်ဖန်တီးမှုများသပ်သပ်သာဖြစ်ပ...